International News

တရုတ်နိုင်ငံမြောက်ပိုင်းဒေသများတွင် မုန်တိုင်းများကြောင့် ရေလွှမ်းမိုးဖွယ်ရှိ

Last Updated:

လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း တရုတ်နိုင်ငံ၏မြောက်ပိုင်းရှိ ဒေသအတော်များများ၌ မိုးသည်းထန်စွာရွာသွန်းမှုများ မကြာခဏကြုံတွေ့ရကာ၊ ထိန်းချုပ်နေမှုများပြုလုပ်နေသော်လည်း ရေလွှမ်းမိုးမှုများနှင့် ကြုံတွေ့ရနိုင်ကြောင်း ရေဘေးအန္တရာယ် ထိ ချုပ်ရေး အာဏာပိုင်များ၏ ပြောကြားချက်များအရ သိရပါသည်။

ယခုရက်သတ္တပတ်အတွင်း တောင်ပိုင်းဒေသများ၌ မိုးရွာသွန်းမှုများ လျော့နည်းလာသော်လည်း မြောက်ပိုင်းဒေသရှိ နယ်မြေ အများအပြားတွင် မိုးကြိုးမုန်တိုင်းများ စတင်ဖြစ်ပွားလျက်ရှိပါသည်။ ၎င်းဒေသများတွင် သြဂုတ်လ (၁၁) ရက်နေ့နှင့် (၁၂) ရက် နေ့များ၌ မိုးရေချိန် (၁၀၀) မီလီမီတာမှ (၂၀၀) မီလီမီတာထိ ရွာသွန်းနိုင်သဖြင့် ရေလွှမ်းမိုးမှုများပါဖြစ်ပေါ်နိုင်ကြောင်း၊ ၎င်းဒေသ များအနက် ဂန်းဆုနှင့် ရှန်းရှီးပြည်နယ်များနှင့် ဘေကျင်းတို့တွင် ယေဘုယျအားဖြင့် မိုးရေချိန် (၂၀) မီလီမီတာမှ (၅၀) မီလီမီတာ ကြား၊ ရာသီဉတု အလွန်အမင်းဆိုးရွားချိန်များတွင် မိုးရေချိန် (၇၀) မီလီမီတာ ကျော်လွန်နိုင်ကြောင်း  အမျိုးသားမိုးလေဝသ စင်တာက အပြာရောင်အဆင့် အနိမ့်ဆုံး သတိပေးချက်ကို သြဂုတ်လ (၁၀) ရက်နေ့က ထုတ်ပြန်ကြေငြာထားပါသည်။

ထိုသို့သော မိုးရွာသွန်းမှုများကြောင့် Songhua နှင့် Liaohe မြစ်များ၊ Haihe မြစ်တောင်ပိုင်းဒေသများနှင့် မြစ်ဝါမြစ် အလယ်ပိုင်း ဒေသများတွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်လာနိုင်ကြောင်း ရေသယံဇာတ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရပါသည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွင်းက Rumbia တိုင်ဖွန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများနှင့် မြစ်အထက်ပိုင်းရှိဆည် များမှ ရေပိုများကိုဖောက်ချခဲ့ရာ တရုတ်နိုင်ငံ၏ ဟင်းသီးဟင်းရွက်များ အဓိကစိုက်ပျိုးထုတ်လုပ်သည့် Shouguang မြို့ရှိ ဖန်လုံ အိမ်ပေါင်း (၁၀၆,၇၀၀) ဖြင့်စိုက်ပျိုးခဲ့သော ဟင်းသီးဟင်းရွက်များ ပျက်စီးခဲ့ရကာ ဟင်းသီးဟင်းရွက်ဈေးနှုန်းများ များစွာမြင့်တက် သွားမှုများဖြင့် ကြုံတွေ့ခဲ့ရပါသည်။ ၎င်းဖြစ်ရပ်အပေါ်သင်ခန်းစာယူ၍ ယခုနှစ်တွင် အဓိကဆည်များ၏ ရေပိုရေလျှံများ ဖောက် ထုတ်ခြင်းနှင့် ရေမြောင်းများဖြင့် ရေပေးဝေမှုများကို ထိန်းကျောင်းကြပ်မတ်ခြင်းတို့အား ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင် ရွက်ရာတွင် အဓိကဆည်များတွင် အရည်အသွေးမြင့်ကင်မရာအလုံး (၂၀၀) အား တပ်ဆင်၍ကြပ်မတ်လျက်ရှိပြီး ရေပေးဝေနေ သည့်နေရာ (၁၁,၀၀၀) အပြင် နောက်ထပ် (၂၁၁) နေရာကိုပါ ထည့်ပေါင်းလျက် ထိန်းကျောင်းကြပ်မတ်နေကြောင်း သိရပါသည်။

တရုတ်နိုင်ငံ၏ မိုးလေဝသသတိပေးချက်များတွင် ပြင်းထန်မှုအလိုက် အရောင် (၄) မျိုးဖြင့် ခွဲခြားထားပါသည်။  အနီရောင်မှာ  အဆိုးရွားဆုံးဖြစ်၍  လိမ္မော်ရောင်မှာ ဒုတိယအဆင့်ပြင်းထန်မှုအရှိဆုံး၊ အဝါရောင်မှာ တတိယအဆင့်ပြင်းထန်မှုအရှိဆုံးနှင့် အပြာ ရောင်မှာ ပြင်းထန်မှုအနည်းဆုံးသတိပေးချက်ဖြစ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Daily (၁၁-၈-၂၀၂၀)နှင့် Xinhua (၁၀-၈-၂၀၂၀)

Category: International News