International News

နွေဦးပွဲတော်ပြီးနောက် ဝက်ဈေးနှုန်းများ ဆက်လက်ကျဆင်းနေ

Last Updated:

တရုတ်နိုင်ငံတွင် နွေဦးပွဲတော်အားလပ်ရက်ရှည်ပြီးနောက် ပြည်တွင်းဝက်ဈေးနှုန်းများ ဆက်လက်ကျဆင်းနေပါသည်။ ဖေဖော်ဝါရီ လလယ်ရောက်ရှိချိန်၌ ဝက်အရှင်များကို ရောင်းလိုအားများနေပြီး၊ ဝယ်လိုအားနည်းနေသည့်ပြဿနာမှာ ဖြေရှင်းမရနိုင်ဘဲ ဖြစ်နေ ဆဲဖြစ်ပါသည်။ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ရှိ ဝက်ပျမ်းမျှဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် (၁၂.၆၇) ယွမ်ဖြစ်ပြီး အားလပ်ရက် မတိုင်မီကထက် (၉.၆၃) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ရေတိုကာလတွင် တရုတ်ပြည်တွင်းဝက်ဈေးနှုန်း ဆက်လက်ကျဆင်းနေနိုင် ပြီး၊ ဈေးနှုန်းတည်ငြိမ်သွားမည်ကိုလည်း မျှော်လင့်နေကြကြောင်း သတင်းရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ SunSirs (၂၁-၂-၂၀၂၂)

Category: International News