International News

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်နိုင်ကြောင်း ဟောင်ကောင် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသတွင် အမြဲတမ်းနေထိုင်သူများအား ဟောင်ကောင် ဒေါ်လာ ၁၂၀ ဘီလီယံ ပံ့ပိုးပေးမည်ဖြစ်သောကြောင့် ဟောင်ကောင်ဒေသ၏ စီးပွားရေးအပေါ် တစ်ဖက်တစ်လမ်းမှ ကူညီနိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့ အနှံ့အပြားတွင် ကိုရိုနာဗိုင်းရပ်စ်ကူစက်သူ ၁၀၀,၀၀၀ ကျော်ရှိနေပြီး တရုတ်ပြည်မကြီးတွင် ၈၀,၀၀၀ ကူးစက်ခံနေရကြောင်း၊ ဖေဖေါ်ဝါရီလ နောက်ဆုံးအပတ်မှ စတင်၍ တောင်ကိုရီးယားသမ္မတနိုင်ငံ၊ အီတလီနှင် အီရန်နိုင်ငံတို့၌ ကူးစက် မှုမှာ တရုတ်နိုင်ငံပြင်ပ၌ ရုတ်တရက်မြင့်တက်ခဲ့သည့် နိုင်ငံများဖြစ်ကြောင်း၊ ကုန်ကြမ်း ပစ္စည်းတင်ပို့နိုင်မှုများနှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများ ပြတ်တောက်ခဲ့ကြောင်း၊ ပြည်သူများ၏ စားသုံးမှုနည်းသောကြောင့် ဈေးကွက်ဝယ်လိုအားများလည်း လျော့ကျခဲ့ကြောင်း၊ ယခုနှစ်အတွက် ကမ္ဘာ့စီးပွားရေးတိုးတက်နှုန်းမှာ (၂.၉) ရာခိုင်နှုန်းမှ (၂.၄) ရာခိုင်နှုန်းသို့ လျော့ကျနိုင်ကြောင်း၊ ၂၀၀၉ ခုနှစ် ဘဏ္ဍာရေး အကြပ်အတည်းဖြစ်ပြီးနောက် ပထမဆုံးအကြိမ်လျော့ကျခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် (၀.၈) ရာခိုင်နှုန်းမှ (၄.၉) ရာခိုင်နှုန်းသို့ လျော့ကျနိုင်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုမှာ ကမ္ဘာအနှံ့ထပ်မံပျံ့နှံ့နေမည်ဆိုပါက ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှုန်းမှာ (၁.၅) ရာခိုင်နှုန်းသို့ လျော့ကျနိုင်ကြောင်း၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့မှလည်း လိုအပ်သည်များညှိနှိုင်းပြင်ဆင်ချက်များ ဆောင်ရွက်လျှက်ရှိကြောင်း၊ အမေရိကန်နိုင်ငံ၊ ကနေဒါနှင့် ဩစတြေးလျှနိုင်ငံတို့၏ ဗဟိုဘဏ်များမှလည်း အတိုးနှုန်းများ လျော့ချခဲ့ပါကြောင်း၊ ကမ္ဘာ့ စတော့ရှယ်ယာဈေးကွက်တွင်လည်း ရှယ်ယာအတက်အကျများမှာ သိသိသာသာ ဖြစ်ပေါ်လျှက် ရှိကြောင်းနှင့် ရင်းနှီးမြှုပ်နှံရန် ယုံကြည်မှု အားနည်းလျှက်ရှိကြောင်း၊ ၂၆-၂-၂၀၂၀ ရက်နေ့က ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဟောင်ကောင်၏ ဂျီဒီပီမှာ (၁.၅) ရာခိုင်နှုန်းမှ (၀.၅) ရာခိုင်နှုန်း အထိ လျော့ကျနိုင်ကြောင်း၊ ဟောင်ကောင်ဒေသခံပြည်သူများနှင့် အမြဲတမ်း နေထိုင်သူများမှ အသက် (၁၈) နှစ် ပြည့်ပြီးသူအားလုံး အား ၂၀၂၀ ပြည့်နှစ်၊ မတ်လကုန်တွင် တစ်ဦးလျှင် ဟောင်ကောင်ဒေါ်လာ ၁၀,၀၀၀ ဖြင့် ဟောင်ကောင်ဒေါ်လာ ၁၂၀ ဘီလီယံ ပံ့ပိုးပေးခြင်းနှင့် အခွန် လျော့ကောက် ခြင်းတို့ကြောင့် ပြည်သူများ၏ ငွေကြေးဆိုင်ရာဝန်ထုပ်ဝန်ပိုးအား လျှော့ချနိုင်မည်ဖြစ်ပြီး ဒေသ၏ စီးပွားရေးကျဆင်းနေမှုကိုလည်း ကုစားရာရောက်မည် ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်ကတည်းက ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ ကျဆင်းလျှက်ရှိသောကြောင့် စီပွားရေးပြန်လည်ကောင်းမွန်လာရန်နှင့် ပြည်သူများ၏ စားသုံးမှုများ မြင့်တက်လာရန် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများအား ငွေကြေးပံ့ပိုးမှုအစီအစဉ်မှာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (နွေရာသီကာလ) တွင် စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဟောင်ကောင်ဘဏ္ဍာရေးဝန်ကြီး Mr. Paul Chan Mo-po ကပြောကြားခဲ့ခြင်းအား  ၅-၃-၂၀၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “ Coronavirus crisis to hit economies worldwide, Hong Kong finance chief warns, citing downgraded analyst forecast”  ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News