International News

ကိုဗစ်-၁၉ အကျပ်အတည်းကာလအတွင်း ဘယ်လ်ဂျီယံနိုင်ငံသားများ အွန်လိုင်းမှ ဝယ်ယူမှု ပိုမိုပြုလုပ်

Last Updated:

BeCommerce ဈေးကွက်စောင့်ကြည့်လေ့လာရေး၏ ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများအရ ဘယ်လ်ဂျီယံနိုင်ငံသားများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလဖြစ်သည့် ၂၀၂၀ ပြည့်နှစ်၏ ပထမနှစ်ဝက်အတွင်း အွန်လိုင်းမှဝယ်ယူသုံးစွဲမှု (၃၃) ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။ ဘယ်လ်ဂျီယံနိုင်ငံရှိ စားသုံးသူများမှ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသုံးစွဲမှုသည် စုစုပေါင်းတန်ဖိုးအားဖြင့် ယူရို ၈ ဒသမ ၁ သန်းရှိခဲ့ သည်ဟုဆိုသည်။ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသည့် ပါဆယ် (၄) ခုလျှင် တစ်ခုကျော်သည် အဝတ်အထည်များဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၏ ပထမနှစ်ဝက်ကာလအတွင်း အဝတ်အထည်ဝယ်ယူမှုသုံးကြိမ်လျှင် တစ်ကြိမ်မှာ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလမတိုင်မီက အွန်လိုင်းမှဝယ်ယူသည့် အချိုးအစားမှာ ၂၀ ရာခိုင်နှုန်းအောက်လျော့နည်းခဲ့ကြောင်း သိရသည်။

သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်း၏ ဝန်ဆောင်မှုကဏ္ဍအပေါ် သက်ရောက်မှုကြောင့် ဘယ်လ်ဂျီယံနိုင်ငံ၏ အီလက်ထရောနစ် ကူးသန်း ရောင်းဝယ်ရေးအပေါ် သိသာသောရိုက်ခတ်မှုရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၏ ပထမနှစ်ဝက်ကာလတွင် e-commerce လုပ်ငန်းမှ turnover မှာ ယူရို ၅ ဒသမ ၁ ဘီလီယံရှိခဲ့သဖြင့် ၁၀ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး၊ နှစ်အလိုက်နှိုင်းယှဉ် ချက်တွင်မူ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)

Category: International News