International News

ထုတ်လုပ်သူဈေးနှုန်း အညွှန်းကိန်း (PPI) ကျဆင်းမှုနှေးကွေးလာခြင်းသည် ဈေးကွက်တိုး တက်မှုအနည်းငယ်ရှိသည့် အလားအလာဖြစ်သည်ဟု ပြောကြားခဲ့ခြင်း

Last Updated:

တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း၌ စက်မှုလုပ်ငန်းများ ငွေဖောင်းပွမှုတွက်ချက်ရာတွင် အဓိကအညွှန်းကိန်းတစ်ခုဖြစ်သော ထုတ်လုပ်သူဈေးဆနှုန်းကိန်း (PPI) သည် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၃) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း ဖြစ်ပေါ် ခဲ့သည့် ထုတ်လုပ်သူဈေးဆနှုန်းကိန်း (PPI)သည် ၂၀၂၀ ပြည့်နှစ်၊ မေလထက်အနည်းငယ်မြင့်တက်လာခဲ့ကြောင်း၊ ထိုကဲ့သို့ PPI ကျဆင်းမှု နှေးကွေးလာခြင်းမှာ နိုင်ငံတကာနှင့် ပြည်တွင်းဝယ်လိုအား အနည်းငယ်မြင့်တက်လာခြင်းကို ပြသနေခြင်းဖြစ်ကြောင်း၊  တရုတ်နိုင်ငံ၏ ထုတ်လုပ်သူဈေးဆနှုန်းကိန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ မှစတင်၍ (၅) လ ဆက်တိုက်ကျဆင်းခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ၏ ထုတ်လုပ်သူဈေးဆနှုန်းကိန်း ကျဆင်းမှုနှေးကွေးလာခြင်းသည် နိုင်ငံတကာကုန်စည်ဈေးကွက် ပြန်လည်တိုးတက်လာခြင်းနှင့် တရုတ် နိုင်ငံ၏ ထုတ်လုပ်မှုလုပ်ငန်းများ တည်ငြိမ်စွာပြန်လည်တိုးတက်လာသည်ကို ပြသနေခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံအတွင်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် အကြပ်အတည်းများဖြစ်ပေါ်ခဲ့ပြီး ထုတ်လုပ်မှုနှင့် တင်ပို့မှုများအပေါ် ဆိုးရွားစွာထိခိုက်ခံခဲ့ရကြောင်း၊ သို့ရာတွင် PPI ကျဆင်းမှုနှေးကွေး လာခြင်းသည် နိုင်ငံတကာဈေးကွက်အတွင်း ဝယ်လိုအား အနည်းငယ်မြင့်တက်လာသည်ကို ပြသနေခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍသည် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရန် အစပြုနေပြီဖြစ်သည့်အတွက် အကျိုးရလဒ်များ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း၊ သို့ရာတွင် အမေရိကန်ပြည်ထောင်စုနှင့် အခြားအဓိကကုန်သွယ်ဖက်နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်အား ထိန်းချုပ်နိုင်ခြင်း မရှိသေးသည့်အတွက် ထုတ်လုပ်သူဈေးဆနှုန်းကိန်းသည် ဆက်လက် ကျဆင်းနေမည်ဟု ခန့်မှန်းထားကြောင်း၊ တရုတ်နိုင်ငံ၏ စားသုံးသူ ဈေးနှုန်းအညွှန်းကိန်း သည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း၌ ပြီးခဲ့သည့်နှစ်ကာလတူထက် (၂.၅) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း၌ စားသောက် ကုန်ဈေးနှုန်းများ (၀.၂) ရာခိုင်နှုန်းမြင့်တက်ခဲ့သည့်အတွက် စားသုံးသူဈေးနှုန်းအညွှန်းကိန်းတွင် (၀.၀၄) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိ ရပါသည်။
 

 

(စီးပွားရေးသံမှူး၊ပေကျင်း)

ရင်းမြစ်: https://www.globaltimes.cn/content/1193993.shtml

Category: International News