International News

ထိုင်းနိုင်ငံ ဖူးခက်ကိုလာရောက်မည့် အပြည်ပြည်ဆိုင်ရာခရီးသွားများအတွက် “Safe and Sealed” အစီအစဉ်

Last Updated:

ခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် “Safe and Sealed” အစီအစဉ်ကို ကန့်သတ်နေရာများ၌ (၁၄)ရက်ကြာ Quarantine နေထိုင်မှုဖြင့် အပြည်ပြည်ဆိုင်ရာခရီးသွားများအားသွားရောက်လည်ပတ်ခွင့်ပြုရန် ဒေသတွင်းနေထိုင်သူအများအနေဖြင့် သဘောတူသည့်ဒေသ (၆) ခုတွင် မိတ်ဆက်ဆောင်ရွက်သွားရန် ပြင်ဆင်လျှက်ရှိနေပါသည်။

အသစ်ဖွဲ့စည်းလိုက်သော စီးပွားရေးအခြေအနေစီမံခန့်ခွဲရေးဗဟိုဌာန၏ ပထမဆုံးအကြိမ်အစည်းအဝေးတွင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ ဖူးခက်ဒေသသို့ ခရီးသွားဧည့်သည်များအား အကန့်အသတ်ဖြင့် သွားရောက်လည်ပတ်ရန် မူအားဖြင့် သဘောတူညီခဲ့ပါသည်။ အုပ်စုလိုက်ခရီးသွားအဖွဲ့ဖြင့် မလာရန်လိုအပ်ကြောင်းခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနဝန်ကြီး Phiphat Ratchakitprakarn ကပြောကြားခဲ့ပါသည်။

တစ်ဉီးချင်းခရီးသွားများအနေဖြင့် အချို့သောပြည်နယ်များသို့ သွားရောက်လည်ပတ်နိုင်မှာဖြစ်ကြောင်း၊ သို့ရာတွင် ၎င်းတို့အနေဖြင့် ယခင်က ခွင့်ပြုခဲ့သော အခြားအုပ်စုများကဲ့သို့ တင်းကြပ်သော စစ်ဆေးခြင်း စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တစ်ကီ လိုမီတာအချင်းဝက်အတွင်း တူညီသောကမ်းခြေ၊ တူညီသောဟိုတယ်များသည် Sealed ပိတ်ကာရံထားသော ဇုန်တစ်ခုအဖြစ် စုစည်းနိုင်ကြောင်း၊ ယခုအစီအစဉ်များဖြင့်  ကမ္ဘာလှည့်ခရီးသွားများကို ကမ်းခြေလှုပ်ရှားမှုများခွင့်ပြုနိုင်မည်ဖြစ်ပါသည်။

နှစ်ပတ်အကြာ Quarantine နေထိုင်ပြီးနောက် နိုင်ငံခြားသားခရီးသွားများအနေဖြင့် ဖူးခက်တွင်လွတ်လပ်စွာသွားလာနိုင်ပြီဖြစ်ကြောင်း၊ သို့ရာ တွင်၎င်းတို့အနေဖြင့် ပြည်နယ်ပြင်ပသို့ သွားရောက်လိုပါကနောက်ထပ် (၇) ရက် Quarantine နေထိုင်ရန်လိုအပ်မည်ဖြစ်ပါသည်။ ဖြစ်နိုင်ချေ ရှိသော ဗိုင်းရပ်စ်ကူးစက်မှုနှင့်ပတ်သက်၍ ဒေသခံများ၏ စိုးရိမ်စိတ်များကို သက်သာအေးဆေးသွားစေရန် ဟိုတယ်ဝန်ထမ်းအားလုံးသည် စည်း တံဆိပ်သတ်မှတ်ထားသော နေရာများတွင်သာ နေထိုင်ရမည်ဖြစ်ပါ သည်။ အကယ်၍ ၎င်းတို့အနေဖြင့် အခြားနေရာများသို့ သွားရောက်လိုပါက ၎င်းတို့အနေဖြင့် swab test ရှိရမည်ဖြစ်ပြီး အလားတူ Quarantine (၁၄) ရက်လည်း ဝင်ရမည်ဖြစ်ပါသည်။

Mr.Phiphatက သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် စက်တင်ဘာလ (၅) ရက်နှင့် (၆) ရက်နေ့များတွင် ဖူးခက်သို့သွားလိမ့်မည်ဖြစ်ပြီး အက်ဒမန်ပင်လယ်ပြည်နယ်များဖြစ်သော ဖူးခက်၊ ခရာဘီ (Krabi)နှင့် ဖန်င(Phangnga)တို့ရှိ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ချိတ်ဆက်မှုများအား သွားရောက်လေ့လာမည်ဖြစ်ပါသည်။ ၎င်းမှာ (၁၄) ရက်ကြာ Quarantine ထိန်းသိမ်းမှုအောက်ရှိ ခရီးသွားများအနေဖြင့် စိစစ်မှုမရှိဘဲလွတ်လပ်စွာ ခရီးသွားလာနိုင်ခြင်းမရှိစေရန်  ရည်ရွယ်ခြင်းဖြစ်ပါသည်။

ထိုသို့သွားရောက်လေ့လာမှုတွင် ဌာန (၃) ခုဖြစ်သော ပြည်သူ့ကျန်းမာရေးဌာန၊ ပြည်ထဲရေးဌာနနှင့် ခရီးသွားလာရေးနှင့်အားကစားဌာနတို့မှ ထိပ်တန်းအရာရှိကြီးများလည်းပါဝင်ကြပြီး ၎င်းတို့အနေဖြင့် ဤခရီးစဉ်တွင် ပြည်သူလူထု၏ သဘောထားအမြင်များကို စိတ်ဝင်တစား ကြားသိ နားထောင်နိုင်ရန်ဖြစ်ပါသည်။

Mr.Phiphat က  အစိုးရဌာနများအနေဖြင့် လေကြောင်းနှင့်  ကုန်းကြောင်းမှ ခရီးသွားများအားထိန်းချုပ်ရန် ယုံကြည်မှုရှိကြသော်လည်း ပင်လယ် ရေကြောင်း သယ်ယူပို့ဆောင်ရေးမှာ ယိုပေါက်နှင့် အားနည်းချက်များရှိနေကြောင်းနှင့် အချို့ခရီးသွားများမှာ ဤနည်းလမ်းကို အသုံးပြု၍ Quarantine ကိုရှောင်ရှားလေ့ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဖူးခက်သို့ သွားရောက်ပြီးနောက် အစိုးရဌာနများအနေဖြင့် အခြားအလားအလာ ရှိသော ပြည်နယ်များသို့ သွားရောက်၍ လူထုကြားနာပွဲများအားဆက်လက်ကျင်းပလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News