International News

ထိုင်းလယ်ယာထွက်ကုန်များအား တရုတ် e-commerce sites များတွင် အဆင့်မြှင့်တင် ရောင်းချရန် ရည်ရွယ်ချက်

Last Updated:

ထိုင်းနိုင်ငံ၏ ရာသီအလိုက် သီးနှံများနှင့် ဆန် တို့ကဲ့သို့သော လယ်ယာစိုက်ပျိုးရေးထွက်ကုန်များမှာ တရုတ်ပိုင် e-commerce ပလက်ဖေါင်းများတွင် ရေပန်းစားလျှက် ရှိပါသည်။ ဘဏ္ဍာရေးဝန်ကြီးသည် ထိုင်းလယ်ယာစိုက်ပျိုးရေးနှင့်သမဝါယမဘဏ် Bank of Agricultural and Agricultural Cooperative (BAAC)အား ၎င်း၏ လက်ရှိ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များအတွက် ပြုလုပ်ထားသော အွန်လိုင်းပလက်ဖေါင်းကို တရုတ် e-commerce sites များတွင် ရောင်းချနိုင်အောင် တန်ဖိုးမြှင့်တင် အဆင့်မြှင့်ရန် ညွှန်ကြားခဲ့ပါသည်။

ထိုင်းလယ်ယာထွက်ကုန်များကို Lazada (သို့မဟုတ်) Alibaba e-commerce ပလက်ဖေါင်းများတွင် အဆင့်မြှင့်တင်ရောင်းချသင့်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဉတ္တမ ကပြောကြားခဲ့ပါသည်။ ပြည်တွင်းသတင်းများအရ ဉတ္တမ၊ ဒုတိယဝန်ကြီးချုပ်ဆုန်ကစ်၊ ဝန်ကြီးချုပ်ရုံး နိုင်ငံရေးရာဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် Kobsak နှင့်အခြားစွမ်းအင်ဝန်ကြီးနှင့် အဆင့်မြင့်ပညာရေး သိပ္ပံနှင့် တီထွင်မှုရေးရာဆိုင်ရာ ဝန်ကြီးတို့ မှာ ၎င်းတို့၏ အလုပ်မှ ဗုဒ္ဗဟူးနေ့တွင် နှုတ်ထွက်ခဲ့ကြပါသည်။
အစောပိုင်းက မစ္စတာဉတ္တမ၊ စွမ်းအင်ဝန်ကြီး Sontijirawong နှင့်အဆင့်မြင့်ပညာရေး သိပ္ပံနှင့်တီထွင်မှုရေးရာဆိုင်ရာဝန်ကြီး Sivit Maesincee တို့မှ ၎င်းတို့အနေဖြင့်  ပလန်ပရာချာရတ်ပါတီမှ နှုတ်ထွက်ကြောင်းပြောကြားခဲ့ကြပါသည်။ BAAC အနေဖြင့် အနာဂတ်တွင် လယ်ယာထွက်ကုန်များရောင်းချရန် လက်ရှိအွန်လိုင်း ပလက်ဖေါင်း အား ဖွံ့ဖြိုးတိုးတက်ပြီး အရည်အသွေးရှိသော လမ်းကြောင်း(Channel)တစ်ခု ဖြစ်လာစေရေး ဆောင်ရွက်သွားရန် အမိန့်ပေးခဲ့ကြောင်း ဉတ္တမ က ပြောကြားခဲ့ပါသည်။ လိုချင်သောရလဒ်မှာ လယ်ယာထွက်ကုန်များအား Lazada နှင့် Alibaba တို့ကဲ့သို့သော အဆင့်မြှင့်တင်ထားသည့် e-commerce ပလက်ဖေါင်းတွင် အဆင့်မြှင့်တင် ရောင်းချသွားနိုင်ရန်ဖြစ်ပါသည်။

BAAC ၏ အကြီးအကဲ အမှုဆောင်ဒုက္ကဌ Somkiat Kimawaha ကဘဏ်၏ အွန်လိုင်းကုန်သွယ်မှုပလက်ဖေါင်း ဖြစ်သော Thai Agri Business နှင့် Information Technology Group တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း၊ ၎င်းကို ယမန်နှစ်က ထုတ်ကုန် (၁,၂၄၇)မျိုးနှင့် စတင်မိတ်ဆက်လွှင့်တင်ခဲ့ခြင်းဖြစ်ပါသည်။

Mr.Somkiat က အစိုးရ၏ ယခင်က ပိတ်ဆို့မှုအစီအမံများကြောင့် ထုတ်ကုန်များအနေဖြင့် ရောင်းအားတက်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ ထို့အပြင် ပြည်နယ်ဖြတ် ကျော် ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲများနှင့် စားသုံးသူများ၏ ဝယ်ယူနိုင်စွမ်းအားတို့ကလည်း နောက်ထပ် အွန်လိုင်းလယ်ယာထွက်ကုန်များ ရောင်းချမှု ထိုင်းမှိုင်းရခြင်း၏ အကြောင်းတရား တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

BAACအနေဖြင့် ပလက်ဖေါင်းပေါ်ရှိ ထုတ်ကုန်အရေအတွက်အား အမည်ပေါင်း(၁,၇၅၀) အထိတိုးမြှင့်သွားရန်ရည်ရွယ်ထားပြီး ယမန်နှစ်ကစုစုပေါင်း ရောင်းအား ဖြစ်သော ဘတ်ငွေ(၁၆၁)ဘီလီယံ ထက် (၅-၁၀%)အထိမြှင့်တင်သွားရန်ရည်မှန်း သတ်မှတ်ခဲ့ပါသည်။ ပြည်နယ်တစ်ခုစီရှိ BAAC အရာရှိများအနေဖြင့် ကုန်ပစ္စည်းများ သည် အွန်လိုင်းမှ ရောင်းချရန် အရည်အသွေးစံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိ/မရှိ စစ်တမ်းများ အမြန်ကောက်ယူတင်ပြရန် ညွှန်ကြားခဲ့ပါသည်။ ယခင်က အရောင်းရ ဆုံးသောကုန်ပစ္စည်းများမှာ ဆန်လုံးညို(Brown Rice)၊ Riceberry ၊ အေ-အမှတ်တံဆိပ် စံပယ်ဆန်(A Brand Jasmine rice)နှင့် ရာသီအလိုက် သစ်သီးဝလံများ ဖြစ်ပါသည်။

 

Source:Bangk Post     

( မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)                                                         

Category: International News