International News

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီးယူ၏ စီးပွားရေးကျဆင်းနိုင်ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ရောဂါအကျပ်အတည်းကြောင့် ယူရိုဇုန်နှင့် ဥရောပသမဂ္ဂတစ်ခုလုံးတွင် ယခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းမှာ သုညအောက်သို့ကျဆင်း နိုင်ဖွယ်ရှိနေသည်ဟု ဥရောပကော်မရှင်၏ အဆင့်မြင့်အရာရှိဖြစ်သူ Maarten Verwey က ပြီးခဲ့သည့် သောကြာနေ့ (၁၃-၃-၂၀၂၀) နေ့က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ဖေဖော်ဝါရီလအစောပိုင်းက ဥရောပကော်မရှင်သည် စီးပွားရေးခန့်မှန်းချက်ကို ထုတ်ပြန်ခဲ့ပြီး၊ ယင်းတွင် ၂၀၂၀ ပြည့်နှစ်အတွက် ယူရိုဇုန်၏ စီးပွားရေး တိုးတက်မှုမှာ ၁.၂ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားခြင်းဖြစ်ပါသည်။

ဥရောပကော်မရှင်၏ နောက်ထပ်စီးပွားရေးခန့်မှန်းချက်ကို လာမည့်မေလတွင်ထုတ်ပြန်မည်ဖြစ်ပြီး စီးပွားရေးကျဆင်းနိုင်မှုဖြစ်စေသည့်အချက်များအား ထည့်သွင်း စဉ်းစား၍ ခန့်မှန်းသုံးသပ် သွားမည်ဖြစ်ကြောင်းသိရပါသည်။ ခန့်မှန်းချက်များအရ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ဖြစ်ပွားမှုမရှိခဲ့ သည့်အခြေအနေနှင့်နှိုင်းယှဉ်ပါက ကိုရိုနာဗိုင်းရပ်စ်ရောဂါအကျပ်အတည်း၏ တိုက်ရိုက်သက်ရောက် မှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွက် GDP တိုးတက်မှုနှုန်းမှာ ၂.၅ ရာခိုင်နှုန်းအထိ လျော့ကျနိုင် ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ဥရောပသမဂ္ဂအတွက် GDP တိုးတက်မှုနှုန်းမှာ ၁.၄ ရာခိုင်နှုန်းရှိရန် ယခင်ကခန့်မှန်းထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ၁ ရာခိုင်နှုန်းအောက်သို့ ကျဆင်း နိုင်ကြောင်း ဘရပ်ဆဲလ်တိုင်းမ်၏  ၁၅-၃-၂၀၂၀ နေ့တွင် ဖော်ပြချက်အရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံ)

ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)

Category: International News