International News

ဆေးဝါးပစ္စည်းကိရိယာများတင်သွင်းမှုအပေါ် အခွန်ကောက်ခံမှုကို အီးယူဆိုင်းငံ့မည်

Last Updated:

ဥရောပကော်မရှင်အနေဖြင့် အီးယူနိုင်ငံများတွင် လိုအပ်နေသည့် နှာခေါင်းစည်းကဲ့သို့သော ပစ္စည်းကိရိယာများလိုအပ်ချက်ကို ကူညီဖြေရှင်းပေးနိုင်ရေးနှင့် တင်သွင်းမှုလွယ်ကူချောမွေ့စေရေး ဆောင်ရွက်ချက်အဖြစ် ဆေးဝါးပစ္စည်းကိရိယာများတင်သွင်းမှုအပေါ် ကောက်ခံသည့်အခွန်များကို ယာယီဆိုင်းငံ့သွားမည်ဟု ဥရောပကော်ရှင်ဥက္ကဌဖြစ်သူ Ursula von der Leyen က ဗီဒီယိုမက်ဆေ့ ဖြင့်ပြောကြားခဲ့ကြောင်း၊ ယခုဆောင်ရွက်ချက်သည် ဆေးဝါးနှင့်ရောဂါအကာအကွယ် ပစ္စည်းကိရိယာများ ဈေးနှုန်းမြင့်တက်မှုဖိအားကို လျော့ပါးသက်သာစေရန်နှင့် အဆိုပါပစ္စည်းကိရိယာများ ပိုမိုဝယ်ယူရရှိနိုင်စေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ အီးယူနိုင်ငံများအနေဖြင့် တတိယနိုင်ငံများမှ ဆေးဝါးနှင့်ရောဂါအကာအကွယ်ပစ္စည်းကိရိယာများ တင်သွင်းမှုအပေါ် အကောက်ခွန်များကို ယာယီဖယ်ရှားပေးရန် ဆုံးဖြတ်မည်ဆိုပါက ဥရောပကော်မရှင်အနေဖြင့် ယင်းကို မြန်မြန်ဆန်ဆန် အတည်ပြုပေးသွားမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယခုကဲ့သို့ အခွန်ကောက်ခံမှုကို ယာယီဆိုင်းငံခြင်းအစီအမံတွင် နှာခေါင်းစည်းများ၊ ရောဂါအကာအကွယ်ပစ္စည်းများ (protective gear)၊ စစ်ဆေးရေးကိရိယာများ (testing kits)၊ အသက်ရှုကိရိယာများ (ventilators)နှင့် အခြားဆေးဝါပစ္စည်းကိရိယာများလည်းပါဝင်ကြောင်း၊ ယင်းအစီအမံသည် ယာယီဆောင်ရွက်ချက်တစ်ခု ဖြစ်ကြောင်း၊ အချိန်ကာလအားဖြင့် (၆) လအထိ ဆောင်ရွက်မည် ဖြစ်ပြီး၊ ထပ်မံ၍ သက်တမ်းတိုးနိုင်ဖွယ်လည်းရှိကြောင်း ဥရောပကော်မရှင်၏ဖော်ပြချက်အရ သိရှိရ ကြောင်း Politico ၏ ၃-၄-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

Category: International News