International News

တောင်ကိုရီးယားက ဂျပန်၏ပို့ကုန်ထိန်းချုပ်ကန့်သတ်မှုကိစ္စအား WTO သို့ ထပ်မံတင်ပြရန် ဆုံးဖြတ်ခဲ့

Last Updated:

၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်းက တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့နေသည့် ဆီးမီးကွန်ဒတ်တာများအပါအဝင် နည်း ပညာမြင့်ပို့ကုန်ပစ္စည်း သုံးမျိုးအအပေါ် ဂျပန်နိုင်ငံက ထိန်းချုပ်ကန့်သတ်မှုများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကိစ္စ နှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား တိုးတက်သည့်ဆွေးနွေးမှုရလဒ် မရရှိသေးခြင်းကြောင့် တောင်ကိုရီးယားက ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (WTO) dispute settlement body သို့ ထပ်မံအရေးဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၂ ရက်နေ့က ပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံက ၎င်း၏ နည်းပညာဆိုင်ရာ အဆင့်မြင့်ပို့ကုန်ပစ္စည်းသုံးမျိုးကို တောင်ကိုရီးယားသို့တင်ပို့ခွင့် ပိတ်ပင် လိုက်ခြင်းသည် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးနှင့် နည်းပညာပံ့ပိုးမှုကွင်းဆက်၏ ပင်မဒေါက်တိုင်သဖွယ်ဖြစ် သည့် ဆီမီးကွန်ဒတ်တာများနှင့် ကွန်ပျူတာမျက်နှာပြင်များ ထုတ်လုပ်မှုကို များစွာအဟန့်အတားဖြစ်စေခဲ့ကြောင်း တောင်ကိုရီးယားက ဆိုပါသည်။ အဆိုပါကိစ္စကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) dispute settlement body သို့ တောင်ကိုရီးယားက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် အရေးဆိုတင်ပြခဲ့သော်လည်း နိုဝင်ဘာလတွင် အခြားသော ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရမည့်အရေးကြောင့် ရပ်ဆိုင်းခဲ့ရပါသည်။

ဂျပန်အစိုးရအနေဖြင့် ကုန်သွယ်ရေးအငြင်းပွားမှုနှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းပေးခြင်းမရှိသကဲ့သို့ ရပ်ဆိုင်းနေ သည့်ကိစ္စရပ်များကိုလည်း ဆက်လက်တိုးတက်အောင်ဆောင်ရွက်မည့် အလားအလာမရှိကြောင်း တောင်ကိုရီးယား ၏ ကုန်သွယ်ရေးဝန်ကြီးက ဇွန်လ ၂ ရက်နေ့က ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၂ ရက်နေ့တွင် တောင်ကိုရီးယားကုန်သွယ်ရေးဝန်ကြီးက ဂျပန်၏ ပို့ကုန်ထိန်း ချုပ်ကန့်သတ်မှု ဆောင်ရွက်ချက်ကြောင့် တောင်ကိုရီးယား၏ ပို့ကုန်စီမံခန့်ခွဲမှုစနစ်နှင့်ပတ်သက်၍ ခြေလှမ်းသစ်ကို စတင်မည်ဖြစ်သည်ဟု ထောက်ပြကာ ပို့ကုန်ထိန်းချုပ်မှုကို မေလအကုန်တွင် ဖြေလျော့ပေးရန် တိုက်တွန်းခဲ့ပါသည်။

ဂျပန်နိုင်ငံက အဆိုပါပြဿနာသည် တောင်ကိုရီးယား၏ စီးပွားရေးကို ထိခိုက်နိုင်လောက်သည့် ထိန်းချုပ်မှုမျိုး မဟုတ်ဘဲ ဒုတိယကမ္ဘာစစ်အတွင်းက ဖြစ်ပွားခဲ့သည့် နှစ်နိုင်ငံအကြား အငြင်းပွားမှုကို အခြေတည်၍ ဂျပန်နိုင်ငံအား တုန့်ပြန်ခြင်းဖြစ်ကြောင်း ဆိုပါသည်။

အလားတူ ဇွန်လ ၃ ရက်နေ့တွင် ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးသည်  တယ်လီဖုန်းဖြင့် ဆက် သွယ်ဆွေးနွေးခဲ့ကြပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကုမ္ပဏီများက အဓမ္မအလုပ်ခိုင်းစေခြင်းခံခဲ့ရသည့်သူများ အတွက် နစ်နာကြေးပေးရမည်ဆိုသည့် တောင်ကိုရီးယားတရားရုံး၏ စီရင်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါ သည်။

ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေသည့် အနေအထားကို ဖြေရှင်းနိုင်ရန် အနီးကပ် သံတမန် လမ်းကြောင်းမှ နီးနီးကပ်ကပ် ပြောဆိုဆက်သွယ်ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန်ကိုလည်း နှစ်နိုင်ငံအကြား သဘောတူခဲ့ ကြပါသည်။

(မြန်မာစီးပွားရေးသံမှူး တိုကျိုမြို့)
ရင်းမြစ်။ The Japan Times, The Japan News, The Yomiuri Shimbun, The NHK World.

 

 

Category: International News