International News

နိုဝင်ဘာလ ပထမပတ်အတွင်း တရုတ်နိုင်ငံ၏ ပြည်တွင်း ဆီမုန်ညင်းစေ့ဈေးနှုန်းများ တဖြည်းဖြည်းမြင့်တက်ခဲ့

Last Updated:

နိုဝင်ဘာလ (၄) ရက်နေ့တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းဈေးကွက်ရှိ ဆီမုန်ညင်း၏ ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၆,၂၃၀) ဖြစ်ပါသည်။ ၎င်းဈေးနှုန်းမှာ အောက်တိုဘာလ (၃၁) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော တစ်တန်ပျမ်းမျှဈေးနှုန်း ယွမ်ငွေ (၆,၁၆၀) မှ (၁.၁၄) ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ပြည်တွင်းဆီမုန်ညင်းဈေးကွက်မှာ အရောင်းအဝယ်ကောင်းနေပြီး၊ ကုန်သည်များက ဈေးနှုန်းများကို တဖြည်းဖြည်းမြှင့်လာသောကြောင့် ဈေးနှုန်းတက်လာကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ SunSirs (၅-၁၁-၂၀၂၁)

Category: International News