International News

စိုက်ပျိုးရေးသွင်းအားစုများဈေးနှုန်းမြင့်တက်သော်လည်း ၂၀၂၂ ခုနှစ်အတွင်း တောင်အာဖရိက နိုင်ငံ၏အစေ့အဆံ သီးနှံထွက်ရှိမှုမြင့်တက်နိုင်ခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံ၏ ပြောင်းတင်ပို့မှုသည် ပမာဏအားဖြင့် ရေရှည်တည်ငြိမ်စွာ တင်ပို့နိုင်ခဲ့သော်လည်း ပြည်တွင်းအသုံးပြုမှုသည် ၂၀၂၁-၂၀၂၂ ခုနှစ်နှင့် ၂၀၂၂- ၂၀၂၃ ခုနှစ်ရာသီချိန်များတွင် ၂၀ ရာခိုင်နှုန်းကျော်အထိ တိုးတက်နိုင်ရန် ခန့်မှန်းထားကြောင်း၊ ထို့ကြောင့် ၂၀၂၂ ခုနှစ် အတွင်းပြောင်းသီးနှံ ရောင်းဝယ်မှုသည် ပြည်တွင်းနှင့် ပြည်ပသို့ တင်ပို့မှုပမာဏတူ ကုန်သွယ်မှုပြုနိုင်မည်ဖြစ်ကြောင်း Free State ပြည်နယ်တက္ကသိုလ်၏ စိုက်ပျိုးရေးဆိုင်ရာစီးပွားရေးပညာရှင် Strauss က ပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂအစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း၏ အစားအစာဈေးနှုန်းအညွှန်းကိန်းသည် ၂၀၁၁ ခုနှစ်ကတည်းကစတင်ကာ အမြင့်ဆုံးသို့ ရောက်ရှိနေသဖြင့် ကမ္ဘာ ကြီးသည် အစားအစာရှားပါးနိုင်သည့်အခြေအနေသို့ ပြသနေကြောင်း၊ ယခင်နှစ်အတွင်း ပြောင်းသီးနှံထုတ်လုပ်မှု ကျဆင်းခြင်းကြောင့် အပြည်အပြည်ဆိုင်ရာ ဈေးနှုန်း မြင့်တက်မှုကို ဖြစ်စေခဲ့ကြောင်း၊ သို့သော် စီးပွားရေးပညာရှင်များအကြား ယေဘုယျသုံးသပ်ချက်အရ ၂၀၂၂ ခုနှစ်တွင်း ရန်းငွေကြေးတန်ဖိုးသည် အမေရိကန်ဒေါ်လာ နှင့်ယှဉ်၍ ကျဆင်းနေနိုင်သဖြင့် ပို့ကုန်အပေါ် ရန်း ငွေကြေးပိုမိုရရှိနိုင်မည့် အခြေအနေရှိကြောင်း၊ အဆိုပါ ဖြစ်ပေါ်နိုင်သည့်အချက် ၂ ချက်ကြောင့် ၂၀၂၂ ခုနှစ်အတွင်း ပြည်တွင်းစိုက်ပျိုးသူများသည် ပြောင်းသီးနှံရောင်းချရမှုမှ အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ရာသီဉတုကောင်းမွန်နိုင်ပြီး ပြောင်းသီးနှံ တန်ချိန် ၁၅ သန်းကျော်အထိ ရိတ်သိမ်းနိုင်ရန်လည်းခန့်မှန်းထားကြောင်းသိရှိရပါသည်။

၂၀၂၂ ခုနှစ်အတွက် အစေ့အဆံနှင့် ဆီထွက်သီးနှံဈေးနှုန်းကောင်းမွန်ရန် ခန့်မှန်းထားသော်လည်း စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် စက်သုံးဆီဈေးနှုန်းမြင့်တက် ခြင်း၊ ဓါတ်မြေဩဇာဈေးနှုန်းသည် ၃၀၀% အထိမြင့်တက်ပြီး တစ်ဟက်တာလျှင် ရန်း ၂,၅၀၀ အထိအသုံးပြုနေရခြင်းနှင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် အခက် အခဲများကြောင့် အကျိုးအမြတ်သည် ခန့်မှန်းထားသလောက် ရရှိနိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ တောင်အာဖရိကနိုင်ငံသည် ဂျုံစားသုံးမှုမြင့် တက်သကဲ့သို့ ၂၀၂၂ ခုနှစ် အတွင်း ဂျုံထွက်ရှိမှုသည်လည်း ရာသီဉတုကောင်းမွန်နိုင်မှုကြောင့် အထွက်နှုန်းမြင့်တက်နိုင်ကြောင်း၊ လက်ရှိတွင် စားအုန်းဆီရရှိမှုလျော့နည်းမှုကြောင့် နေကြာဆီ ကဲ့သို့ ဆီထွက်သီးနှံအခြေခံ စားသုံးဆီများဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း၊ နေကြာဆီဈေးနှုန်းသည် ၂၀၂၁ ခုနှစ်ကုန်တွင် ပြည်တွင်းဈေးနှုန်းသည် ပြည်ပတင်ပို့သည့် ဈေးနှုန်းအဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း နေကြာဆီဈေးနှုန်းသည် ဆက်လက်မြင့်တက်နိုင်ကြောင်း၊ ထို့အပြင် ပန်းနှမ်းသီးနှံအား ၂၀၂၂ ခုနှစ်တွင် ဟက်တာ ပိုမိုစိုက်ပျိုးထားသည့်အတွက် မုယောစပါးစိုက်ပျိုးမှုလျော့နည်းခဲ့ကြောင်း၊ ကိုဗစ်ရောဂါဖြစ်ပွားမှုကာလအတွင်း ယမကာရောင်းချမှုအား ပိတ်ပင်ကန့်သတ် ထားခဲ့မှုသည် မုယောစပါးစိုက်ပျိုးမှုကို လျော့နည်းစေခဲ့သည့်အကြောင်းလည်းဖြစ်ကြောင်း သိရှိရပါသည်။ 

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)

Source:           https://www.farmersweekly.co.za/agri-news/south-africa/large-yields-high-input-prices-forecast-for-grain/

Category: International News