International News

တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲနှင့်COVID-19 ကြောင့် ဝယ်လိုအားများထိခိုက်ပြီးဟောင်ကောင်၏ပို့ကုန်မှာမေလတွင်(၇.၄) ရာခိုင်နှုန်းကျဆင်းခဲ့ခြင်း

Last Updated:

ဟောင်ကောင်ဒေသ၏ ပို့ကုန် ၃၁၇.၆ ဘီလီယံနှင့်သွင်းကုန် ဟောင်ကောင်‌ဒေါ်လာ ၃၃၁.၃ ဘီလီယံ (ရာခိုင်နှုန်းအားဖြင့် ၁၂.၃ ရာခိုင်နှုန်း) ကျဆင်းခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ မေလတွင် ကုန်သွယ်မှုလိုငွေ ဟောင်ကောင်ဒေါ်လာ (၁၃.၇) ဘီလီယံရှိခဲ့ကြောင်း၊  တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲနှင့် COVID-19 ကြောင့် ဝယ်လိုအားများထိခိုက်ပြီး ဟောင်ကောင်၏ပို့ကုန်မှာ မေလတွင် (၇.၄) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ COVID-19 ကြောင့် အာရှဒေသတစ်ခုလုံးတွင် ကုန်သွယ်မှုကျဆင်းလျက်ရှိကြောင်း၊ ၂၀၂၀ ခုနှစ် အတွင်း (၁၀) ရာခိုင်နှုန်း ကျဆင်းနိုင်သည်ဟု ဟောင်ကောင်ကုန်သွယ်ဖွံ့ဖြိုးတိုးတက်‌ရေးကောင်စီမှ ခန့်မှန်းခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာက ခန့်မှန်းခဲ့ခြင်းထက် (၂) ရာခိုင်နှုန်း ပိုမိုလျော့ကျလာခြင်းဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကျဆင်းမှု၏ အဓိက‌ ခြောက်လှန့်မှုမှာ COVID-19 ဖြစ်ပွားခြင်းကြောင့်ဖြစ်ပြီး  ဟောင်ကောင်၏ ပို့ကုန်မှာ ဆက်လက်ကျဆင်းနေမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမ (၅) လအတွင်း ၂၀၁၉ ခုနှစ်နှင့်ကာလတူနှိုင်းယှဉ်လျှင်ပို့ကုန် (၈) ရာခိုင်နှုန်းနှင့် သွင်းကုန်(၉.၈) ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း၊ တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲကြောင့် အင်အားကြီးနှစ်နိုင်ငံ၏ ဆက်ဆံရေး တင်းမာခြင်းနှင့် COVID-19 ကြောင့် ဟောင်ကောင်၏ ပို့ကုန်ကျဆင်းမှုမှာလာမည့် (၂)လ (၃)လအတွင်းဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း၊ အမျိုးသား လုံခြုံရေး ဥပဒေကြောင့် ဟောင်ကောင်၏ တစ်နိုင်ငံ၊ စနစ်နှစ်မျိုး အုပ်ချုပ်ခွင့်အပေါ် သက်ရောက်မှုရှိလျှင် ဟောင်ကောင်အား ‌ပေးထားသည့် ကုန်သွယ်ရေးအထူး သက်သာခွင့်များကို ရုတ်သိမ်းသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်ကပြောကြား ခဲ့ကြောင်း၊ အမေရိကန်အစိုးရ ဝန်ထမ်းများအား ဗီဇာကန့်သတ်ချက်များပြုလုပ်သွားမည်ဟု ပေကျင်းမှလည်း ကြေညာခဲ့ကြောင်း၊ အဆိုပါ တရုတ်-အမေရိကန်နိုင်ငံတို့အကြား တင်းမာမှုများကြောင့် ဟောင်ကောင်၏ အဓိကပို့ကုန်လျှပ်စစ်ပစ္စည်းများ လျော့ကျ နိုင်ကြောင်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်း ဟောင်ကောင်၏ အဓိကပို့ကုန်များဖြစ်သည့် ဆက်သွယ်ရေးပစ္စည်းများနှင့် အသံသွင်းပစ္စည်းများ အစရှိသည်တို့မှာ (၂၀.၅)ရာခိုင်နှုန်း၊ ကျောက်မျက် လက်ဝတ်ရတနာ၊ ရွှေနှင့်ငွေ တင်ပို့မှုမှာ (၃၉.၉) ရာခိုင်နှုန်းနှင့် နာရီတင်ပို့မှု (၄၅.၂) ရာခိုင်နှုန်း အသီး သီးကျဆင်းခဲ့ကြောင်း၊ ဟောင်ကောင်မှ ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့မှု (၄၅.၅) ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံသို့  (၃၇.၉) ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံသို့ (၂၉) ရာခိုင်နှုန်း၊ တောင်ကိုရီးယားနိုင်ငံသို့ (၁၈.၄) ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ဟောင်ကောင်၏ ပို့ကုန်မှာ (၁၂) ရာခိုင်နှုန်း ကျဆင်းနိုင်သည်ဟု နောက်ဆုံးခန့်မှန်းခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Denise Tsang က “Hong Kong Exports continue to slump, falling 7.4 percent in May, as pandemic and China-US ties hammer demand” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News