International News

ဂျပန်အစိုးရက ထပ်မံတိုးမြှင့်မည့် အရေးပေါ်ကာလအတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ငန်းပြန်လည်ဆောင်ရွက်နိုင်ရန် အခြေခံအချက်အလက်များ ထုတ်ပြန်ရန် စီစဉ်နေ

Last Updated:

နိုင်ငံတစ်ဝှမ်း အရေး‌‌ပေါ်အခြေအနေ သက်တမ်းထပ်မံတိုးမြှင့်သည့် အချိန်တွင် စီးပွားရေးလုပ်ငန်းများအား တစ်စိတ်တစ်ဒေသ ပြန် လည်ခွင့်ပြုဆောင်ရွက်ရေးနှင့်ပတ်သက်သည့် အခြေခံအချက်အလက်များကို ထုတ်ပြန်ရန် ဂျပန်အစိုးရက ပြင်ဆင်ဆောင်ရွက်နေပါ သည်။

ကိုရိုနာ ဗိုင်းရပ်စ်ဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးကို မေလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး မေလ ၆ ရက်နေ့တွင် သက်တမ်းစေ့ ရောက်မည့် ပထမအကြိမ်အရေးပေါ်သက်တမ်းအစီအစဉ်အပြီး မေလ ၃၁ ရက်နေ့အထိ ဆက်လက်တိုးမြှင့်မည့် အရေးပေါ်ကာလ တစ်လအတွင်း စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းပြန်လည်လည်ပတ်မှုနှင်ပတ်သက်သည့် အခြေခံသဘောထား အချက်အလက်များ ထုတ်ပြန်ရန် ဆွေးနွေးခဲ့ပါသည်။

သက်တမ်းတိုးမြှင့်ရသည့် အကြောင်းအရင်းများနှင့်ပတ်သက်၍ အစိုးရအနေဖြင့် လတ်တလောနိုင်ငံအတွင်း ကူးစက်မှုအရေအတွက် ကျဆင်းလာသော်လည်း နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အနေဖြင့် ဆောင်ရွက်နေသည့် အနေအထားထက် ပိုမိုဝန်ပိနေသည့် သဖွယ်ဖြစ်နေကြောင်း ဆိုပါသည်။ ကိုရိုနာဗိုင်းရပ်စ်တုန့်ပြန်ရေးဆိုင်ရာ ဝန်ကြီး Mr. Nishimura Yasutoshi က စီးပွားရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက် လုပ်ကိုင်နိုင်ရေးအတွက် အခြေခံသဘောထားအချက်အလက်များကို ထုတ်ပြန်မည်ဖြစ်ကြောင်းကို တိုကျိုနှင့် အိုဆာကာတို့မှ အုပ်ချုပ်ရေးမှူးများနှင့် အင်တာနက်မှတစ်ဆင့်ဆွေးနွေးခဲ့မှုတွင် ပြောကြား ခဲ့ပါသည်။

ကူးစက်မှုပြန့်ပွားနေခြင်းကို ထိန်းချုပ်နိုင်ရန် ပြည်သူပြည်သားများအနေဖြင့် နေအိမ်မှာပဲ နေထိုင်ကြရန် မေတ္တာရပ်ခံချက် များနှင့် အခြားသောကန့်သတ်ချက်များ ချမှတ်ခဲ့ခြင်းကြောင့် စီးပွားရေး လုပ်ငန်းများအနေဖြင့် ပေးဆပ်မှုများရှိနေကြောင်း ကို အစိုးရပိုင်းမှ နားလည်ပါကြောင်း၊ ကူးစက်မှုများ သိပ်မများပြားသည့် အရပ်ဒေသများတွင် အချို့သော အရေးယူကန့်သတ် ဆောင်ရွက်မှုများကို အထိုက်အလျောက်လျော့ချပေးရန် စဉ်းစားပြင်ဆင်နေပါကြောင်း သိရပါသည်။

မည်သို့သော စီးပွားရေးလုပ်ငန်းမျိုးကို ပြန်လည်လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည် ဟူသည့်အချက်နှင့်ပတ်သက်၍ အစိုးရက သုံးသပ်နေပြီး ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရေးအတွက် အထူးသတိပေးချက် ထုတ်ပြန်ထားသည့် မြို့တော်တိုကျိုအပါအဝင် အခြားသော စီရင်စု ၁၂ ခု အပေါ် ကန့်သတ်ချက်များ လျော့ချရန် အစီအစဉ်မရှိသေးကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

ရင်းမြစ်။   The Cabinet Office of Japan, The Prime Minister’s Office of Japan, METI, Japan,The Japan Times, The Japan News, The Asahi Shimbun, The Nikkei Asian Review, The NHK World,The NNA Asia News.

Category: International News