International News

စားအုံးဆီ ထောက်ပံ့မှုကို အတည်ပြုခြင်း

Last Updated:

၂၀၂၁/ ၂၀၂၂ ရာသီအတွက် နိုင်ငံတော်မှ ကမကထပြုသော ဆီအုန်းဈေးနှုန်းအာမခံအစီအစဉ်အတွက် ဘတ်ငွေ (၇.၆၆) ဘီလီယံကို အစိုးရအဖွဲ့မှ (၂၂-၂-၂၀၂၂) ရက်နေ့တွင် အတည်ပြုပေးခဲ့ကြောင်း သိရှိရပါသည်။

အစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek က အဆိုပါအစီအစဉ်ဖြင့် လယ်သမားများအတွက် ဝင်ငွေပိုမိုရရှိစေရေးဆက်လက်၍ လုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။
လတ်ဆပ်သော ဆီအုန်းစေ့များအတွက် အာမခံဈေးနှုန်းကို တစ်ကီလိုဂရမ်လျှင် (၄) ဘတ်နှုန်းဖြင့် သတ်မှတ်ခဲ့ကြောင်း၊ တစ်အိမ်ထောင်လျှင် မြေဧက (၂၅) ရိုင် (Rai) အထိသတ်မှတ်ခဲ့ကြောင်း၊
အဆိုပါအစီအစဉ်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအထိဖြစ်ပြီး စိုက်ပျိုးသူတောင်သူ
(၃၈၀,၀၀၀) အတွက် အကျိုးရှိစေလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါအစီအစဉ်အတွက် အကျုံးဝင်စေရန် စိုက်ပျိုးသူများအနေဖြင့် စိုက်ပျိုးရေးတိုးချဲ့မှုဌာနတွင် မှတ်ပုံတင်ရန်ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် လယ်ယာစိုက်ပျိုးရေး သမဝါယမဘဏ်တွင် စာရင်းဖွင့်လှစ်ရန်ဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်အရ လယ်သမားများအား သတ်မှတ်စံနှုန်းဈေးအောက်သို့ ကျဆင်းသွားပါက ကွာခြားချက်ကို ပေးချေမည်ဖြစ်ကြောင်း သိရှိရပါသည်။

လတ်ဆပ်သော ဆီအုန်းစေ့ဈေးနှုန်းမှာ အာမခံချက်ထက် များစွာမြင့်မားနေကြောင်း၊ တစ်ကီလိုဂရမ်လျှင် ပျမ်းမျှအားဖြင့် ဘတ်ငွေ (၆.၉၀) ခန့်ရှိနေ သဖြင့် အဆိုပါအစီအစဉ်ကို မစဖြစ်သေးကြောင်း၊ စားသုံးမှုမြင့်မားလာမှုနှင့် ဇီဝဒီဇယ်ဆီထုတ်လုပ်ရန် လိုအပ်ချက်မြင့်မားလာခြင်းကြောင့်ဖြစ်ကြောင်း သူမ ကပြောကြားခဲ့ပါသည်။

အခြားဆက်စပ်တိုးတက်မှုအဖြစ် အစိုးရအဖွဲ့မှ ရာဘာလုပ်ငန်းရှင်များအား  (၃%) အတိုးနှုန်းဖြင့် ချေးငွေထုတ်ချေးရန် ဘတ်ငွေသန်း (၆၀၀) အား အတည် ပြုပေးခဲ့ကြောင်း  သိရှိရပါသည်။ အဆိုပါ ထောက်ပံ့ကြေးအစီအစဉ်အရ ရာဘာခြောက်လုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးသူများနှင့် ရာဘာလုပ်ငန်း သမဝါယမများထံမှ သဘာဝရာဘာများကို ဆွဲဆောင်ဝယ်ယူနိုင်ရန်ဖြစ်ကြောင်း သိရှိရပါသည်။

အစိုးရအနေဖြင့် ရာဘာလုပ်ငန်းရှင်များအား ယခုနှစ်ရာဘာရာသီတွင်  သဘာဝရာဘာ တန်ချိန် (၃၅၀,၀၀၀) ဝယ်ယူစေလိုကြောင်း၊ အစိုးရအဖွဲ့မှ ရာဘာ သစ်နှင့်  ရာဘာလုပ်ငန်းရှင်များအား လုပ်ငန်းများချဲ့ထွင်ရန်နှင့် စက်ကရိယာများဖြင့် အဆင့်မြှင့်တင်စေလိုကြောင်း၊ ဝင်ငွေအာမခံချက်အစီအစဉ်သည် ဆန်၊ ပီလောပီနံ၊ ရာဘာ၊ ဆီအုန်းနှင့် ပြောင်း စိုက်ပျိူးသူများအား ကပ်ရောဂါကြောင့် ဖြစ်ပေါ်နေသော စီးပွားရေးအခက်အခဲများကို ကျော်လွှားနိုင်စေရန် အတွက် အရေးကြီးသော ကိရိယာတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

(https://www.bangkokpost.com/business/2268435/oil-palm-subsidy-approved#:~:text=The%20cabinet%20on%20Tuesday%20approved,continued%20to%20ensure%20farmers'%20income)

Category: International News