International News

တောင်အာဖရိကနိုင်ငံလိမ္မော်သီးလုပ်ငန်းအတွက် EU နှင့် သဘောတူညီချက်မရရှိသေးသည့် အတွက် ဆက်လက်တင်ပို့နိုင်ရေးပူပန်နေရခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံ၏ လိမ္မော်သီးရာသီရောက်ရှိရန် ၂ လသာလိုသည့်အချိန်အထိ လိမ္မော်သီးအမဲစက်ပါရှိမှုနှင့် codling moth အင်းစက်ပိုးကိုက်ခြင်းကိစ္စနှင့်ပတ်သက်၍ စည်းမျဉ်း အသစ်ချမှတ်ထားမှုအပေါ် EU နှင့်ရှင်းလင်းသည့်သဘောတူညီချက်ရရှိခြင်းမရှိသေးသည့်အတွက် လိမ္မော်သီးလုပ်ငန်းအနေဖြင့် အတွက်ပူပန်နေရသည့်အခြေအနေတွင်ရှိနေကြောင်းသိရှိရပါသည်။

အီးယူနှင့် သဘောတူညီချက်ရရှိပါက အဆိုပါစည်းမျဉ်များသည် လာမည့်မေလတွင်စတင် သက်ဝင်မည်ဖြစ်သည်။ တောင်အာဖရိကနိုင်ငံနေဖြင့် အီးယူဘက်မှ တစ်ဖက်သတ်ဆုံးဖြတ် ချက်ချခြင်းမျိုးမရှိနိုင်စေရန်ကြိုးစားနေကြောင်း၊ အီးယူအနေဖြင့် စည်းမျဉ်းအသစ်ချမှတ်ရန်စတင် ရခြင်းသည် တောင်အာဖရိကနိုင်ငံ၏ အီးယူသို့သင်္ဘောတင် တင်ပို့သောလိမ္မော်သီများတွင် အမဲစက်များတွေ့ရှိခြင်းမှဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

တောင်အာဖရိကနိုင်ငံအတွက် ယခင်နှစ်တင်ပို့မှုအတွေ့အကြုံအရ မမျှော်မှန်းနိုင်သည့် အခြေအနေများနှင့်တွေ့ကြုံ၍ တင်ပို့မှုတွင်အခက်အခဲများကြုံခဲ့ရကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် လိမ္မော်သီးအမဲစက်ပါမှုနှင့်ပတ်သက်၍ လုပ်ငန်းစဉ်များဖြေလျော့ပေးနိုင်ရေးညှိနှိုင်းခြင်းဖြင့်ဆောင် ရွက်ရန်လိုအပ်ကြောင်း၊ တောင်အာဖရိကနိုင်ငံသည်သင်္ဘောတင်ပို့မှု ခက်ခဲသည့် ရာသီအကုန်တွင်လိမ္မော်သီးတင်ပို့မှုအပေါ် ရပ်တန့်ခြင်းခံခဲ့ရသော်လည်း ၄ လကြာအထိအဆိုပါကိစ္စအားဖြေရှင်းနိုင် ခြင်းမရှိသေးကြောင်း၊ ထိုသို့ကြန့်ကြာမှုများသည် ဇွန်လတွင်ဖြစ်ပွားခဲ့သည့်ဒေသတွင်းဆန္ဒပြမှုများနှင့် Transnet ပို့ဆောင်ရေးကွန်ယက်တိုက်ခိုက်ခံရခြင်းတို့ကြောင့်လည်းဖြစ်ကြောင်းသိရှိရပါသည်။

တောင်အာဖရိကနိုင်ငံအနေဖြင့် အီးယူ၏စည်းမျဉ်းအသစ်သတ်မှတ်ရေးသည် ယခင်နှစ် အတွင်း အခြားနိုင်ငံများမှတင်ပို့မှုများတွင်အဆိုပါပြဿနာများကြုံတွေ့ရသော်လည်း တောင်အာ ဖရိကနိုင်ငံအားခွဲခြားဆက်ဆံနိုင်ရေးကြိုးစားခြင်းဖြစ်သည်ကိုခံစားရကြောင်း၊ သို့သော် အီးယူအနေဖြင့်ပြဌာန်းချက်အသစ်အတွက် အများတူညီဆန္ဒအား ဇန်နဝါရီလမကုန်ခင်ရရှိနိုင်မည်ဟုမျှော် မှန်းကြောင်း၊ အီးယူ၏စည်းမျဉ်းအသစ် (သို့မဟုတ်) သဘောတူညီချက်အသစ်များချမှတ်မှုများအား အကောင်အထည်မဖော်ခင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စိစစ်ဆုံးဖြတ်မှုကိုခံယူရမည်ဖြစ်ကြောင်း၊ အီးယူအနေဖြင့် တစ်ဖက်သတ်ဆုံးဖြတ်ချက်ချခြင်းကိုဆောင်ရွက်ပါက အဆိုပါစဉ်းမျည်းအသစ်ချ မှတ်ရေးကိစ္စအားညှိနှိုင်းမှုများတိုးမြှင့်ပြုလုပ်ရနိုင်ကြောင်း၊ တောင်အာဖရိကနိုင်ငံအတွက် အီးယူသို့ လိမ္မော်သီးများအဆင်ပြေထိရောက်စွာ တင်ပို့နိုင်ရေးသည်များစွာ အရေးကြီးကြောင်း၊ တောင်အာဖရိကနိုင်ငံအနေဖြင့် ဉရောပသို့လိမ္မော်သီးများတင်ပို့နေသည်မှာ နှစ်ပေါင်း ၁၂၀ နီးပါးဖြစ်လာပြီဖြစ်ကြောင်း၊ ယခင်နှစ်ရာသီချိန်တွင် လိမ္မော်သီးစက္ကူပုံးပေါင်း သန်း ၇၀ ကျော်အထိတင်ပို့နိုင်ခဲ့ ကြောင်း၊ ထို့ကြောင့် တောင်အာဖရိကနိုင်ငံအနေဖြင့် ဉရောပဒေသဈေးကွက်ကိုပြည့်မီစွာမရရှိပါက လက်ရှိ လိမ္မော်သီးတိုးတက်ထုတ်လုပ်နိုင်မှုကိုရေရှည် ဆက်လက်ထိမ်းသိမ်းနိုင်မည်မဟုတ်ကြောင်း သိရှိရပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)

Source:         http://www.fruitnet.com/eurofruit/article/187257/anxious-times-for-rsa-citrus

Category: International News