International News

ကိုရီးယားဝမ် (၁၆၀) ထရီလီယံ တန်ဖိုးရှိ “Korean New Deal” အမည်ရှိ စီးပွားရေးလှုံ့ဆော်မှုအစီအစဉ်

Last Updated:

ကိုရီးယားသမ္မတနိုင်ငံအစိုးရအနေဖြင့် COVID-19 အလွန်ကာလအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ စီးပွားရေးပြန်လည် နာလန်ထူ တိုးတက်လာစေရေးအတွက် နောင် (၅) နှစ်တာကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုများအား ပံ့ပိုးမှု ဆောင်ရွက်ပေးမည့် ကိုရီးယားဝမ် (၁၆၀)ထရီလီယံ တန်ဖိုးရှိ “Korean New Deal” အမည်ရှိ စီးပွားရေး လှုံ့ဆော်မှုအစီအစဉ်ကို သမ္မတ မွန်ဂျေအင်းမှ (၁၄-၇-၂၀၂၀) ရက်နေ့တွင် ထုတ်ဖော်ကြေညာခဲ့ပါသည်။ အဆိုပါအစီအစဉ်တွင် “Digital New Deal” နှင့် “Green New Deal” ဟူ၍ နှစ်ပိုင်းပါဝင်မည်ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ (၅) နှစ်တာ ကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁.၉) သန်းကို ဖန်တီးပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါစီမံကိန်းသည်အစိုးရနှင့်သာ သက်ဆိုင်သည့်စီမံကိန်းမဟုတ်ဘဲ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်းလည်း သိရှိရပါသည်။

 

Source: Ministry of Trade, Indurstry and Energy၊ The Korea Times၊ The Korea Herald၊ Yonhap News 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News