ဈေးကွက်ဈေးနှုန်း

ဂျပန်နိုင်ငံ ၊ Ministry of Health, Labor and Welfare (MHLW) က မြန်မာနိုင်ငံမှ နှမ်းနှင့် နှမ်းအသုံးပြု ထုတ်ကုန်တင်သွင်းမှုအပေါ် စစ်ဆေးခြင်းနှင့် ပတ်သက်၍ အသိပေးကြေငြာခြင်း

Last Updated:

ဂျပန်နိုင်ငံ ၊ Ministry of Health, Labor and Welfare (MHLW) မှ Imported Food Safety Office က မြန်မာနိုင်ငံမှ နှမ်းနှင့် နှမ်းအသုံးပြု ထုတ်ကုန်တင်သွင်းမှုအပေါ် စစ်ဆေးခြင်းနှင့် ပတ်သက်၍ အသိပေးကြေငြာချက် ထုတ်ပြန်ထားသည့်အကြောင်းကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာန ၊ အဖွဲ့အစည်းများထံ ပေးပို့အကြောင်းကြားပေးပါရန် မြန်မာသံရုံး(တိုကျိုမြို့)မှ သံအမတ်ကြီးထံ အဆိုပြုစာ ပေးပို့လာကြောင်း သိရှိရပါသည်။

MHLW အနေဖြင့် ဂျပန်နိုင်ငံ၏ စားသောက်ကုန်များ တင်သွင်းမှု စစ်ဆေးခြင်းလုပ်ငန်းစဉ်များကို နှစ်စဉ် ပြန်လည်သုံးသပ်လျှက်ရှိသည်နှင့်အညီ ယခု ၂၀၂၀ ပြည့်နှစ်အတွက်လည်း အစားအစာ သန့်ရှင်းရေးအက်ဉပဒေ၏ အပိုဒ် ၂၆ ၊ အပိုဒ်ခွဲ ၃ အရ   Aflatoxin  ပါဝင်မှု စစ်ဆေးခြင်း အမိန့်အရ မြန်မာနိုင်ငံမှ တင်သွင်းသည့် နှမ်းနှင့် နှမ်းအသုံးပြု ထုတ်ကုန်များအပေါ် ယခင် ၂၀၁၉ ခုနှစ်က ကျင့်သုံးဆောင်ရွက်နေသည့် ပုံစံကို ဖျက်သိမ်း၍ ၂၀၂၀ ပြည့်နှစ် Imported Food Monitoring and Guidance Plan for FY -2020 အစီအစဉ်အရ ၂၀၂၀ ပြည့်နှစ် ၊ မေလ ၁၉ ရက်နေ့မှ စတင်၍ ပိုမိုထိရောက်စွာ ၃၀% တိုးမြှင့်စစ်ဆေးသွားမည်ဖြစ်ပါကြောင်း သိရပါသည်။

စစ်ဆေးမည့်ကုန်ပစ္စည်းများမှာ နှမ်းစေ့များ၊ နှမ်းနှင့်ထုတ်လုပ်သော အခြားစားသောက်ကုန်များ (နှမ်းစေ့ ၃၀ ရာခိုင်နှုန်းနှင့် အထက်ပါ၀င်သော စားသောက်ကုန်များ) တွင် Aflatoxin ပါ၀င်မှုနှုန်းကို စစ်ဆေးသွားမှာဖြစ်ပြီး နှမ်း စိုက်ပျိုးသောအခါ သန့်ရှင်းသည့်နှမ်း အမျိုးအစားဖြစ်စေရန်အတွက် မျိုးသန့်စင်ရေးကို ဆက်လက် ထိန်းသိမ်းပေးရန်လိုကြောင်းနှင့် ဂျပန်နိုင်ငံသို့ ဉပဒေနှင့် မညီဘဲ ချိုးဖောက်သည့် ပစ္စည်းများကို တင်ပို့မှု မရှိစေရန် လိုအပ်ကြောင်း သိရှိရပါသည်။

Source: ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး (တိုကျိုမြို့)