International News

စင်ကာပူငွေကြေးကြီးကြပ်မှုအာဏာပိုင်က ဘဏ်များသို့ အမေရိကန်ဒေါ်လာငွေထုတ်ချေးမှု အစီအစဉ်ကို ၂၀၂၁ ခုနှစ်၊ မတ်လအထိ ဆောင်ရွက်ပေးမည်

Last Updated:

စင်ကာပူငွေကြေးကြီးကြပ်မှုအာဏာပိုင် (Monetary Authority of Singapore - MAS) သည် အမေရိကန်ဗဟိုဘဏ် (Federal Reserve) နှင့် သဘောတူဆောင်ရွက်လျက်ရှိသည့် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံ SWAP Facility အစီအစဉ်ကို ၃၁ - - ၂၀၂၁ ရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဤအစီအစဉ်သည် ဘဏ်များမှတစ်ဆင့် စင်ကာပူနှင့် ဒေသတွင်းနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းများသို့ အမေရိကန်ဒေါ်လာကို ထပ်ဆင့်ထုတ်ချေးပေးနိုင်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် ဤအစီအစဉ်စတင်ခဲ့သော ၂၀၂၀ ခုနှစ်၊ မတ်လမှစ၍ အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံခန့်ကို ဘဏ်များသို့ ထုတ်ချေးပေးခဲ့ပြီးဖြစ် ကြောင်း သိရှိရ ပါသည်။

အမေရိကန်ဗဟိုဘဏ်၏ စင်ကာပူငွေကြေးကြီးကြပ်မှုအာဏာပိုင်အပါအဝင် ဗဟိုဘဏ် (၁၄) ခုတို့နှင့် ဆောင်ရွက်လျက်ရှိသော အမေရိကန်ဒေါ်လာ SWAP Facility အစီအစဉ်များသည် နိုင်ငံအသီးသီး၏ အမေရိကန်ဒေါ်လာလိုအပ်ချက်များကို အထူးပံ့ပိုးပေး ကြောင်း၊ ကိုဗစ် ၁၉ ကာလအတွင်း ငွေရေးကြေးရေးစျေးကွက်များ တည်ငြိမ်စွာပုံမှန်လည်ပတ်နိုင်ရေးအတွက် ဗဟိုဘဏ်များ၏ ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် များစွာအထောက်အကူပြုကြောင်း၊ ကမ္ဘာ့အမေရိကန် ဒေါ်လာငွေကြေးထုတ်ချေးမှုစျေးကွက် များ၏ လတ်တလောဖြစ်ပေါ်တိုးတက်မှုများကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကူညီပေးကြောင်း၊ ဤအစီအစဉ်ကို ကာလ ထပ်တိုးဆောင်ရွက်ခြင်းဖြင့် စင်ကာပူနိုင်ငံ၏ ငွေရေးကြေးရေးစျေးကွက်တည်ငြိမ်မှုနှင့် စျေးကွက်အပေါ်ယုံကြည်မှုတို့ကို ထိန်း သိမ်းထားနိုင်မည်ဖြစ်ကြောင်း၊ စင်ကာပူ ငွေကြေးကြီးကြပ်မှုအာဏာပိုင်သည် ဘဏ်လုပ်ငန်းစနစ်တွင် စင်ကာပူဒေါ်လာနှင့် အမေရိကန်ဒေါ်လာတို့၏ ငွေဖြစ်လွယ်မှုအဆင့်အတန်းကို အမြင့်ဆုံးအခြေအနေတွင် ဆက်လက်ထိန်းသိမ်းနိုင်ရန် ဆောင်ရွက် လျက်ရှိသကဲ့သို့ ကိုဗစ် ၁၉ ကာလအတွင်း ဘဏ်များ၏ ချေးငွေထုတ်ချေးမှုများအပေါ် ဤအစီအစဉ်က ပံ့ပိုးပေးနိုင်မည်ဖြစ်ပါ ကြောင်း ဖော်ပြထားပါသည်။

နိုင်ငံတကာငွေရေးကြေးရေးဗဟိုဌာနတစ်ခုဖြစ်သော စင်ကာပူအနေဖြင့် အာရှဒေသတွင်း နယ်စပ်ဖြတ်ကျော် အမေရိကန်ဒေါ်လာ ငွေကြေးထုတ်ချေးမှုအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက် ရှိကြောင်းနှင့် စင်ကာပူငွေကြေးကြီးကြပ်မှုအာဏာပိုင် သည် ၂၀၂၀ ခုနှစ်၊ မတ်လတွင် စတင်ဆောင်ရွက်ခဲ့သော အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံ SWAP Facility အစီအစဉ်မှတစ်ဆင့် စင်ကာပူဒေါ်လာ နှင့်လဲလှယ်၍ရရှိမည့် အမေရိကန်ဒေါ်လာများကို လေလံစနစ်ဖြင့် စင်ကာပူရှိဘဏ်များသို့ ထုတ်ချေးပေးလျက် ရှိကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူ)

သတင်းရင်းမြစ်     The Business Times, Monetary Authority of Singapore

Category: International News