ဈေးကွက်ဈေးနှုန်း

တစ်ပတ်အတွင်း ကောက်စောစပါးထွက်ရှိမှုအ‌ြေခအနေနှင့် ဈေးနှုန်းများ

Last Updated:

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကောက်စောစပါးများရိတ်သိမ်းပြီးစီးပြီး အချို့မြို့နယ်များတွင် ချွေလှေ့ပြီးစီးဖြစ်ပါသည်။ ဈေးနှုန်းများမှာ မြို့နယ်အလိုက် ကွာခြားမှုရှိနေ ပါသည်။ ပုသိမ်ခရိုင်အတွင်းရှိ ကန်ကြီး ထောင့်မြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ် များတွင် ဒေသအခေါ် ကွင်းဈေးအစို ၅၅ပေါင် (၅၀၀၀၀ဝိ/-) ရှိပြီး၊ ဆန်စက်အရောက် ဈေးနှုန်း (၅၂၀၀၀ဝိ/) ဖြစ်သည်။ မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်များတွင် အခြောက်ခံပြီး စပါးများကို ဆန်စက် အရောက်ဈေးနှုန်းမှာ ကျပ် (၆၂၀၀၀ဝိ-၆၄၀၀၀ဝိ/-) ဖြစ်သည်။ ညောင်တုန်းမြို့နယ်နှင့် ဓနုဖြူမြို့နယ် များတွင် ကွင်းဈေးအစို ၅၅ ပေါင်သည် (၅၀၀၀၀ဝိ/-)နှင့် ဆန်စက်အရောက်ဈေးနှုန်း ကျပ် (၅၂၀၀၀ဝိ- ၅၃၀၀၀၀ဝိ/-) ဖြင့် ရောင်းဝယ်လျက် ရှိနေပါသည်။

ဈေးကွက်အခြေအနေမှာတော့ ယခုရက်ပိုင်းကာလများတွင် ရာသီဥတုအခြေအနေအရ စပါးများ အခြောက်လှန်းရန် အခက်အခဲရှိနေခြင်း၊ အချို့မြို့နယ်များတွင် ခေတ်မှီအခြောက်ခံစက်မရှိခြင်း၊ Covid ရောဂါကာလဖြစ်၍ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိနေခြင်းတို့ကြောင့် တိုင်းဒေသ အတွင်း အရောင်းအဝယ် အနည်းငယ်ရှိနေပြီး ရောင်းလိုအားများကာ ဝယ်လိုအားနည်းနေသဖြင့် စပါး ဈေးနှုန်းမှာကျဆင်းနိုင်ကြောင်း တောင်သူများမှ ခန့်မှန်းလျက်ရှိကြပါသည်။   

ဧရာကုန်သွယ်မှုဗဟိုဌာန