International News

ထိုင်းအစိုးရအနေဖြင့် အရှေ့အလယ်ပိုင်းသို့ သစ်သီးဝလံတင်ပို့မှုမြှင့်တင်ရန် ကြိုးပမ်းလျှက်ရှိခြင်း

Last Updated:

ထိုင်းအစိုးရအနေဖြင့် ယခုနှစ်တွင် အရှေ့အလယ်ပိုင်းသို့ သစ်သီးဝလံတင်ပို့မှု အရှိန်မြှင့်တင်ရန် ကြိုးပမ်းလျှက်ရှိနေကြောင်း၊ တရုတ်နိုင်ငံ၏ Zero- Covid မူဝါဒကြောင့် ထိုင်းသစ်သီးဝလံများတင်ပို့မှု အထူးသဖြင့် ဒူးရင်းသီးများတင်ပို့မှု ဆိုးရွားလာခဲ့ပြီး သည့်နောက် သစ်သီးဝလံတင်ပို့မှု အဆင်ပြေချောမွေ့စေရေးအတွက် တရုတ်နှင့် ဆွေးနွေးညိှနှိုင်းမှုများ အရှိန်မြှင့်တင်ဆောင်ရွက် လျှက်ရှိနေကြောင်း သိရှိရပါသည်။

ထိုင်းအစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek ၏အဆိုအရအစိုးရအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့်သမဝါယမ ဝန်ကြီးဌာနမှတစ်ဆင့် ယခုနှစ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စု ကဲ့သို့သော အရှေ့အလယ်ပိုင်း နိုင်ငံများသို့ ထိုင်းသစ်သီးဝလံများအား တိုးချဲ့တင်ပို့နိုင်ရန် ရည်ရွယ်ထားကြောင်း၊ အဆိုပါနိုင်ငံများအနေဖြင့် ကြက်မောက်သီး၊ မင်းဂွတ်သီး၊ လောင်ဂန်သီး၊ သရက်သီးနှင့် ဒူးရင်းသီး စသည့်ထိုင်းသစ်သီးဝလံများအတွက် ဝယ်လိုအားမြင့်မားသည့် ဈေးကွက် နိုင်ငံများဖြစ်ကြောင်း သိရှိရပါသည်။

သူမက ထိုင်းလယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန ဝန်ကြီး မစ္စတာ Chalermchai Sri-on အနေဖြင့် ယခင်အပတ်က လယ်ယာထွက်ကုန်နှင့် အစားအစာတင်ပို့မှုတိုးမြှင့်ရန် ယူအေအီးနှင့် ညိှနှိုင်းဆွေးနွေးခဲ့ကြောင်း၊ ယခုနှစ်တွင် တန်ဖိုးအားဖြင့် ဘတ်ငွေ (၁၀) ဘီလီယံခန့်တိုးမြှင့်တင်ပို့နိုင်ရန်ဖြစ်ကြောင်း ၎င်းမှာ ယမန်နှစ်ကထက် (၄.၆%) တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။

အခြားသောမူဝါဒများတွင် ဖြန့်ဖြူးရေးအပိုင်းပံ့ပိုးမှု၊ အရည်အသွေးထိန်းချုပ်တိုးတက်မှု၊ စားသုံးမှုမြှင့်တင်ရေး၊ ထုတ်လုပ်မှုအပိုင်း အတွက် ပံ့ပိုးမှုနှင့်ကူညီကယ်ဆယ်ရေးအစီအမံများဖြစ်

ကြောင်းသိရှိရပါသည်။အစိုးရအနေဖြင့်တရုတ်နိုင်ငံ၏ Zero-Covid မူဝါဒနှင့်တင်းကြပ်စွာစစ်ဆေးကြသည့် Mohan ၊ Youyi Guan၊ Dongxing နှင့် Ping Xiang စသည့် နယ်စပ် စစ်ဆေးရေးဂိတ်လေးခုမှ ထိုင်းသစ်သီးဝလံများ တင်ပို့မှုအဆင်ပြေချောမွေ့စေရန် တရုတ်အစိုးရနှင့် ဆွေးနွေးပြောကြားမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

လက်ရှိအားဖြင့်  တရုတ်အာဏာပိုင်များ အနေဖြင့် အဆိုပါ  နယ်စပ်စစ်ဆေးရေးဂိတ် လေးခုမှ ဝင်ရောက်လာသော ထိုင်းသစ်သီး ဝလံကွန်တိန်နာများအား၎င်းတို့၏ Zero-Covid မူဝါဒနှင့်အညီ တင်းကြပ်စွာ  စစ်ဆေးဆောင်ရွက်လျှက်ရှိနေကြောင်း၊ စစ်ဆေး ရေးလုပ်ငန်းစဉ်များက တင်ပို့မှုများကိုကြန့်ကြားစေကြောင်းနှင့် တစ်ခါတစ်ရံတွင်အချို့သော သစ်သီးဝလံများ ပုပ်သွားကြကြောင်း သိရှိရပါသည်။

ထိုင်းအစိုးရအနေဖြင့် ဒူးရင်းသီးတင်ပို့သူများအား GMP နှင့် ကိုဗစ်ကင်းစင်ကြောင်း အထောက်အထားလက်မှတ်များဖြင့် အထူး အခွင့်အရေးများပေးရန် တရုတ်နိုင်ငံသို့ တောင်းဆိုထားကြောင်း၊ ယခုအချိန်အထိဒူးရင်းသီးတင်ပို့သူ (၄၀၀) သာ သင်တန်းတက် ရောက်ခဲ့ပြီး GMPလက်မှတ်နှင့် ကိုဗစ်ကင်းစင်ကြောင်း အထောက်အထားလက်မှတ်များ ရရှိထားကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများအကြား သစ်သီးဝလံတင်ပို့မှု အရှိန်မြှင့်တင်ရန်နှင့် သွင်း ကုန်တင်သွင်းမှုတို့အတွက် ဘုံသဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရန်နှင့် နယ်စပ်စစ်ဆေးရေးဂိတ်တိုင်းတွင် ထိုင်းသစ်သီးဝလံ များ ပုပ်မသွားစေရန် ထိုင်းသစ်သီးဝလံများအပေါ် အကောက်ခွန်ရှင်းလင်းရေးအား အရှိန်မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး အစိမ်း ရောင်လမ်း (Green Lane) ထားရှိနိုင်ရေးတို့အတွက် ပူးတွဲအစည်းအဝေးတစ်ရပ်ကျင်းပသွား ရန်ထိုင်းနိုင်ငံမှ အဆိုပြုထားကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ဇန်နဝါရီလတွင် တရုတ်နိုင်ငံနှင့် တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှုအနေဖြင့် (၂၄.၃၄%) ကျဆင်း ခဲ့ပြီးဘတ်ငွေ (၁၆.၉၈) ဘီလီယံရှိခဲ့ကြောင်း၊ ၎င်းတွင် ထိုင်းနိုင်ငံမှ တင်ပို့မှုအနေဖြင့် (၇.၉၃) ဘီလီယံရှိခဲ့ပြီး ယမန်နှစ်ကာလတူ ကထက် (၆.၃၇%) ကျဆင်းခဲ့ကြောင်း၊ သွင်းကုန်တင်သွင်းမှုမှာလည်း (၃၅.၂၄%) ကျဆင်းခဲ့ပြီး ဘတ်ငွေ (၉.၀၅) ဘီလီယံရှိခဲ့ ကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံသို့ တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှု ကျဆင်းသွားမှုကြောင့် ဇန်နဝါရီလတွင် စုစုပေါင်း တစ်ဆင့် ဖြတ်သန်းကုန်သွယ်မှုမှာ ယခင်နှစ်ကာလတူထက် (၁၀.၄၆%) ကျဆင်းခဲ့ပြီး ဘတ်ငွေ (၅၀.၆၉) အထိ ကျဆင်းခဲ့ကြောင်း သိရှိရပါ သည်။

သို့ရာတွင် တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှုအပါအဝင် နယ်စပ်ကုန်သွယ်မှုစုစုပေါင်းမှာ ဇန်နဝါရီလတွင် နှစ်အလိုက်၌ (၉.၄၉%) တိုးတက်ခဲ့ပြီး ဘတ်ငွေ (၁၄၁.၀၇) ဘီလီယံရရှိခဲ့ကြောင်း၊ ၎င်းတွင် ပြည်ပသို့ တင်ပို့မှုအနေဖြင့် ဘတ်ငွေ (၇၇.၆၉) ဘီလီယံရှိခဲ့ပြီး (၄,၅၃%) တိုးတက်ခဲ့ကြောင်း၊ သွင်းကုန်တင်သွင်းမှုမှာလည်း ဘတ်ငွေ (၆၃.၃၇) ဘီလီယံရှိခဲ့ပြီး (၁၆.၂၅%) တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

ဇန်နဝါရီလတွင် နယ်စပ်ကုန်သွယ်ရေးတစ်ခုတည်းအနေဖြင့် (၂၅.၁၃%) တိုးတက်ခဲ့ ကြောင်းနှင့် ဘတ်ငွေ (၉၀.၃၈) ဘီလီယံရှိခဲ့ ကြောင်း၊ ၎င်းတွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ဘတ်ငွေ (၅၄.၄၆) ဘီလီယံရှိခဲ့ပြီး (၂၂.၇၆%) တိုးတက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် သွင်းကုန် တင်သွင်းမှုမှာ ဘတ်ငွေ (၃၅.၉၁) ဘီလီယံရှိခဲ့ပြီး (၂၈.၉၂%) တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

ဝန်ကြီးမစ္စတာဂျူရင်က သစ်သီးဝလံတင်ပို့မှုအခက်အခဲများကို ပူးပေါင်းကိုင်တွယ်ဖြေရှင်းရန်အတွက် ထိုင်းနိုင်ငံရှိ လယ်ယာစိုက် ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့အား ညွှန် ကြားထားကြောင်း ပြောကြားခဲ့ပါသည်။
 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

Category: International News