International News

တရုတ်ပြည်မကြီး၏ ပို့ကုန်တင်ပို့မှုများ ဇူလိုင်လအတွင်း ရုတ်တရက်မြင့်တက်လာခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်းတွင် အသွားအလာကန့်သတ်မှုများကြောင့် တရုတ်ပြည်မကြီးမှ လျှပ်စစ် ပစ္စည်းများဖြစ်သည့် အလိုအလျောက် ကွန်ပျူတာထဲသို့ အချက်အလက်များထည့်သွင်းရန် လိုအပ်သောဆက်စပ်ပစ္စည်းများ၊ မိုဘိုင်းဖုန်းများ၊ အိမ်သုံးပစ္စည်းများ၊ ဗွီဒီယိုဆိုင်ရာ စက်ကိရိယာများနှင့်အဆင့်မြင့်နည်းပညာသုံးပစ္စည်းများ၊ ပလတ်စတစ်နှင့်အထည်အလိပ်ပစ္စည်းများ၊ ဆေးဘက် ဆိုင်ရာပစ္စည်းများနှင့် အခြားအသုံး အဆောင်ပစ္စည်းများအတွက် ပြည်ပမှဝယ်လိုအားများ မြင့်တက်လာရာ ဇူလိုင်လအတွင်း တရုတ် ပြည်မကြီး၏ ပို့ကုန်များတင်ပို့မှု (၇.၂) ရာခိုင်နှုန်းရှိပြီး ဇွန်လကခန့်မှန်းထားမှုထက် ပို့ကုန်တင်ပို့မှု ရုတ်တရက်မြင့်တက်လာကြောင်း၊ သွင်းကုန်တင်သွင်းမှုမှာ နှစ်ဦးပိုင်းတွင် (၁.၄) ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း၊ တရုတ်ပြည်မကြီး၏ ကုန်သွယ်မှုမှာ ဇွန်လတွင် အမေရိကန် ဒေါ်လာ ၄၆.၂ ဘီလီယံရှိရာမှ ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၆၂.၃၃ ဘီလီယံရှိခဲ့ကြောင်း၊ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် နေအိမ်မှအလုပ်လုပ်ရန်လိုအပ်သည့် ပစ္စည်းများ တင်ပို့မှုကြောင့် ပို့ကုန်တင်ပို့မှု ရုတ်တရက်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပေကျင်းမှ အမေရိကန်ကုန်ပစ္စည်းများဝယ်ယူမှုနှင့် ပတ်သက်၍ ဖိအား များပေးနေသော်လည်း တရုတ်ပြည်မကြီးမှ အမေရိကန်နိုင်ငံသို့တင်ပို့မှုမှာ ဇူလိုင်လတွင်(၁၂.၅)ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ တရုတ်ပြည်မကြီးသို့ အမေရိကန်နိုင်ငံမှတင်သွင်းမှုမှာ (၃.၆) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ဇူလိုင်လအတွင်းစိုက်ပျိုး‌ရေးထွက်ကုန် ပစ္စည်းများ အမှာစာ မှာယူမှုမှာ ရုတ်တရက်မြင့်တက်ခဲ့ကြောင်း၊ ပထမနှစ်ဝက်အတွင်း တရုတ်ပြည်မကြီး၏ စွမ်းအင်ဝယ်ယူမှုမှာ (၅) ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ တရုတ်ပြည်မကြီး၏ အသားတင်သွင်းမှုမှာ ၂၀၂၀ ပြည့်နှစ်၊ ပထမ (၇) လအတွင်း အမေရိကန်ဒေါ်လာအားဖြင့် (၉၄.၈) ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း၊ အစေ့အဆန် များ တင်သွင်းမှုမှာ (၁၆.၂) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှ ဇွန်လအတွင်း တရုတ်ပြည်မကြီး၏ ကုန်သွယ်မှုမှာ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် ဗိုင်းရပ်စ်အကာအကွယ်အသုံးအဆောင်ပစ္စည်းများ ရောင်းချရမှုမှမြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လအတွင်း ဆက်လက်မြင့်တက်ခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၈ ရက်နေ့ ထုတ် South China Morning Post သတင်းစာ၌ Finbarr Bermingham နှင့် Orange Wang က “ Mainland Exports in Surprise July Surge” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News