International News

တရုတ်နိုင်ငံ ၊ ရှန်ဟိုင်းစုပေါင်းစတော့ရှယ်ယာဈေးကွက် အညွှန်းကိန်း

Last Updated:

ရင်းနှီးမြှုပ်နှံသူများသည် တရုတ်နိုင်ငံတွင်း ကိုရိုနာကူးစက်ရောဂါဖြစ်ပွားမှုထက် အခြားနိုင်ငံများတွင် ဖြစ်ပွားမှုအသစ်များကို စောင့်ကြည့်လာနေသည့် အခြေအနေ နှင့်အတူ ရှန်ဟိုင်းစုပေါင်းအညွှန်းကိန်းမှာ ဖေဖော်ဝါရီလ (၂၇) ရက် နံနက် (၁၀:၄၅)အချိန်ခန့်တွင် (၀.၃)ရာခိုင်နှုန်းမြင့်တက်လာကာ (၂,၉၉၆) သို့ ရောက်ရှိလာသည် ကိုတွေ့ရပါသည်။  

တစ်ချိန်တည်းမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်တွင် ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် ဆုံးရှုံးနိုင်ခြေ အလွန်နည်းပါးသော်လည်း ကပ်ရောဂါဖြစ် ပွားမှုပျံ့နှံ့ခြင်းမရှိစေရန် ဆောင်ရွက်သင့်သည်များအားလုံးကို ဆောင်ရွက်သွားရန်အသင့်ရှိကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ထိုသို့ပြောကြားခြင်း မပြုမီ အစောပိုင်းကာလက ဖြစ်လာနိုင်သည့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအား ကိုင်တွယ်ဖြေရှင်းရေး အတွက် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၂.၅) ဘီလီယံကို သုံးစွဲရန် အမေရိကန်အစိုးရက ညီလာခံမှ အတည်ပြုချက်များ ရယူခဲ့ပါသည်။

ရှန်ဟိုင်းစုပေါင်းဈေးကွက်ရှိ ကဏ္ဍများအနက် အကြီးစားစက်မှုလုပ်ငန်း၊ ရှန်ဟိုင်း လေဆိပ်၊ အာမခံလုပ်ငန်းများပါဝင်သည့် အခြေခံကုန်ပစ္စည်းများ၊ အသုံးအဆောင် များနှင့် ဘဏ္ဍာရေးဆိုင်ရာများတွင် အတက်ပြလာပြီး၊ နည်းပညာကုန်ပစ္စည်းများ၊ ဆက်သွယ်ရေးနှင့် စွမ်းအင်တို့တွင် ကျဆင်းခဲ့သည်ကို တွေ့ရပါသည်။ ထိုအတော အတွင်း ဟောင်ကောင်ရှိ Hang Sengအညွှန်းကိန်းမှာ ဟောင်ကောင်စံတော်ချိန် နံနက် (၁၀:၄၅) အချိန်ခန့်တွင် (၁)ရာခိုင်နှုန်းကျဆင်းကာ (၂၆,၄၁၇)သို့ ရောက်ရှိ သွားသည်ကို တွေ့ရပါသည်။  ခြုံငုံ၍ သုံးသပ်ရလျှင် တရုတ်နိုင်ငံ၏ စတော့ရှယ်ယာဈေးနှုန်းများမှာ အတက်ဘက်သို့ ပြန်လည်ရောက်ရှိလာသည်ကို တွေ့ရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ tradingeconomics.com

Category: International News