International News

ထိုင်းနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှုသည် ဆယ်စုနှစ်အတွင်းအနိမ့်ဆုံးသို့ကျဆင်းနိုင်

Last Updated:

ထိုင်းဆန်တင်ပို့မှုသည် ယခုနှစ်အတွက် တန်ချိန် (၆.၅) သန်းသို့ ကျဆင်းဖွယ်ရှိပြီး ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးဖြစ်ကြောင်း၊ ယခင်က ပြည်ပဆန်တင်ပို့ရန် (၇.၅) သန်း ခန့်မှန်းခဲ့သော်လည်း အနှုတ်လက္ခဏာဆောင်သော အချက် အလက်များကြောင့် ဖြစ်ကြောင်း ထိုင်းပြည်ပဆန်တင်ပို့သူများအသင်းက ပြောကြားခဲ့ပါသည်။ ထိုင်းပြည်ပ ဆန် တင်ပို့သူများအသင်း ဂုဏ်ထူးဆောင်ဉက္ကဌ Chookiat Ophaswongse က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာဂျူရင် အပါအဝင် ဝန်ကြီးဌာနမှအရာရှိများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ၎င်းတို့အဖွဲ့အနေဖြင့် ဒုတိယနှစ်ဝက်အတွက်ပြည်ပဆန်တင်ပို့မှု အလားအလာမှာ မှေးမိန်နေကြောင်းနှင့် ယခုနှစ်အတွက် ပြည်ပဆန်တင်ပို့မှုအား တန်ချိန်(၆.၅)သန်း သို့ ကျဆင်းမည်ဟု ခန့်မှန်းကြောင်း ပြောကြားခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့ဆန်ဝယ်လိုအား ကျဆင်းသွားခြင်း၊ ဘတ်ငွေတန်ဖိုးမြင့်တက်နေခြင်းကြောင့်ထိုင်းဆန်ဈေးနှုန်းမှာ ပို၍ဈေးကြီးမြင့်နေခြင်း၊ (သို့မဟုတ်) ဆက်လက်ဖြစ်ပွားနေသော မိုးခေါင်မှုက အထွက်နှုန်းကို လျှော့ကျစေခြင်းတို့က ထိုင်းပြည်ပဆန်တင်ပို့မှုကို ဆိုးကျိုးများ ဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရပါသည်။

ထိုင်း(၅%)ဆန်ဈေးနှုန်း(5% Broken Rice price)သည် တစ်တန်လျှင် ယခုအခါ အမေရိကန်ဒေါ်လာ(၅၂၀)ဖြစ်နေပြီး ဗီယက်နမ်နှင့်အိနိ္ဒယဆန်တို့၏ ဈေးနှုန်းများမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၄၄၀-၄၅၀) နှင့် (၃၆၀) ဟူ၍ အသီးသီးရှိနေကြကြောင် းသိရှိရပါသည်။ ထိုင်းနိုင်ငံ၏ ပိုဈေးကြီးသောဆန်ဈေးနှုန်းက ဝယ်ယူ သူများသည် မိမိတို့၏ ပြိုင်ဖက်များထံမှ ဆန်များကို ရွေးချယ်စေခဲ့ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

ပထမ (၅) လအတွင်း ထိုင်းနိုင်ငံအနေဖြင့် ဆန်တန်ချိန်(၂.၅၇)သန်းတင်ပို့ခဲ့ပြီး ယမန်နှစ်အလားတူ ကာလကထက် (၃၁.၉%) ကျဆင်းခဲ့ကာ ပို့ကုန်တန်ဖိုး ဘတ်ငွေ (၅၄.၂) ဘီလီယံရှိခဲ့ပြီး အလားတူကာလကထက်(၁၃.၂%)ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ ထိုင်းနိုင်ငံမှ ထိပ်တန်းဆန်ဝယ်ယူတင်သွင်းသည့် နိုင်ငံများမှာ အမေရိကန် (၃၃၈,၇၆၉ တန်၊ နှစ်အလိုက်တွင် ၄၁.၂ % တိုးတက်)၊ တောင်အာဖရိက (၂၃၁,၄၁၂တန်၊ နှစ်အလိုက်တွင်၁၂.၆%ကျဆင်း)၊ အန်ဂိုလာ (၁၉၅,၄၃၈တန်၊ နှစ် အလိုက်တွင် ၁.၅% တိကျဆင်း)၊ တရုတ် (၁၂၀,၂၀၇တန်၊ နှစ်အလိုက်တွင် ၄၁.၆% ကျဆင်း)၊ ဂျပန်(၁၁၆,၃၃၈တန်၊ နှစ်အလိုက်တွင် ၇.၉%တိုးတက်) တို့ဖြစ်ပါသည်။

Mr.Chookiat က ယခုနှစ်ဒုတိယနှစ်ဝက်တွင် ထိုင်းနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တန်ချိန် (၃.၅)သန်းခန့် တင်ပို့ရန်ခန့်မှန်းထားပါသည်။ ပထမနှစ်ဝက်တွင် ဆန်တန်ချိန် (၃) သန်း တင်ပို့နိုင်လိမ့်မည်ဟု ခန့်မှန်းခဲ့ကြောင်း၊ အိနိ္ဒယနှင့် ဗီယက်နမ်တို့အနေဖြင့် ဆန်တန်ချိန်(၅.၅)သန်းနှင့် (၃.၄)သန်း အသီးသီးတင်ပို့လိမ့်မည်ဟု ခန့်မှန်း ခဲ့ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့်၂၀၁၉ ခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် (၇.၅) သန်းတင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် ဘတ်ငွေ (၁၃၁) ဘီလီယံ ရှိခဲ့‌ကြောင်း၊ ၎င်းတို့မှာ ယခင်နှစ် ကထက်(၃၂%) နှင့် (၂၅%) အသီးသီးကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Source:Bangkok Post                                                             

 

                                                                                

 

 

Category: International News