International News

ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဝန်ကြီးက ဥဇဘက်ကစ္စတန်နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးကိစ္စများအတွက် တွေ့ဆုံခဲ့ခြင်း

Last Updated:

ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီး Mr. Sung Yun-mo သည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၆) ရက်နေ့တွင် ဆိုးလ်မြို့၌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးကိစ္စများအတွက် ဥဇဘက်ကစ္စတန် နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ် Mr. Sardor Umurzakov နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Coronavirus ဖြစ်ပွားပြီးနောက် မျက်နှာချင်းဆိုင်ကျင်းပသည့် ပထမဆုံး ၀န်ကြီးများအဆင့် အစည်းအဝေးတွင် နှစ်နိုင်ငံအနေဖြင့် စက်မှုလုပ်ငန်း အမျိုးမျိုးတွင် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတိုးချဲ့ရန်နည်းလမ်းများကိုဆွေးနွေးခဲ့ကြပြီး၊ ကိုရီးယား-ဥဇဘက်ကစ္စတန်လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (FTA) ညှိနှိုင်းမှုများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သိရှိရပါသည်။

 

Source: Ministry of Trade, Indurstry and Energy၊ The Korea Times၊ The Korea Herald၊ Yonhap News 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News