အိန္ဒိယနိုင်ငံအစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဝန်ကြီးဌာနများနှင့် လက်အောက်ခံဌာနများ၊ နိုင်ငံပိုင်ကော်ပိုရေးရှင်းများ၊ နိုင်ငံပိုင်ဘဏ်များနှင့် အခြားသော အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်း များသို့ ပုံနှိပ်ထုတ်ဝေမှုနှင့်စပ်လျဉ်း၍ လိုက်နာရမည့် စီးပွားရေးရာလမ်းညွှန်ချက် တစ်ရပ်ကို ၂.၉.၂၀၂၀ နေ့တွင် ရုံးတွင်းအမှာစာ တစ်စောင်ထုတ်ပြန်ပေးပို့ခဲ့ပါသည်။
အဆိုပါ အမှာစာတွင် မျက်မှောက်ကာလ၌ သတင်းအချက်အလက်နှင့် ဒီဂျစ်တယ်နည်း ပညာရပ် များမှာ တိုးတက်ဖြစ်ထွန်းလျက်ရှိသည်နှင့်အညီ စီမံချက်များချမှတ်ခြင်း၊ လုပ်ငန်းအစီအစဉ်များ ရေးဆွဲခြင်း၊ ရှေ့လုပ်ငန်းရပ်များတွက်ဆခြင်းတို့၌ ၎င်းနည်းပညာများကို ထိရောက်စွာ အသုံးချ နိုင်ရန် ရည်ရွယ်လျက် အိန္ဒိယအစိုးရသည် လာမည့်နှစ်မှစတင်၍ အစိုးရဌာနဆိုင်ရာများ၏ နံရံ ချိတ်ပြက္ခဒိန်များ၊ စားပွဲတင်ပြက္ခဒိန်များ၊ ဒိုင်ယာရီမှတ်စုစာအုပ်များ၊ ပွဲတော်ရာသီအလိုက် နှုတ် ခွန်းဆက်ကတ်ပြားများနှင့် အလားတူပုံနှိပ်ပစ္စည်းများကို ရိုက်နှိပ်ထုတ်ဝေခြင်းမပြုရန် တားမြစ် လိုက်ကြောင်း၊ ယခုတားမြစ်ချက်တွင် Coffee Table Books များလည်း ပါဝင်ကြောင်း၊ ၎င်း အစား E-books များကို အသုံးပြုရန်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ဒီဂျစ်တယ်/ အွန်လိုင်းစနစ်ကို အသုံးပြုရန် တွန်းအားပေးကြောင်း ဖော်ပြထားပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)
Source: Office Memorandum No. 7(2)/E.Coord/2020 of Department of Expenditure of Ministry of Finance of India, dated 2nd September 2020