International News

စက်တင်ဘာလကုန်တွင် ပဲပုတ်စေ့တန်ချိန် ၅.၀၄ သန်း တင်ပို့နိုင်ရန် ဘရာဇီးလ်မျှော်မှန်း

Last Updated:

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း ပဲပုတ်စေ့တန်ချိန် ၅.၀၄ သန်း တင်ပို့နိုင်ရန်မျှော်မှန်း ထားပြီး ယခင်နှစ် စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက၂၈ ရာခိုင်နှုန်း ပိုမိုတိုးတက်နိုင်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း ပဲပုတ်စေ့တန်ချိန် ၃.၉၂ သန်းအားတင်ပို့ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ပဲပုတ်စေ့တန်ချိန် ၅.၇၉ သန်းအား တင်ပို့ခဲ့ကြောင်း  National Association of Cereal Exporters (Anec)၏ သုသေတနတွေ့ရှိချက်တွင်ဖော်ပြထားသည်။

စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်နေ့အတွင်း ပဲပုတ်စေ့တန်ချိန် ၉၅၀,၈၈၀ တန်နှင့် စက်တင်ဘာလ ၁၉ ရက်နေ့နှင့် ၂၅ ရက်နေ့အတွင်း ပဲပုတ်စေ့တန်ချိန် ၁.၃၁ သန်းတို့အားအသီးသီး တင်ပို့ခဲ့ကြောင်း၊  ယခုနှစ်စက်တင်ဘာလကုန်တွင် စုစုပေါင်းပဲပုတ်စေ့တန်ချိန် ၇၉.၃ သန်းအား တင်ပို့နိုင်ရန်မျှော်မှန်းထားကြောင်း National Association of Cereal Exporters (Anec)၏ သတင်းတွင်ဖော်ပြထားသည်။

ပဲပုတ်စေ့စားသောက်ကုန်တင်ပို့မှုသည် ယခုနှစ်စက်တင်ဘာလအတွင်း တန်ချိန် ၁.၇၂ သန်း တင်ပို့နိုင်ရန်မျှော်မှန်းထားပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် တန်ချိန် ၁.၃၂ သန်းအား တင်ပို့ခဲ့ကြောင်း၊ ယခုနှစ် ဩဂုတ်လတွင် ပဲပုတ်စေ့စားသောက်ကုန် တန်ချိန် ၁.၂၈ သန်းတင်ပို့ ခဲ့ကြောင်း၊ စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း စားသောက်ကုန်တန်ချိန် ၂၁၃,၇၀၀ တန်အားတင်ပို့ခဲ့ပြီး ယခုအပတ်အတွင်း ၄၃၅,၆၀၀ တန်အားတင်ပို့သွားရန်မျှော်မှန်းထားကြောင်း၊ ယခုနှစ် စက်တင်ဘာလကုန်တွင် စားသောက်ကုန်တန်ချိန် ၁၃.၀၁ သန်းအား တင်ပို့နိုင်ရန်မျှော်မှန်း ထားကြောင်း အသင်း၏ သတင်းတွင် ဖော်ပြထားသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူ၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: International News