International News

စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ စားသုံးသူဈေးနှုန်းအညွှန်းကိန်း အနည်းငယ်သာ မြင့်တက်ခဲ့

Last Updated:

စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ စားသုံးသူဈေးနှုန်းအညွှန်းကိန်း (consumer price index - CPI) မှာ (၁.၇) ရာခိုင်နှုန်းသာမြင့်တက်ခဲ့ကြောင်း အမျိုးသားစာရင်း အင်းဗျူရိုမှ ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ၎င်းအညွှန်းကိန်းမှာ ငွေကြေးဖောင်းပွမှုအား တိုင်းတာရာတွင် အဓိကကျသော အညွှန်းကိန်းတစ်ခုဖြစ်ပါသည်။

ထိုကဲ့သို့မြင့်တက်ခဲ့သော်လည်း သြဂုတ်လအတွင်း မြင့်တက်ခဲ့သည့် (၂.၄) ရာခိုင်နှုန်းအောက် လျော့နည်းလာသည်ကို တွေ့ရပါသည်။

ထိုသို့လျော့နည်းလာရခြင်းမှာ စားသောက်ကုန်ဈေးနှုန်းများ (အထူးသဖြင့် ဟင်းသီးဟင်းရွက်နှင့် ဝက်သားဈေးနှုန်းများ) အသင့်အတင့်ပြန်လည်ဖြစ်လာခြင်းကြောင့် ဖြစ်ကြောင်း အကြီးတန်းစာရင်းအင်းသုတေသီက ဖြေကြားခဲ့ပါသည်။

တရုတ်နိုင်ငံ၏ CPI တွင် သုံးပုံတစ်ပုံနီးပါး ပါဝင်နေသည့် စားသောက်ကုန်ဈေးနှုန်းများမှာ စက်တင်ဘာလအတွင်း ယခင်လကထက် (၀.၄) ရာခိုင်နှုန်းမြင့်တက်ခဲ့ ပါသည်။ သို့ရာတွင် ယခင်လအတွင်း စားသောက်ကုန်ဈေးနှုန်းမြင့်တက်ခဲ့မှုရာခိုင်နှုန်းဖြစ်သည့် (၁.၄) ရာခိုင်နှုန်းမှ လျော့နည်းလာသည်ကို တွေ့ရပါသည်။

ယခုနှစ် ပထမ (၉) လအတွင်း တရုတ်နိုင်ငံ၏ CPI မှာ ယခင်နှစ်ကထက် (၃.၃) ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်ကို တွေ့ရပါသည်။

နောက်ဆုံးရအချက်အလက်များအရ စက်ရုံ၏ ကုန်ပစ္စည်းထုတ်လုပ်မှု ကုန်ကျစရိတ်များကို တိုင်းတာသည့် တရုတ်နိုင်ငံ၏ ထုတ်လုပ်သူဈေးနှုန်းအညွှန်းကိန်းမှာ စက်တင်ဘာလအတွင်း ယခင်နှစ်ကထက် (၂.၁) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Xinhua (၁၅-၁၀-၂၀၂၀)

Category: International News