International News

ကိုဗစ်ကာလဖြစ်သော်လည်း ၂၀၂၀ ခုနှစ်၊ ပထမ (၆) လပတ်အတွင်း စင်ကာပူသို့ ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လျက်ရှိ

Last Updated:

စင်ကာပူနိုင်ငံသည် ကမ္ဘာ့စီးပွားရေးကျဆင်းနေသည့်ကာလမှာပင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ဆွဲဆောင်နိုင်ဆဲဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်၊ ပထမ () လ အတွင်း၌ လုပ်ငန်းများ၏ ပုံသေပိုင်ပစ္စည်းရင်းနှီးမြှုပ်နှံမှု (Fixed-Asset Investment) သည် စင်ကာပူဒေါ်လာ ၁၄. ဘီလီယံ ရှိကြောင်းနှင့် ဤပမာဏသည် ၂၀၁၉ ခုနှစ် တစ်နှစ်လုံးတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသော စင်ကာပူဒေါ်လာ ၁၅. ဘီလီယံ၏ ၉၅ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရှိရပါသည်။

ထိုသို့ စင်ကာပူတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်လာကြသော လုပ်ငန်းများအနက် ဂျာမနီအခြေစိုက် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း "DB Schenker" သည် ဘော့လုံးကွင်း () ကွင်း အရွယ်အစားရှိသော ၅၅၀,၀၀၀ စတုရန်းပေ အကျယ်အဝန်းရှိသည့် () လွှာသိုလှောင်ရုံကို တည်ဆောက်ရန်အတွက် စင်ကာပူဒေါ်လာ ၁၆၃ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပါသည်။ ယင်းသိုလှောင်ရုံမှာ စင်ကာပူရှိ ၎င်းကုမ္ပဏီပိုင် အဆောက်အဦများအနက် ၁၃ ခုမြောက်ဖြစ်ကာ မှတ်ဉာဏ်တု (AI) အချက်အလက် စိစစ်မှုနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ အလုပ်အကိုင်ပေါင်း ၂၅၀ ကျော်ကို ခန့်အပ်သွားမည် ဖြစ်ပါသည်။

တရုတ်နိုင်ငံ၊ ပေကျင်းအခြေစိုက် ဗွီဒီယိုမျှဝေသည့် အပလီကေးရှင်း "TikTok" ပိုင်ရှင်ဖြစ်သော နည်းပညာကုမ္ပဏီ "ByteDance" သည်လည်း လာမည့် () နှစ်အတွင်း စင်ကာပူတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့သွားရန်နှင့် လက်ရှိ စင်ကာပူတွင် ဝန်ထမ်းအင်အား ၄၀၀ ခန့်ရှိရာမှ ဝန်ထမ်းများတိုးချဲ့ခန့်အပ်သွားရန် ပြင်ဆင်လျက်ရှိကြောင်း၊ မရေရာမှုများရှိသော လက်ရှိကာလအတွင်းမှာပင် ကမ္ဘာအနှံ့မှကုမ္ပဏီများသည် အာရှနှင့် နိုင်ငံတကာစျေးကွက်သို့ ဝင်ရောက်နိုင်ရန်အတွက် စင်ကာပူရှိ လုပ်ငန်းကဏ္ဍ အသီးသီးတွင် ၎င်းတို့၏လုပ်ငန်းများကို ဆက်လက်တိုးချဲ့ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိခြင်းတို့သည် စင်ကာပူနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအပေါ် အားပေးပံ့ပိုးမှု၊ တရားဥပဒေစိုးမိုးမှု၊ နိုင်ငံတကာနှင့် ချိတ်ဆက်မှုကွန်ရက်ကောင်းမွန်ခြင်း၊ ကျွမ်းကျင်လုပ်သားများရရှိနိုင်ခြင်း စသည့်အချက်များကြောင့်ဖြစ်ပါကြောင်း ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနအောက်ရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့ (Economic Development Board- EDB) ဒုတိယဥက္ကဋ္ဌ Kiren Kumar က ပြောကြားခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

သတင်းရင်းမြစ်              The Straits Times

Category: International News