International News

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် ဂျပန်၏ စီးပွားရေးလုပ်ငန်းပေါင်း ၆၀၀ ခန့် လုပ်ငန်းစွန့်လွှတ်ခဲ့ရ

Last Updated:

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဆက်လက်ပြန့်ပွားနေမှုဂယက်ကြောင့် ဒေဝါလီခံခဲ့ရသည့် စီးပွားရေးလုပ်ငန်းများအရေအတွက်သည် ၆၀၀ ခန့်ရှိလာပြီဖြစ်ကြောင်း Tokyo Shoko Research Ltd.က ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့် စက်တင်ဘာလကတည်းက စီးပွားရေးဆုံးရှုံးမှု အတိုင်းအတာသည် ပိုမိုကျယ်ပြန့်လာခဲ့ကြောင်း သုတေသီများက ဆိုပါသည်။

အစိုးရအနေဖြင့် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးပံ့ပိုးမှု ဆောင်ရွက်နေစဉ်မှာပင် ငွေကြေးအင်အားချိနဲ့နေသည့် ကုမ္ပဏီ များသည် ပြန့်ပွားမှု သက်တမ်းတာရှည်နေသည့် ကိုရိုနာကပ်ရောဂါကြောင့် လုပ်ငန်းဆက်လက်ရှင်သန်ရန် ခဲယဉ်းလာကြခြင်းဖြစ်ပါသည်။

ကိုရိုနာဂယက်ကြောင့် ဒေဝါလီခံလိုက်ရသည့် အကြွေး ယန်း ၁၀ မီလီယံရှိသည့် ကုမ္ပဏီစုစု ပေါင်း ၅၇၁ ခု ကျော်ရှိကြောင်းသိရပါသည်။ ဇွန်လတွင် ဒေဝါလီခံရသည့် စီးပွားရေးလုပ်ငန်းပေါင်း ၁၀၃ ခုရှိပြီး၊ ဇူလိုင်လတွင် ၈၀ ခုနှင့် သြဂုတ်လတွင် ၆၇ ခုနှင့် စက်တင်ဘာလတွင် ၁၀၀ အထိရှိလာကြောင်း သိရပါသည်။

စီးပွားရေးလုပ်ငန်းအမျိုးအစားများအနေဖြင့် စားသောက်ဆိုင်လုပ်ငန်းကဏ္ဍမှာ အထိခိုက်ခံရ ဆုံးလုပ်ငန်းတစ်ခုဖြစ်ပြီး အဝတ်အထည်ကဏ္ဍမှာ ဒုတိယနှင့် တည်းခိုနေထိုင် ငှားရမ်းမှုလုပ်ငန်းမှာ တတိယမြောက် အထိခိုက်ဆုံးကဏ္ဍဖြစ်ကြောင်းသိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: International News