International News

နာမည်ကြီးတံဆိပ်အဝတ်အထည်များ၏ အမှာစာများ ပယ်ဖျက်မှုကြောင့် အထည်ချုပ် အလုပ်သမားများ၏ အလုပ်အကိုင်များ ဆုံးရှုံးနေခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ (COVID-19) ဖြစ်ပွားမှုကြောင့် နာမည်ကြီးအမှတ်တံဆိပ် အထည်ချုပ်လုပ်ငန်းများ၏ စက်ရုံများ၌ အထည်များထုတ်လုပ်ပြီး ဖြစ်သော်လည်း အမှာစာများပယ်ဖျက်မှုကြောင့် အာရှဒေသ၌ရှိသော စက်ရုံများမှ အထည်ချုပ်အလုပ်သမားများအတွက် လုပ်အားခများအား လူ့အခွင့်အရေး စောင့်ကြည့်မှု (Human Rights Watch-HRW) အရ ပေးချေနိုင်ခြင်း မရှိကြောင်း၊ COVID-19 ကူးစက်မှုမှ ကာကွယ်ရန် လက်လီအရောင်းဆိုင်များ ပိတ်သိမ်းထားမှု ကြောင့် အမှာစာများပယ်ဖျက်သဖြင့် မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ အထည်ချုပ်စက်ရုံအလုပ်သမားများစွာအတွက်  အလုပ်အကိုင်များ ဆုံးရှုံး နိုင်ကြောင်း၊ အလုပ်သမားများအနေဖြင့် မတ်လအတွက် လစာများရရှိထားပြီးဖြစ်သော်လည်း ဧပြီလအတွက်မှာ မသေချာသောကြောင့် ဆန္ဒပြမှုများဖြစ်နိုင် ကြောင်း၊ လုပ်ငန်းများအနေဖြင့် ရေရှည်ရပ်တည်နိုင်ရန်နှင့် ၎င်းတို့အတွက် အကာအကွယ်ပေးနိုင်ရန် လုပ်အားခများပေးရာတွင် မမျှတမှုများရှိကြောင်း၊ နာမည်ကြီး တံဆိပ်အများစုနှင့် လက်လီရောင်းချသူများမှာ အထည်စက်ရုံလုပ်ငန်းများအပေါ် လွှမ်းမိုးမှုများရှိကြောင်း၊ ဂျာမနီနိုင်ငံမှ လက်လီအရောင်းဆိုင် C&A သည်လည်း ကုန်ပစ္စည်းအမှာစာများ ပယ်ဖျက်မည့်သူများထဲတွင်ပါဝင်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံရှိ အထည်တင်ပို့ရောင်းချသည့် ကုမ္ပဏီမှ မတ်လတွင်ပြောကြားခဲ့ရာ၌ မတ်လမှ ဇွန်လအထိ ပေးရန်ကျန်ရှိသည့် အမှာစာများအားလုံးအား ပယ်ဖျက်လိုက်ရကြောင်း၊ ကမ္ဘာ့ကပ်ရောဂါကြောင့် ကုမ္ပဏီအနေဖြင့် စာချုပ်တွင် ပါဝင်သည့် ကတိကဝတ်များမှ ကင်းလွတ်ခွင့်ရှိကြောင်း၊ သို့သော် ဂျာမနီနိုင်ငံ ဥပဒေအရစာချုပ်အား ကင်းလွတ်ခွင့်ရရန်မှာ ခက်ခဲကြောင်း၊ စာချုပ်ပါ အချက်များမှာ မျှတမှု မရှိလျှင်နှင့် စီးပွားရေးအရ အလွန်ခက်ခဲမှုရှိလျှင် ပေးရန်ရှိသည်များကို ပယ်ဖျက်ပေးရန် အသုံးပြု၍ မရကြောင်း၊ ကုမ္ပဏီအနေဖြင့် ကြိုတင်ခန့်မှန်း၍ မရသော ကပ်ဘေးအန္တရာယ်ကြောင့်ဟု ခိုင်လုံသည့် အကြောင်းပြချက်ရှိရန် လိုအပ်ကြောင်း၊ ကမ္ဘာ့ကပ်ဘေးအန္တရာယ်မှာ နှစ်ပေါင်းများစွာ ကြာမြင့်စွာ ဖြစ်ပွားမှုမရှိသော ကြောင့် စာချုပ်ပယ်ဖျက်လိုသည့် နာမည်ကြီးကုန်အမှတ်တံဆိပ်ကုမ္ပဏီများအနေဖြင့် ပြင်ဆင်ထားသင့်ကြောင်း၊ အလုပ်သမားများ၏ လစာများ ပေးချေနိုင်ရန် C&A ကုမ္ပဏီသည် စက်ရုံရှိ ထုတ်လုပ်ထားပြီးသော အထည်များအားလုံးအား လက်ခံမည်ဖြစ်ကြောင်း၊ အမှာစာအားလုံးအား ပယ်ဖျက်မည့်စာမှာ ကနဦး လုပ်ဆောင်ခြင်း သာဖြစ်ပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေမည့် အဖြေရရှိအောင် ရှာဖွေသွားမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံရှိ စက်ရုံ (၁၁၀) မှ အလုပ်သမား ၉၆,၀၀၀ မှာ COVID-19 ဖြစ်ပွားမှုကြောင့် ထုတ်လုပ်မှုလုပ်ငန်းအား ရပ်ဆိုင်းပေးရန် ကမ္ဘောဒီးယားအစိုးရသို့ လျှောက်ထား ခဲ့ကြောင်း ကမ္ဘောဒီးယားအလုပ်သမားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း၊ စက်ရုံများအားလုံး ပိတ်ရန်မှာ ရွှေ့ဆိုင်းထားသင့် သည်ဟု အစိုးရမှ စက်ရုံများကို တိုက်တွန်းပြောကြားခဲ့ကြောင်း၊ ကမ္ဘောဒီးယားအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ  အလုပ်ယာယီရပ်ဆိုင်းထားသည့် အလုပ်သမားများအတွက် အမေရိကန်ဒေါ်လာ (၃၈)  ဒေါ်လာအား စက်ရုံများမှ မပေးနိုင်ကြောင်းပြောကြားခဲ့ပြီးနောက် တစ်လလျှင် အစိုးရမှ အမေရိကန်ဒေါ်လာ (၄၀) နှင့် စက်ရုံများမှ အမေရိကန်ဒေါ်လာ (၃၀) ထောက်ပံ့ သွားမည်ဟု ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က ဧပြီလ ပထမအပတ်က ကြေညာခဲ့ ကြောင်း၊ ပုံမှန်အချိန်မှာပင်လျှင် ကမ္ဘောဒီးယားမှ အနည်းဆုံးလစာ အမေရိကန် ဒေါ်လာ (၁၉၀) ဒေါ်လာရရှိသည့် အထည်ချုပ် အလုပ်သမား (၈၀၀,၀၀၀) ဦးမှာ အချိန်ပို အလုပ်ဆင်းလုပ်ကိုင် ရကြောင်း၊ မတ်လအတွင်းက ထိုင်းနိုင်ငံတွင် စက်ရုံများပိတ်သိမ်းမှုကြောင့် မြန်မာနိုင်ငံမှ သွား‌ရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမား (၂၀,၀၀၀) ခန့် မြန်မာနိုင်ငံသို့ ပြန်လာကြောင်း၊ အထည်များ ဝယ်ယူမည့် အမှာစာများ ပယ်ဖျက်မှုကြောင့် ရန်ကုန်ရှိ စက်ရုံများဖြစ် သည့် H&M ၊ Next အထည်ချုပ်လုပ်ငန်းနှင့် အခြားသော အထည်ချုပ်လုပ်ငန်းများမှ လုပ်ငန်းရှင်များက အလုပ်သမား (၆၄၈) ဦးအား အလုပ်မှရပ်နားခဲ့ကြောင်း၊ စက်ရုံအလုပ်သမားသမဂ္ဂ ဥက္ကဌဒေါ်မြင့်သက်လဲ့မှ ပြောကြားရာတွင် COVID-19 ကူးစက်ပြန့်နှံ့မှုမှ ကာကွယ်ရန် ဧပြီလ ၅ ရက်နေ့မှ စတင်၍ ရက်သတ္တပတ်ပေါင်းများစွာ ထုတ်လုပ်မှုအား ရပ်တန့်မည်ဟု ပြောကြား ပြီးနောက် အမှာစာများလည်း ပယ်ဖျက်ခဲ့ကြောင်း၊ စက်ရုံပိုင်ရှင်များအနေဖြင့် ဝယ်ယူမည့်သူများနှင့် စေ့စပ်ညှိနှိုင်းခဲ့သော်လည်း ဝယ်ယူမည့်သူများမှ ပယ်ဖျက်ခဲ့ခြင်းကြောင့် ၎င်းတို့အား အလုပ်မှ ရပ်နားခဲ့ခြင်းဖြစ်ကြောင်း၊ Next မှ ပြောရေး ဆိုခွင့်ရှိသူမှ ပြောကြားရာတွင် ဧပြီလ ၁၀ ရက်နေ့ မတိုင်ခင်ထိ ထုတ်လုပ်မှုများအား ဝယ်ယူမည်ဟု ပြောကြား ခဲ့သော် လည်း ထိုသို့ပြောကြားခြင်းမှာ စက်ရုံပိုင်ရှင်များအတွက် ထုတ်လုပ်မှုများအား အပြီးသတ်ရန်သတိပေးခြင်းမျိုးဖြစ်ကြောင်း၊ သို့သော် ထုတ်လုပ်ပြီးသော ပစ္စည်းများ နှင့် ထုတ်လုပ်ဆဲပစ္စည်းများအား သဘောတူထားသည့် ဈေးနှုန်းဖြင့်  ဝယ်ယူရန်  H&M မှလည်း ချက်ချင်းမတုံ့ပြန်ခဲ့သော်လည်း အဆိုပါဈေးနှုန်းဖြင့် ပေးဝယ်မည်ဟု HRW ကပြောကြားခဲ့ ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၃ ရက်နေ့ထုတ် South China Morning Post  သတင်းစာ ၌ Deutsche Press-Agentur က “Garment workers lose out as Brands Cancel Orders” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News