International News

စီးပွားရေးခန့်မှန်းချက်ထက် သာလွန်သောကြောင့် ယခုလတွင် ဒေါ်လာ ၃၅၀ ဘီလီယံ လှုံ့ဆော်မှု အစီအစဉ်ကို ဩစတြေးလျ Reserve Bank မှ အပြီးသတ်တော့မည်

Last Updated:

မျှော်လင့်ထားသည်ထက် များစွာကောင်းမွန်သော စီးပွားရေးအချက်အလက်များနှင့် ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်းတို့ ဖြစ်ပွားနေစဉ်အတွင်း Reserve Bank of Australia (RBA) သည် ၎င်း၏ သြစတြေးလျဒေါ်လာ ၃၅၀ ဘီလီယံ စာချုပ်ဝယ်ယူခြင်းအစီအစဉ်ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြီးဆုံးတော့မည်ဖြစ်ကြောင်း ABC သတင်းဌာနက ၁-၂-၂၀၂၂ ရက်နေ့တွင် ရေးသားဖော်ပြထားသည်။ 

အတိုးနှုန်းအလွန်နိမ့်ကျနေစေရန် ကြိုးပမ်းမှုအနေဖြင့် RBA သည် သြစတြေးလျ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရငွေချေးစာချုပ်များကို တစ်ပတ်လျှင် ဒေါ်လာ ၄ ဘီလီယံ ဝယ်ယူ လျက်ရှိသည်။အဆိုပါအစီအစဉ်ကို မေလတွင် ရပ်တန့်ရန် ဦးတည်နေသော်လည်း ပြီးခဲ့သည့်လက မျှော်လင့်ထားသည်ထက် ပိုမိုအားကောင်းသည့် အလုပ်အကိုင်နှင့် ငွေကြေးဖောင်းပွမှု အချက်အလက်များကြောင့် ယခုကဲ့သို့ စောစီးစွာရပ်ဆိုင်းရန် စီစဉ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ သို့သော်လည်း RBA မှ အကြီးအကဲဖြစ်သူ Philip Lowe ကငွေချေးစာချုပ်များ ဝယ်ယူခြင်းပြီးဆုံးချိန်တွင် တရားဝင်ဘဏ်တိုးနှုန်းထားသတ်မှတ်ချက်တွင် မကြာမီတိုးလာနိုင်ကြောင်း အချက်ပြခြင်း မဟုတ်သည်ကို အလေးပေးပြောကြားလိုက်သည်။

စီးပွားရေးပညာရှင်အများစုက RBA သည် ယခုလတွင် ယင်း၏ ငွေချေးစာချုပ်များ ဝယ်ယူခြင်းအစီအစဉ်ကို ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ထားခဲ့ရာ Dr. Lowe ၏ စကားများသည် RBA ၏လုပ်ဆောင်ချက်များထက် စျေးကွက်အပေါ် ပိုမိုအကျိုးသက်ရောက်ခဲ့ကြောင်း သိရှိရ သည်။ဘုတ်အဖွဲ့ကနှုန်းထားမြင့်တက်မှုကို မစဉ်းစားမီ ၁-၂-၂၀၂၂ ရက်နေ့ Australian Eastern Daylight Time (AEDT) နေ့လယ် ၂: ၃၀ ကြေညာချက်အပြီး မကြာမီ အမေရိကန်တစ်ဒေါ်လာ လျှင် ဩစတြေးလျဒေါ်လာ ၇၀.၃၄ ဆင့်သို့ ၀.၄ ဆင့်ခန့်ကျဆင်းသွားခဲ့သည်။ RBA သည် ယခုနှစ်အတွင်း အတိုးနှုန်းများ မြှင့်တင်မည်ဆိုသည့် လေ့လာသူအများစု၏ မျှော်မှန်းချက်ကို ပြောင်းလဲစေခဲ့ကြောင်း Dr. Lowe ကပြောကြားခဲ့သည်။

နိုင်ငံတကာလုပ်ငန်းကုမ္ပဏီ KPMG ၏ ဩစတြေးလျနိုင်ငံဆိုင်ရာ စီးပွားရေးပညာရှင် အကြီးအကဲ Brendan Rynne က RBAသည် ယခုနှစ်မကုန်မီ နိုဝင်ဘာလတွင် အတိုးနှုန်းကို မြှင့်တင်လိမ့်မည်ဟု မျှော်လင့်နေကြောင်းပြောကြားခဲ့ပြီး၊ တရားဝင်ငွေကြေးဖောင်းပွမှု အချက်အလက်များမြင့်တက်လာခြင်းနှင့်အတူ စားသုံးသူများ၏ နေ့စဉ်လူနေမှုစရိတ်များ မြင့်တက်လာခြင်းနှင့် သြစတြေးလျ၏ လုပ်သားဈေးကွက်တွင်ပြင်းထန်စွာ တင်းကျပ်လာခြင်းတို့ကြောင့် ယခုနှစ်တွင် လုပ်အားခကန့်သတ်ခြင်းက လုံးဝပြိုလဲသွားနိုင်ဖွယ်ရှိကြောင်း သတိပေးထားသည်။ ထိုသို့သောအခြေအနေအောက်တွင်RBAသည် အတိုးနှုန်းထားထိုးတက်ခြင်းကို ထိန်းချုပ်ကန့်သတ်ခြင်းဖြင့် ခြေလှမ်းစတင်ရန် လိုအပ်မည်ဖြစ်သည်။ ယင်းသည် ၂၀၁၀ ပြည့်နှစ်၊  နိုဝင် ဘာလနောက်ပိုင်း ပထမဆုံးတရားဝင် အတိုးနှုန်းထားမြင့်တက်လာစေမည်ဖြစ်သည်။

RateCity လေ့လာဆန်းစစ်မှုတစ်ခုအရ ပထမအိမ်ဝယ်သူ ၁.၁ သန်းကျော်သည် တရားဝင် အတိုးနှုန်းကျဆင်းခြင်းမှလွဲ၍ အတွေ့အကြုံမရှိဘဲ ယင်းအချိန်မှ စတင်ကာ ချေးငွေထုတ်ချေးမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ ခန့်မှန်းချက်များအရ အတိုးနှုန်းမှာ လက်ရှိ စံချိန်တင် အနိမ့်ဆုံး ၀.၁ % မှ မြင့်တက်နိုင်ကြောင်း၊ ၁.၂၅ % အတွင်းမှ ၃ % ကျော်အထိ မြင့် တက်နိုင်သည့်အလားအလာရှိကြောင်းသိရှိရသည်။

 ANZ Bank ၏ စီးပွားရေးပညာရှင် အကြီးအကဲ David Plank က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် အတိုးနှုန်းသည် ၀.၇၅ %ရှိပြီး၊ ၂၀၂၃ ခုနှစ်ကုန်တွင် ၂ % အထိ မြင့်တက်လာ ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုထားသည်။ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလတွင် ပျမ်းမျှ ပိုင်ရှင်-ပိုင်ဆိုင်သူအိမ်ချေးစာချုပ်အသစ်တန်ဖိုးသည် ဩစတြေးလျဒေါ်လာ ၃၆၃,၄၂၁ မှ ယခုအခါ ဩစတြေးလျ ဒေါ်လာ ၆၀၀,၀၀၀ ကျော်အထိ ရောက်ရှိလာခြင်းကြောင့် ချေးငှားသူများအတွက် တုန်လှုပ်ဖွယ် ဖြစ်နေသည်။ အကယ်၍ ANZ ၏ ခန့်မှန်းချက် မှန်ကန်ပါက ကာလအလိုက် နှုန်း ထားပြောင်းလဲမှုရှိသောအိမ်ချေးငွေတစ်ခုရှိ လတ်တလောငွေချေးသူအသစ်သည် ချေးငွေ ပြန် ဆပ်ခြင်းအတွက်တစ်လလျှင် ဒေါ်လာ ၁,၀၀၀ ဝန်းကျင်ခန့် ပိုမိုစိုက်ထုတ်ပေးနေရကြောင်း သိရှိရသည်။

 

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: International News