International News

တရုတ်-အာဆီယံဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုနက်ရှိင်းစေရန် ဒေတာဖလှယ်ရေးစင်တာအား နန်နင်းမြို့တွင် တည်ထောင်ထားပြီဖြစ်

Last Updated:

တရုတ်-အာဆီယံသတင်းအချက်အလက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် နှစ်ဖက်အကြား ဒေတာဖလှယ်မှုတို့အားမြှင့်တင်ရန် သြဂုတ်လ (၁၁) ရက်နေ့၌ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် The Beibu Gulf Data Exchange Center ကို တည်ထောင်လိုက်ပြီ ဖြစ်ပါ သည်။

ဤစင်တာမှာ အပြည်ပြည်ဆိုင်ရာဒေတာရင်းမြစ်ဝန်ဆောင်မှုပြုလုပ်ပေးမည့် အဖွဲ့အစည်းဖြစ်ကာ ဒေတာဝန်ဆောင်မှု  platform လည်း ဖြစ် ကြောင်း China-ASEAN Information Harbor Co,မှ ဉက္ကဌ Lu Dongliangက မှတ်ချက်ပြုပြောကြားပါသည်။  ထို့ပြင် တရုတ်နှင့် အာဆီယံ ဒေသမှ ဒေတာအမျိုးမျိုးကို စုဆောင်းခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်း၊ အသုံးပြုခြင်းနှင့်  ကုန်သွယ်ခြင်းပြုရေးအတွက် အချက်အချာ နေရာလည်း ဖြစ်ပါသည်။

Beibu Gulf Data Exchange Center က Platform ပေါ်တွင် ကုမ္ပဏီများအတွက် ဒေတာစုဆောင်းခြင်း၊ သိုလှောင်ခြင်း၊ တွက်ချက်ခြင်း၊ သန့်စင်ခြင်း၊ ခွဲခြမ်း စိတ်ဖြာခြင်း၊ တိုင်ပင်ခြင်း၊ ပြသခြင်းနှင့် အသုံးချခြင်းများအပါအဝင် တစ်နေရာတည်း၌ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။

၎င်းစင်တာက အကျုံးဝင်သောသတင်းအချက်အလက်ဆန်းစစ်အတည်ပြုခြင်း၊ ဈေးကွက်ရှာဖွေခြင်း၊ တိကျသည့်ဝန်ဆောင်မှုများ၊ ဘဏ္ဍာရေး ဝန်ဆောင်မှုများနှင့် စမတ်နည်းပညာသုံးထုတ်လုပ်မှုများကဲ့သို့ အသေးစိတ်ယှဉ်တွဲပြသော ဝန်ဆောင်မှုများကို ပေးရသောကော်မရှင်ကြေးများ၊ လုပ်ပိုင်ခွင့်ပေးခြင်းအတွက် အခကြေးငွေများ၊ ရင်းမြစ် အသုံးပြုခြင်းအတွက် အခကြေးငွေများ၊ စိတ်ကြိုက်ရေးဆွဲထားသည့် ထုတ်ကုန်ဖွံ့ဖြိုးရေး အတွက် အခကြေးငွေများနှင့် ဒေတာအသုံးပြုခြင်းအတွက် ဝန်ဆောင်ခများ ပါဝင်သည့် အမြတ်စံပုံစံများနှင့်တကွ ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

ဒေတာထုတ်ကုန်များ အပေးအယူပြုလုပ်သည့်ပမာဏနှင့် အမျိုးအစားတို့အားဖြင့် တရုတ်-အာဆီယံဒေသတွင် ဉီးဆောင်နေသော ဒေတာ ဝန်ဆောင်မှုအဖွဲ့အစည်းအဖြစ် တည်ဆောက်သွားရန်အတွက် အစိုးရဒေတာအပေးအယူပြုလုပ်သည့် စံပုံစံများနှင့် နယ်စပ်ဖြတ်ကျော်ဒေတာ ဖြန့်ဝေသည့် ယန္တရားများကို စူးစမ်းရှာဖွေရန်  ထင်ရှားသည့် ပြည်တွင်းပြည်ပမိတ်ဖက်များနှင့် လုပ်ငန်းအတူတကွဆောင်ရွက်သွားမည် ဖြစ်ပါ သည်။

ဤစင်တာသည် ဒေတာ၊ နည်းပညာ၊ ပါရမီနှင့် ဂေဟဗေဒတို့အားဖြင့် ဉီးဆောင်အခန်းကဏ္ဍမှ ပါဝင်သွားရန်နှင့်  စီးပွားရေးနှင့် လူမှုရေးနယ်ပယ် များနှင့် ဒေတာအသွားအလာများကို နက်ရှိုင်းပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရန် မျှော်လင့်ကြောင်း Guangxi Big Data Development Bureau မှ ညွှန်ကြားရေးမှူး Xi Yangကမှတ်ချက်ပြုပြောကြားထားပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ en.gxzf.gov.cn (12-၈-၂၀၂၀)

Category: International News