International News

ဂျပန်ဝန်ကြီးချုပ်အသစ် Mr. Yoshihide Suga က တောင်ကိုရီးယားသမ္မတ Mr. Moon Jae-inနှင့် အနာဂတ်ကောင်းကျိုး ရှေ့ရှုကာ အတူတကွပူးပေါင်းဆောင်ရွက်သွားလိုကြောင်း စာရေးသားပေးပို့ခဲ့ခြင်း

Last Updated:

ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်အသစ်ဖြစ်သူ Mr. Yoshihide Suga က တောင်ကိုရီးယားနိုင်ငံနှင့် နှစ်နိုင်ငံအကြား သဘောထားတင်းမာခဲ့သည့် ရာဇဝင်နှင့် ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများရှိနေချိန်တွင် တောင်ကိုရီးယား သမ္မတ Mr. Moon Jae-in ထံ အနာဂတ်ကောင်းကျိုး ရှေ့ရှုသည့် ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်လိုကြောင်း ရေးသားဖော်ပြထားသည် သိရပါသည်။

၁၉၁၀ ခုနှစ်မှ ၁၉၄၅ ခုနှစ်များအတွင်း ဒုတိယကမ္ဘာစစ်ကာလက အဓ္ဓမခိုင်းစေမှုများကြောင့် နှစ်နိုင်ငံအကြား သဘောထားတင်းမာမှုများ ဖြစ်ပွား ခဲ့သည့် ရာဇဝင်မှ အစပြုကာ ၂၀၁၈ ခုနှစ်တွင် တောင်ကိုရီးယားတရားရုံးချုပ်က ဂျပန်နိုင်ငံမှ သံမဏိထုတ်လုပ်သည့်ကုမ္ပဏီကို အတင်းအဓ္ဓမ စေခိုင်းမှုအတွက် လျော်ကြေးပေးရန် အမိန့်ချမှတ်ခဲ့ပြီး ဂျပန်ကလည်းတုန့်ပြန်သည့်အနေဖြင့် အဆင့်မြင့်နည်းပညာသုံးပစ္စည်းများ တောင်ကိုရီးယားသို့ တင်ပို့မှုတွင် ကန့်သတ်ပိတ်ပင်မှုများ ဆောင်ရွက်ခဲ့ပါသည်။

စက်တင်ဘာလ ၁၉ ရက်နေ့က Mr. Suga က သမ္မတ Moon ထံသို့ ပေးပို့ခဲ့သည့်စာတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုလိုအပ်ချက်များကို ထောက်ပြသွားခဲ့ကြောင်း၊ အထူးသဖြင့် နှစ်နိုင်ငံစလုံးအနေဖြင့် အငြင်းပွားနေကြသည့် အခက်အခဲပြဿနာကို ကျော်လွှားရန်နှင့် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများ ဖော်ဆောင်ကြရန် မျှော်လင့်ပါသည်ဟု ထည့်သွင်းရေးသားထားကြောင်းကို သမ္မတ Moon ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Kang Min-seok က ပြောကြားခဲ့ပါသည်။

သမ္မတ Moon ကလည်း Mr. Suga ထံ ဝန်ကြီးချုပ်ရာထူး ဆက်ခံသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း စာရေးသားပေးပို့ခဲ့ကြောင်း ၊ ၎င်းအနေဖြင့်လည်း နှစ်နိုင်ငံအကြား သံတမန်အရေး၊ စီးပွားရေး၊ နှစ်နိုင်ငံပြည်သူများအကြား ဆက်နွှယ်မှုများ တိုးမြှင့်ဆောင်ရွက်သွားကြရန် ဆန္ဒရှိပါကြောင်း ထည့်သွင်းရေးသားထားကြောင်း သိရပါသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

ရင်းမြစ်။ The Nikkei Asian Review

 

 

 

Category: International News