International News

ကပ်ရောဂါဖြစ်စဉ်ကြောင့် ပေါ်ပေါ်လာနိုင်သည့် ရှေ့အလားအလာ ရေစီးကြောင်းများ

Last Updated:

ကမ္ဘာလုံးဆိုင်ရာပြောင်းပြန်ဖြစ်ပေါ်မှု (Reverse globalization)၊ ဒီဂျစ်တယ်ကူးပြောင်းမှု (Digital takeover)၊Big Data အသုံးပြုမှုမြင့်တက်လာခြင်း၊ ခပ်ခွာခွာနေထိုင်မှု (social distancing)၊ ကျန်းမာရေးနှင့်ကျန်းမာရေးကောင်းမွန်မှု (Health and wellness) တို့သည် ကပ်ရောဂါအပြီးတွင် ခေတ်စားလာမည့် အလားအလာအကောင်းဆုံး ရေစီးကြောင်းအသစ်များ ဖြစ်လာနိုင်သည်ဟု ထိပ်တန်းဈေးကွက် ရှာဖွေရေးနှင့် မီဒီယာကွန်ယက်တစ်ခုဖြစ်သည့် Mindshare  က ပြောကြားပါသည်။

Mindshare Thailand ၏ မဟာဗျူဟာရေးဆွဲရေး ညွှန်ကြားရေးမှူး Natha Piyavirojsthien က မိမိတို့အနေဖြင့် ကပ်ရောဂါအပြီးတွင် စားသုံးသူများ၏ အပြုအမူ အပြောင်း အလဲများကို မြင်တွေ့နေရသည်ဟု ပြောကြားခဲ့ပါသည်။ ကုန်အမှတ်တံဆိပ်(Brands)များ အနေ ဖြင့် ယခု ရှေ့အလားအလာ ရေစီးကြောင်းသစ်အတွက် တာဝန်ယူရန်နှင့် ၎င်းတို့၏ ဖောက်သည်များထံ ချဉ်းကပ်ရန်  ၎င်းတို့၏ ဆက်သွရေး မဟာဗျူဟာများကိုမြှင့်တင်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်၍ ပြောကြားခဲ့ပါသည်။

မိမိတို့အနေဖြင့် ကပ်ရောဂါပြီးသည့်နောက် ပေါ်ထွက်လာနိုင်မည့် ရှေ့အလားအလာ ရေစီးကြောင်းသစ် (၇) ခုကို မျှော်မှန်းထားကြောင်း၊ ပထမတစ်ခုမှာ ကမ္ဘာလုံး ဆိုင်ရာပြောင်းပြန်ဖြစ်ပေါ်မှု (reverse globalization) ဖြစ်ကြောင်း၊ ၎င်းတွင် နိုင်ငံများအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကွင်းဆက် (global supply chain) နှင့် ထုတ်လုပ်မှုတို့၏ အပြန်အလှန်မှီခိုဆက်နွယ်မှု (interdependence of production) တို့ဖြစ်ကြောင်း၊ အချို့သော ကုန်ပစ္စည်းပေးသွင်းသူများက ၎င်းတို့သည် လုပ်ငန်းခွင်တစ်ခုလုံးကို ဒိုမီနိုကဲ့သို့သော အနှောင့်အယှက်ပေးနိုင်ခြင်းကြောင့် အလွန်အန္တရယ်များသည်ဟု ယူဆကြခြင်းဖြစ်ပါသည်။ မျှော်လင့်မထားသော  အကျပ် အတည်းတစ်ခုတွင် အားနည်းချက်များကိုလျှော့ချနိုင်ရန် ကုမ္ပဏီများအနေဖြင့် ပြည်တွင်းမှ ကုန်ပစ္စည်းပေးသွင်းသူများ (သို့မဟုတ်) ကုန်ပစ္စည်းပေးသွင်းသူ အများ အပြားဆီသို့ပြောင်းလဲ ရွေ့လျားသွားနိုင်ပါသည်။

မိမိတို့အနေဖြင့်   အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကြီးများသည်  မှေးမှိန်သွားလိမ့်မည်မဟုတ်ဟုမျှော်လင့်ထားကြောင်း၊ သို့ရာတွင် ဒီဇိုင်းပိုင်းဆိုင်ရာ၌ ကမ္ဘာလုံးဆိုင်ရာ ဒီဇိုင်း (Global Design) အပိုင်းက ပိုမိုလာမည်ဖြစ်သော်လည်း ထုတ်လုပ်မှုပိုင်း (Producton) တွင် ပြည်တွင်းထုတ်လုပ်မှုသာဖြစ်လာနိုင်ကြောင်း Ms.Natha ကပြောကြာခဲ့ပါသည်။ Mindshare မှ မဟာဗျူဟာရေးဆွဲရေးဆိုင်ရာမန်နေဂျာ Bongkoch Chaimuangma က Digitalization သည် အခြေခံအဆောက်အဉီ (basic insfrstructure)အတွက် အဓိကကျလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။ မိမိတို့ အနေဖြင့် ဒီဂျယ်ကူးပြောင်းမှု (Digitalization ) မှာ ကပ်ရောဂါကာလ အတွင်း ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊ ၎င်းမှာနည်းပညာ အသုံးပြုသူများကို ကျော်လွန်သွားနိုင်ကြောင်း Ms.Natha ကပြောကြားခဲ့ပါသည်။

ကပ်ရောဂါကာလအတွင်း နည်းပညာနိမ့်သုံးစွဲသူများသည် တဖြည်းဖြည်း နည်းပညာများနှင့် တီထွင်ဆန်းသစ်မှုများကို ချမှတ်အသုံးပြုလာကြကြောင်း၊ အဓိကအားဖြင့် အစားအစာဖြန့်ဖြူးရေး (Food delivery) လုပ်ငန်းများ၊ e-commerce နှင့် အွန်လိုင်းဘဏ်လုပ်ငန်းနှင့် Virtual ဆိုင်ရာ အတွေ့အကြုံများဖြစ်ကြပါသည်။

တတိယအချက်အနေဖြင့် Big Data ကြီးမားသောချက်အလက်ခွဲခြမ်းစိတ်ဖြာသုံးသပ်မှု (analysis)မှာတဖြည်းဖြည်းအရှိန်ရလာမည်ဖြစ်ကြောင်း၊ ဒေတာအချက်အလက် ခွဲခြမ်းစိတ်ဖြာမှုသည် စီးပွားရေးလုပ်ငန်းများနှင့် ဈေးကွက်ထိုးဖေါက်မှုအတွက် အဓိကအရေးပါဆုံးအရာ ဖြစ်လာလိမ့်မည်ဖြစ်ပါသည်။

စတုတ္ထအချက်အနေဖြင့် လူအများအနေနှင့် ကျန်းမားရေးနှင့် ကျန်းမာရေးကောင်းမွန်မှု (Health and wellness) တို့အပေါ် ပိုမိုအာရုံစိုက်လာကြမည်ဖြစ်ပါသည်။ ကျန်းမာရေးနှင့် ဆက်စပ်သော ထုတ်ကုန်အမည်များတွင် အရည်အသွေးမြင့်မားသော ထုတ်ကုန်များ၏ ဝယ်လိုအားမှာ ပိုမိုမြင့်တက်လာလိမ့်မည်ဖြစ်ပါသည်။

တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ အပြုအမူကိုအာရုံစိုက်ခြင်းသည် နောက်ဆုံးတွင် ကမ္ဘာလုံးဆိုင်ရာရှု့ထောင့်အရ လူမှုရေးအရတာဝန်ယူမှုရှိသော အပြုအမူများအနေနှင့် ဖြစ်ပေါ်လာသင့်ကြောင်း Ms.Bongkoch ကပြောကြားခဲ့ပါသည်။

ပဥ္စမအချက်အနေဖြင့် တစ်ဉီးနှင့်တစ်ဉီး ခပ်ခွာခွာဆက်နေရေး (continued social distancing) ဖြစ်ပါသည်။ လူအများအနေဖြင့် အိမ်တွင် ပိုနေထိုင်လာကြလိမ့် မည်ဖြစ်ပြီး၊ ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုများကို ပို၍ဇိမ်ကျပြီး သက်တောင့်သက်သာရှိသည်များကို ရွေးချယ်ရှာဖွေလာကြမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် သုံးစွဲသူများအနေဖြင့် တစ်မူထူးခြားပြီး အိမ်တွင်ဇိမ်ကျနိုင်သည့် လူနေမှုပုံစံကိုဖန်တီးနိုင်သည့် ကော်ဖီဖျော်စက်ကဲ့သို့သော ပိုမိုအဆင့်မြင့်သော လုပ်ငန်း (Function) များကို လုပ်ဆောင်နိုင်သည့် ထုတ်ကုန်များဆီ သို့ဉီးတည်ရွေးချယ်လာကြမည်ဖြစ်ပါသည်။ စားသုံးသူဖေါက်သည်များအနေဖြင့် အိမ်တွင် ဆံပင်အလှပြုပြင်ပေးသည့် ဝန်ဆောင်မှုများကိုလည်း  ရယူသုံးစွဲ လိုကြပေလိမ့်မည်ဖြစ်ပါသည်။

ဆဌမအချက်အနေဖြင့် စားသုံးသူဖေါက်သည်များ၏ စိတ်ကျေနပ်ပျော်ရွှင်မှုအပေါ် အမြင်သဘောထားများသည်လည်း ပိုမိုသေးငယ် (Smaller)သော၊ ရိုးရှင်းလွယ်ကူ (Simple) သောအရာများပေါ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု Ms.Natha ကပြောကြားခဲ့ပါသည်။ ဤသေးငယ်သော အခိုက်အတန့်များသည် အမှန်တစ်ကယ် ပျော်ရွှင်အားရ ကျေနပ်စေလိမ့်မည်ဖြစ်ကြောင်း သူမကထပ်မံပြောကြားခဲ့ပါသည်။

သတ္တမအချက်အနေဖြင့် လူအများအနေဖြင့် နောက်ထပ်လာမည့် အနှောင့်အယှက် (Disruption) အတွက် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်လိမ့်မည်ဖြစ်ကြောင်း Ms.Natha က ပြောကြားခဲ့ပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                              

Category: International News