International News

ဂျပန်အစိုးရက အလုပ်အကိုင်ဆိုင်ရာ အထူးပံ့ပိုးငွေကို တိုးချဲ့ဆောင်ရွက်ရန် စဉ်းစားနေ

Last Updated:

ဂျပန်နိုင်ငံအနေဖြင့် စီးပွားရေးလုပ်ငန်းများအား ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေမှုကြောင့် အလုပ်ရပ်နားထားရချိန်တွင် ဝန်ထမ်းများ အား လစာပေးရခြင်းအတွက် အကျပ်အတည်း ရင်ဆိုင်နေရမှုမှ လျော့ပါးစေရန် အလုပ်အကိုင်များအတွက် အထူးပံ့ပိုးငွေအစီအစဉ် ကို တိုးချဲ့ဆောင်ရွက်ရေး စဉ်းစားနေကြောင်း ဂျပန်နိုင်ငံ၊ Ministry of Health, Labor and Welfare (MHLW) က သြဂုတ်လ ၅ ရက်နေ့က ပြောကြားခဲ့ပါသည်။

အလုပ်အကိုင်နှင့်ပတ်သက်သည့် ထောက်ပံ့ပေးမည့်အစီအစဉ်များ ရပ်နားလိုက်မည်ဆိုပါက ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ အများအပြား အကျပ်အတည်းများရင်ဆိုင်ရနိုင်ပြီး အလုပ်လက်မဲ့နှုန်းသည် ပွားများတိုးတက်လာမည်ဖြစ်ပါကြောင်း မူဝါဒချမှတ် သူများအကြား ထောက်ပြ ပြောဆိုနေကြကြောင်း သိရပါသည်။

အဆိုပါ ပံ့ပိုးမှု တိုးချဲ့သက်တမ်းတိုး ဆောင်ရွက်မည့်အစီအစဉ်နှင့်ပတ်သက်၍ အတိအကျ မဆုံးဖြတ်ရသေးပါကြောင်း၊ သြဂုတ်လ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဥပဒေရေးရာ ဆုံးဖြတ်ဆောင်ရွက်သူများက ယခုနှစ်ကုန်အထိ အဆိုပါအစီအစဉ် ကို သက်တမ်းတိုးဆောင်ရွက်ရန် အဆိုပြုခဲ့ကြပါကြောင်းဟု (MHLW) မှ အမည်မဖော်လိုသူ အရာထမ်းတစ်ဦးက ပြောကြားခဲ့ပါ သည်။

အထူးအစီအစဉ်နှင့်ပတ်သက်၍ ထောက်ပံ့မှုပမာဏကို တိုးမြှင့်ရန် လျာထားပါကြောင်း၊ ဝန်ထမ်းများ လုပ်ခလစာပေးမှုတွင် အကျပ်အတည်းဖြစ်နေသည့် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးရန် ရည်ရွယ်ထားပါကြောင်း ဆိုပါသည်။

အစိုးရ၏ စာရင်းဇယားများအရ လူဦးရေ ၂.၃၆ သန်းခန့်သည် ပြီးခဲ့သည့် ဇွန်လအတွင်း အလုပ်မှရပ်နားထားကြရသည်ကို တွေ့ရ သဖြင့် ဥပရေးရာပညာရှင်များက ယခုကဲ့သို့ အလုပ်အကိုင်ဆိုင်ရာပံ့ပိုးမှုများကို  ဆက်လက်သက်တမ်းတိုး ဆောင်ရွက်ရန် တက် တက်ကြွကြွ တောင်းဆိုခဲ့ကြခြင်းဖြစ်ပါသည်။

ဂျပန်အစိုးရက ယန်း ၁.၆ ထလီရီယ့ကို အထူး ပံ့ပိုးငွေအတွက် သီးသန့်လျာထားပြီး ဇူလိုင်လအထိ ယန်း ၅၈၅.၁ ဘီလီယံခန့် စီးပွားရေးလုပ်ငန်းများထံ ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပံ့ပိုးမှုများ ရပ်ဆိုင်းလိုက်ပါက စီးပွားရေးလုပ်ငန်းများ အကျပ်အတည်း ကြုံရနိုင်သဖြင့် အစိုးရသည် လိုအပ်သည့် အရေးပေါ်အစီအမံများကို တိုးမြှင့်ဆောင်ရွက်သင့်ပါကြောင်း သတင်းရပ်ကွက်များက ထောက်ပြပြောဆိုနေကြပါသည်။

ဂျပန်နိုင်ငံ၏ အလုပ်အကိုင်စျေးကွက်သည် ကိုရိုနာပြန့်ပွားမှုကြောင့် စီးပွားရေးလုပ်ငန်းများအပြား ပိတ်သိမ်းခဲ့ရသဖြင့် သိသိ သာသာ အေးစက်လာခဲ့ပါသည်။ မေလအတွင်းက အစိုးရ၏ အရေးပေါ်အခြေအနေကြေငြာချက်ကို ပြန်လည်ရုတ်သိမ်းခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းပိုင်း ကန့်သတ်မှုများ ဖြေလျော့ပေးခဲ့သော်လည်း လက်ရှိ ဗိုင်းရပ်စ်ပြန့်ပွားနေသည့် အခြေအနေနှင့် နိုင်ငံ၏ စီးပွားရေး နာလန်ထူမှုအခြေအနေတို့အကြား သဟဇာတဖြစ်မှုအကြား ကွာဟနေဆဲဖြစ်ကြောင်း၊ ကမ္ဘာ့တတိယစီးပွားရေး အင်အားကြီးနိုင်ငံအနေဖြင့် ယခင်ရင်ဆိုင်ခဲ့ရသည့် စီးပွားရေးအကျပ်အတည်းထက် ပိုမိုဆိုးရွားသည့် အခြေအနေနှင့် ရင်ဆိုင်နိုင်ရ ဖွယ်ရှိကြောင်း မူဝါဒပိုင်း သုံးသပ်သူများက ကောက်ချက်ချပြောဆိုခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

ရင်းမြစ်။ The Cabinet Office of Japan, METI, Japan, The Japan Times, The Japan News, The Yomiuri Shimbun., The Nikkei Asian Review.

Category: International News