ဒေါ်လာဘီလီယံပေါင်းများစွာရာချီ၍ အခွန်ပေးဆောင်ရမှုများ၊ ဖော်ပြ၍မရသောငွေပမာဏများ ကုန်ကျဆုံးရှုံးလျက်ရှိသည့် လယ်သမားများနှင့် စားသုံးသူများပါဝင် လျက်ရှိသည့် (၂) နှစ်ကြာဖြစ်ပွားလျက်ရှိသည့် တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ၏ အဆုံးသတ်မှာမည်သို့ဖြစ်မည်ကို မသိရှိကြောင်း အမေရိကန်ထိပ်တန်း ကုန် သွယ်ရေးစေ့စပ်ညှိနှိုင်းသူကပြောကြားခဲ့ကြောင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ နယ်နိမိတ်သတ်မှတ်မှုနှင့်ပတ်သက်၍ အငြင်းပွားမှုများနှင့် ပေကျင်းမှ ပြဋ္ဌာန်းလိုက်သည့် ဟောင်ကောင်ဒေသ အမျိုးသားလုံခြုံရေးဥပဒေအစရှိသည်တို့ကိုပါ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ တရုတ်နှင့်ရှယ်ယာများ ခွဲဝေဆောင်ရွက်နေသည့် ကနေဒါ၊ ဂျပန်နှင့် ဥရောပနိုင်ငံများနှင့်လည်း မိတ်ပျက်စေကြောင်း၊ သံမဏိထုတ်လုပ်သည့် တရုတ်ကုမ္ပဏီများနှင့် သံမဏိနှင့် အလူမီနီယံ ထုတ်လုပ်တင်ပို့သူများအပေါ် အခွန်ကောက်ခံ သတ်မှတ်မှုကြောင့် အော်တာဝါ၊ တိုကျိုနှင့် ဘရပ်ဆဲလ်တို့မှလည်း ဝါရှင်တန်၏ ဆုံးဖြတ်ချက်အပေါ် အမျက်ထွက်လျက်ရှိကြောင်း၊ အမေရိကန်သည် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ပြုပြင်ဖွဲ့စည်းမှုအတွက် ဂျပန်၊ ဂျာမဏီနိုင်ငံတို့နှင့်ပူးပေါင်း၍ ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိကြောင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်၏ ကုန်သွယ်ရေး မူဝါဒမှာ မဟာဗျူဟာမရှိဘဲဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဥရောပနိုင်ငံများမှအချို့မှာလည်း တရုတ်နှင့် ဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲကို ဖြေရှင်းရန် ဝိုင်းဝန်း အဖြေရှာခြင်းမပြုလုပ်ဘဲ အဆိုပါအကျပ်အတည်းကို အသုံးချ၍ ၎င်းတို့၏အကျိုးအမြတ်ရရှိရန် ဆောင်ရွက်လိုသူများရှိနေကြောင်း၊ ဒေါ်နယ်လ်ထရန့် အုပ်ချုပ်မှု လက်အောက်တွင် အမေရိကန်သည် Trans Pacific Partnership ပူးပေါင်း ဆောင်ရွက်မှုမှလည်း နှုတ်ထွက်ခဲ့ကြောင်း၊ အမေရိကန်အနေဖြင့် ကုန်သွယ်မှုလိုငွေလျော့ နည်းအောင် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားမှုကြောင့် အမေရိကန်ရှိ လယ်သမားများမှာ ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၁၉ ခုနှစ်၌ ပို့ကုန် အမေရိကန် ဒေါ်လာ (၆.၇) ဘီလီယံ ကျဆင်းခဲ့ကြောင်း၊ အမေရိကန်၏ စီးပွားရေးမှာ အခွန်ကောက်ခံမှုကြောင့် ဆိုးရွားလျက်ရှိကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Mark Magnier က “ US negotiator Robert Lighthizer says I don’t know what the end goal is in trade war with China” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)