International News

ဇူလိုင်လအတွင်း စားသောက်ကုန်ဈေးနှုန်းများကြောင့် ငွေကြေးဖောင်းပွမှုမြင့်တက်လာသည့် တရုတ်နိုင်ငံ

Last Updated:

ယခုနှစ် ဇူလိုင်လအတွင်း တရုတ်နိုင်ငံ၏ စားသုံးသူဈေးနှုန်းအညွှန်းကိန်း (CPI) မှာ (၂.၈) ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး၊  ၎င်း အညွှန်းကိန်းအနက် စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာမှုမှာ သုံးပုံတစ်ပုံခန့်ရှိခဲ့သည်ကို တွေ့ရပါသည်။ ထိုကဲ့သို့ မြင့်တက် လာမှုမှာ မေလတွင် (၂.၄) ရာခိုင်နှုန်း၊ ဇွန်လတွင် (၂.၅) ရာခိုင်နှုန်းအသီးသီးရှိခဲ့ကာ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာမှု က အဓိကဖြစ်ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်သည့် တရားဝင်စာရင်းများအရသိရပါသည်။

အသေးစိတ်ကြည့်ပါက ဇွန်လအတွင်းရောင်းလိုအားနည်းပါးမှုနှင့် အစားအသောက် ပြင်ဆင်ချက်ပြုတ်သော လုပ်ငန်းများနာလန် ထူမှု ပိုမိုများပြားလာသောကြောင့် ဝက်သားဈေးနှုန်း (၁၀.၃) ရာခိုင်နှုန်း တက်လာခဲ့သည်ကိုတွေ့ရပါသည်။ ထို့ပြင် ဇွန်လအတွင်း ရာသီဉတုအခြေအနေဆိုးရွားမှုကြောင့် ရောင်းလိုအားနည်းပါးမှုနှင့် သယ်ယူပို့ဆောင်မှုများတွင် အခက်အခဲကြုံတွေ့မှုများကြောင့် ဟင်းသီးဟင်း ရွက်ဈေးနှုန်းများ (၆.၃) ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။

ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက စားသောက်ကုန်ဈေးနှုန်းများမှာ စားသုံးသူအညွှန်းကိန်းဖောင်းပွမှု၏ အဓိကတွန်း အားများအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကာ၊  ယခင်နှစ်ကထက် (၁၃.၂) ရာခိုင်နှုန်းမြင့်တက်လာ၍  CPI တိုးတက်မှုတွင် (၂.၆၈) ရာခိုင်နှုန်းပါဝင်အားဖြည့်လျက်ရှိပါသည်။

အစားအသောက်နှင့် စွမ်းအင်တို့ကိုဖယ်ထုတ်ကြည့်ပါက အဓိက CPI မှာ ယမန်နှစ်ကထက် (၀.၅) ရာခိုင်နှုန်းသာတိုးတက်လာ လျက်၊ ဇွန်လအတွင်း (၀.၉) ရာခိုင်နှုန်းမှကျဆင်းလာခဲ့ကြောင်း အဆင့်မြင့်စာရင်းအင်းပညာရှင် Dong Lijuan က သုံးသပ်ပြော ကြားခဲ့ပါသည်။ အဓိက CPI မှာ စံချိန်တင်ကျဆင်းနေသဖြင့် အလုံးစုံငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ထားနိုင်ကြောင်း China Minsheng Bank ၏ သုတေသီချုပ် Wen binက ပြောကြားပါသည်။

ယခုနှစ် ပထမ (၇) လအတွင်း CPI မှာ ယခင်နှစ်ကထက် (၃.၇) ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါသည်။

တရုတ်နိုင်ငံ၏ စက်ရုံဂိတ်၌ ကုန်စည်များအတွက် ကုန်ကျစရိတ်ကိုတိုင်းတာသော ထုတ်လုပ်သူဈေးနှုန်းအညွှန်းကိန်းမှာ ဇူလိုင်လ အတွင်း (၂.၄) ရာခိုင်နှုန်းကျဆင်းခဲ့သည်ကို တွေ့ရပါသည်။  ၎င်းထုတ် လုပ်သူဈေးနှုန်းအညွှန်းကိန်းမှာ မေလအတွင်း (၃.၇) ရာခိုင် နှုန်း၊ ဇွန်လအတွင်း (၃) ရာခိုင်နှုန်း အသီးသီးလျော့နည်းခဲ့သည်ကို တွေ့ရပါသည်။

လအလိုက်အခြေခံအားဖြင့် ကုန်ထုတ်လုပ်သူများ ဆက်လက်ကုန်ထုတ်လုပ်နေပြီး ဈေးကွက်ဝယ်လိုအား တဖြည်းဖြည်းပြန်လည် ကောင်းမွန်လာသောကြောင့် အလုံးစုံထုတ်လုပ်သူဈေးနှုန်းများမှာ (၀.၄) ရာခိုင်နှုန်းရရှိခဲ့ကြောင်း၊  အပြည်ပြည်ဆိုင်ရာ ကုန်စည် များ၏ ဈေးနှုန်းများ မြင့်တက်လာခြင်းကလည်း အရေးပါကြောင်း Dong ကဆိုပါသည်။

ကမ္ဘာလုံးဆိုင်ရာရေနံစိမ်းဈေးနှုန်းများ ပြန်လည်ကောင်းမွန်လာသောကြောင့် ဇွန်လမှစ၍ ပြီးခဲ့သည့်လတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်သောကဏ္ဍများမှ ဈေးနှုန်းများ (၁၂) ရာခိုင်နှုန်းမြင့်တက်လာကာ၊ ရေနံ၊ ကျောက်မီးသွေးနှင့် အခြားလောင်စာ များပြုပြင်ထုတ်လုပ်မှုများမှလည်း (၃.၄) ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။

ပြီးခဲ့သည့်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း  ပျမ်းမျှအားဖြင့် စက်ရုံဂိတ်ဈေးနှုန်းများ မှာ  (၂) ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများ လျင်မြန်စွာပြန်လည်နာလန်ထူလာမှု၊ ရောင်းလိုအားကိုအာမခံပေးရန် အစိုးရ၏ စီမံဆောင် ရွက်ပေးမှုများ အကောင်အထည်ဖော်ဆောင်မှုနှင့် ဈေးနှုန်းများတည်ငြိမ်စေရန် ဆောင်ရွက်မှုများကြောင့် ဈေးကွက်ရောင်းလိုအား နှင့် ဝယ်လိုအားတို့ကို မျှခြေ၌ရှိစေရန် ဆက်လက်ထိန်းထားမည်ဟု မျှော်လင့်ကြောင်း၊ အတက်အကျအချို့ရှိသော်လည်း ယေဘု ယျအားဖြင့် စားသုံးသူဈေးနှုန်းများမှ တည်ငြိမ်နေမည်ဖြစ်ကြောင်း၊ ဤကဲ့သို့ ယေဘုယျအားဖြင့် တည်ငြိမ်သော ငွေကြေးဖောင်း ပွမှုက  မကြာမီလများအတွင်း ဈေးကွက်နှင့် အလုပ်အကိုင်တည်ငြိမ်စေရေး ငွေကြေးမူဝါဒစီမံရန် အစိုးရအား လုပ်သာကိုင်သာရှိ စေခြင်းဖြစ်ကြောင်း Wenက ပြောကြားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Xinhua (၁၀-၈-၂၀၂၀)

Category: International News