International News

ကမ္ဘာတစ်ဝှမ်းရှိ ဆိုလာပြား ၀ယ်လိုအားသည် အလူမီနီယမ် ထုတ်လုပ်မှုမှတစ်ဆင့် 'ကမ္ဘာကြီး ပူနွေးလာမည့် အန္တရာယ်' ကို ဖော်ညွှန်းလျက်ရှိခြင်း

Last Updated:

ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု Net Zero Emission ပန်းတိုင်ဆီသို့ တွန်းပို့ခံနေရချိန်တွင် သုတေသနအသစ်သည် ဆိုလာပြားများထုတ်လုပ်မှုတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်စရာနယ်ပယ်တစ်ခုကို မီးမောင်းထိုး ပြခဲ့သည်။ သြစတြေးလျ လေ့လာမှုတစ်ခုအရ CO2 ထုတ်လွှတ်မှု အသားတင် သုညမှတ်တိုင်သို့ အရောက်လှမ်းနိုင်ရန် ကမ္ဘာကြီး သည် နေရောင်ခြည်စွမ်းအင်အဆ ၆၀ နီးပါးလိုအပ်မည်ဖြစ်ကာ ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်း ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရန် အဆင့်များကို မလုပ်ဆောင်ပါက ကမ္ဘာကြီးပူနွေးလာမှုအဆင့်ကို ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုသည်။

Photovoltaic အင်ဂျင်နီယာသုတေသီ Alison Lennon က ပြဿနာ၏ တစ်စိတ်တစ်ပိုင်းမှာ အလူမီနီယံထုတ်လုပ်မှုသည် CO2 ထုတ်လွှတ်မှု အလွန်များပြားပြီး၊ ထုတ်လုပ်သည့် ဆိုလာပြားအစိတ်အပိုင်းများတွင် အလူမီနီယံဘောင်များ၊ အင်ဗာတာပိုက်များ၊ Rooftop Cells နှင့် Mounts များပါဝင်နေသည်ဟု ထောက်ပြပြောဆိုထားပါသည်။ သို့သော်လည်း ပါမောက္ခ Lennon က "ဆိုလာပြားထုတ်လုပ်သည့်လုပ်ငန်းစဉ်သည် ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်သော စွမ်းအင်ရင်းမြစ်များကို ဆက်လက်အသုံးပြုနေ သော်လည်း နေရောင်ခြည်စွမ်းအင်ဆီသို့ ရွေ့လျားခြင်းသည် ရာသီဥတုအတွက် အကျိုးရှိနေဆဲဖြစ်ကြောင်း၊ သြစတြေးလျသည် အမှန်တကယ်တွင် bauxite သတ္တုထုတ်လုပ်မှု အများဆုံးနိုင်ငံထဲတွင် ပါဝင်ပြီး၊  အလူမီနာထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ရာ ပြန် လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကြီးထွားမှုတွင် သြစတြေးလျအတွက် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ရန် အမှန်တကယ် အခွင့်အရေး ရှိကြောင်း" ပြောကြားခဲ့သည်။

 

လေ့လာမှုအရ ကမ္ဘာ့အသိုက်အဝန်းသည် ၂၀၅၀ ခုနှစ်တွင် CO2 အသားတင်သုညသို့ရောက်ရှိရန် အလူမီနီယံ ၄၈၀ megatons နှင့် အတူ ဆိုလာပါဝါ ၆၀ terawatts ခန့်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် တစ်ကမ္ဘာလုံးတွင် ၀.၈ terawatts (သို့) ၈၀၀ ဂစ်ဂါဝပ်ဆိုလာ ရရှိနေပြီဖြစ်သည်။ ပါမောက္ခ Lennon က လာမည့်နှစ်များတွင် နိုင်ငံများသည် ကာဗွန်တင်သွင်းမှုဆိုင်ရာ အခွန်များ ကောက်ခံနိုင်ဖွယ်ရှိသောကြောင့် သြစတြေးလျ၏ CO2 ထုတ်လွှတ်မှုမြင့်မားသော အလူမီနီယမ်သည် နိုင်ငံတကာဈေး ကွက်တွင် ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း၊  သို့သော် သြစတြေးလျသည် CO2 ထုတ်လွှတ်မှုနည်းသော အလူမီနီယံကို ထုတ်လုပ် နိုင်လျှင် ၎င်းသည် အဖိုးတန်သော ပို့ကုန်နှင့် ထုတ်လုပ်မှုပိုင်းတွင် အခွင့်အလမ်းတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ ပြန်လည်သန့်စင် စက်ရုံများ၏ တည်နေရာကြောင့် အစိမ်းရောင်အလူမီနီယံထုတ်လုပ်မှုတွင် သြစတြေးလျသည် တရုတ်နှင့် အခြားထုတ်လုပ်သည့် နိုင်ငံများအပေါ် အသာစီးရခဲ့ကြောင်း ပြောကြားခဲ့သည်။

အလူမီနာကို အလူမီနီယံအဖြစ် သန့်စင်ရန်အတွက် လျှပ်စစ်ဓာတ်အားများစွာလိုအပ်ရာ သန့်စင်ပြီး၊ အလူမီနီယံထုတ်လုပ်ရန် ဓာတ်ငွေ့ထုတ်လွှတ်မှုများ ရှိနေမည်ဖြစ်သည်။ ဩစတြေးလျတစ်နိုင်ငံလုံးတွင် အရည်ကျိုသည့်စက်ရုံလေးခုရှိပြီး၊ တက်စ်မေးနီး ယားပြည်နယ်တွင် တစ်ခုအပါအဝင်ဖြစ်ကာ ရေအားလျှပ်စစ်အသုံးပြု၍ အလူမီနီယံတစ်တန်လျှင် ဓာတ်ငွေ့ထုတ်လွှတ်မှု ငါးတန် အောက်သာ ထုတ်လုပ်ခဲ့သည်။ ဩစတြေးလျ mainland ရှိ အရည်ကျိုလုပ်ငန်းအားလုံးသည် အလူမီနီယံတစ်တန်လျှင် ကာဗွန် ထုတ်လွှတ်မှု ၁၀ တန်ကျော်ကို ကျောက်မီးသွေးဖြင့် ထုတ်ပေးလျက်ရှိသည်။

သတ္တုတူးဖော်ရေးကုမ္ပဏီ Rio Tinto သည် ၎င်း၏ အလူမီနီယံပိုင်ဆိုင်မှုများကို ၂၀၃၀ ပြည့်နှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြင့် စွမ်းအင်ထုတ်ရန် ကတိကဝတ်ပြုထားပြီး ထိုနှစ်တွင် ကာဗွန်ထုတ်လွှတ်မှု ၅၀ %  လျှော့ချပေးမည်ဖြစ်သည်။ ကုမ္ပဏီသည် ကွင်းစလန်ပြည်နယ် အလယ်ပိုင်းရှိ အလူမီနာသန့်စင်ရေးလုပ်ငန်းစဉ်တွင် သဘာဝဓာတ်ငွေ့ကို အစားထိုးရန်အတွက် ဟိုက်ဒရို ဂျင်အသုံးပြုမှုကို လေ့လာနေပြီး၊ ကနေဒါနိုင်ငံတွင် Rio Tinto ၏ အရည်ကျိုစက်ရုံများမှ အလူမီနီယံအရည်ကျိုသည့် လုပ်ငန်းစဉ် မှ ကာဗွန်ထုတ်လွှတ်မှု ဖယ်ရှားရေးလုပ်ငန်းစဉ်ကို စီးပွားဖြစ်လုပ်ဆောင်လျက်ရှိသည်။

သန့်ရှင်းသောစွမ်းအင်ကောင်စီ (The Clean Energy Council) က “ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်များဆီသို့ ကူးပြောင်းရာ တွင် သမားရိုးကျအရည်ကျိုခြင်း၏တန်ဖိုးကို လေ့လာမှုက ပြသခဲ့ပြီး၊ နည်းပညာတိုးတက်မှုများက ဆိုလာပြားများတွင် အလူမီနီ ယံလိုအပ်မှုကို အနာဂတ်တွင် လျှော့ချပေးနိုင်ကြောင်း၊ ဤသုတေသနတွင် တွေ့ရှိရသည့် စိန်ခေါ်မှုများကို ရှောင်ရှားနိုင်စေမည့် ပါးလွှာသော ဖလင်နှင့် ပုံနှိပ်နိုင်သော ဆိုလာဆဲလ်နည်းပညာ ပေါ်ထွန်းလာနေပြီဖြစ်ကြောင်း” ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် Smart Energy Council က “အထူးသဖြင့် နေရောင်ခြည်စွမ်းအင်သုံး အလူမီနီယံထုတ်လုပ်မှုတွင် စိုးရိမ်စရာ အကြောင်းမရှိပါကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံးနည်းပညာအတွက် လိုအပ်ချက်တိုးလာမည်ဖြစ်သော်လည်း ဆိုလာပြားများ သည် အလူမီနီယံ၏ ထိပ်တန်းအသုံးပြုမှု အများဆုံး (၁၀) ​​ခုတွင် မပါဝင်သည့်အပြင် ယခင်က ခန့်မှန်းထားခဲ့ခြင်းမရှိကြောင်း” ပြောကြားခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: International News