International News

ကုမ္ပဏီများ ဒေဝါလီခံမှုများ ရုတ်တရက်မြင့်တက်လာလျက်ရှိပြီး ပိုမိုဆိုးရွားလာနိုင်ခြင်း

Last Updated:

ဟောင်ကောင်ဒေသ၌ ကုမ္ပဏီများ ဒေဝါလီခံမှုများမှာ ရုတ်တရက်မြင့်တက်လာရာ COVID-19 ကြောင့် ဒေသ၏စီးပွားရေးမှာ ၂၀၀၃ ခုနှစ် SARS ရောဂါဖြစ်ပွားစဉ်ကထက် အဆိုးရွားဆုံးဖြစ် နိုင်ကြောင်း၊ တစ်ဦးချင်းလုပ်ငန်းများ ဒေဝါလီခံမှုမှာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် (၆) ခုသာရှိခဲ့ ပြီး နောက်လများတွင် (၂၀၇၉) ခုသို့မြင့်တက်ခဲ့ကြောင်း၊ ဖေဖေါ်ဝါရီလမှ ဧပြီလအတွင်း ဒေဝါလီခံသည့် လုပ်ငန်းစာရင်း နည်းပါးခြင်းမှာ အဆိုပါ လအတွင်း တရားရုံးများ ပိတ်ထား ခြင်းကြောင့်ဖြစ်ကြောင်း၊ မေလမှစတင်၍ တရားရုံးများ ပုံမှန်ပြန်လည်ဖွင့်ခြင်းကြောင့် ဒေဝါလီ ခံသည့်လုပ်ငန်းများစာရင်းမှာ ရုတ်တရက်မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ပထမ (၅) လအတွင်း ဒေဝါလီခံသည့် လုပ်ငန်းစာရင်းမှာ (၃၆၁၁) ခုရှိခဲ့ရာ ၂၀၁၉ ခုနှစ်၊ ကာလတူနှင့်နှိုင်းယှဉ်လျှင် (၁၂.၅) ရာခိုင်နှုန်းရှိကြောင်း၊ အသနားခံလွှာလျှောက်ထားသည့် ကုမ္ပဏီ (၁၄၆) ခုရှိပြီး ယခင် နှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင် (၂၅) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ဒေဝါလီခံမှုမှာ ယခုကာလ တွင် အစပိုင်းသာရှိသေးပြီး နောင်လာမည့် လအနည်းငယ်အတွင်း ဒေဝါလီခံသည့် ကုမ္ပဏီများ များပြားလာမည်ဖြစ်ကြောင်း၊ ယခုအခါ အာဖရိကနှင့် ဘရာဇီးလ်နိုင်ငံတို့တွင် COVID-19 ပြင်း ထန်စွာဖြစ်ပွားလျက်ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ လက်လီအရောင်းဆိုင်များနှင့် စား သောက်ဆိုင်လုပ်ငန်းများတွင် ထိခိုက်မှုများစွာရှိကြောင်း၊ ဟောင်ကောင်ဆိပ်ကမ်းမှ ကုန် ပစ္စည်းများစွာ အဓိကတင်ပို့သည့် အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် အသွားအလာကန့် သတ်မှုများ ဆောင်ရွက်ဆဲဖြစ်သောကြောင့် ဟောင်ကောင်ဒေသ၏ ပို့ကုန် လုပ်ငန်းမှာ ထိခိုက် လျက်ရှိကြောင်း၊ အချို့သောလုပ်ငန်းများအနေဖြင့် ကုန်ပစ္စည်းများ နိုင်ငံတကာသို့ တင်ပို့ရန် ရပ်ဆိုင်းထားရသောကြောင့် ဝင်ငွေမရှိကြောင်း၊ လုပ်ငန်းများ ပိတ်သိမ်းမှုများ မြင့်တက်လာ ခြင်း၊ ဒေဝါလီခံမှုများမြင့်တက်လာပြီး အလုပ်လက်မဲ့နှုန်းများလည်း မြင့်တက်လာမည်ဖြစ် ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် COVID-19  ဖြစ်ပွားမှု (၈.၄) မီလီယံရှိပြီး သေဆုံးသူ (၄၅၃,၈၀၀) ဦးရှိရာ ခရီးသွားလာမှုများ ကန့်သတ်ထားမှုများကြောင့် ပြည်တွင်းကုမ္ပဏီများသာမက ကမ္ဘာ တစ်ဝန်းရှိ ကုမ္ပဏီများအပေါ် ကြီးမားသည့်ထိခိုက်မှုများ ရှိနေကြောင်း၊ နိုင်ငံများစွာတွင် နေ အိမ်များမှ အလုပ်လုပ်ခြင်းကြောင့် နယ်စပ်ဖြတ်ကျော်သွားလာမှုများမှာလည်း ကန့်သတ်ထား ဆဲဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ကျဆင်းမှုကြောင့် အလုပ်လက်မဲ့များ မြင့်တက်လာ မည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှ မေလအထိ ကဏ္ဍစုံမှ အလုပ်လက်မဲ့နှုန်းမှာ (၁၅) နှစ်တာကာလအတွင်း အမြင့်ဆုံးဖြစ်ခဲ့ကာ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့ သည့် ကမ္ဘာ့ငွေကြေးအကျပ် အတည်းကာလကထက် မြင့်မားကြောင်းဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

ရင်းမြစ် : South China Morning Post (20-6-2020)

Category: International News