International News

နှာခေါင်းစည်းများအား ဒေသတွင်းအခမဲ့ပံ့ပိုးပေးနေခြင်းကြောင့် ပြန်လည်စဉ်းစားရမည့် လုပ်ငန်းများ

Last Updated:

ဟောင်ကောင်ဒေသအစိုးရမှ ပြန်လည်အသုံးပြုနိုင်သည့် နှာခေါင်းစည်းများနှင့်တစ်ခါသုံး နှာခေါင်းစည်းများကို ဟောင်ကောင်ဒေသရှိ အိမ်ထောင်စုများအား အခဲ့မဲ့ ဖြန့်ဝေပေးသွားမည်ဟုကြေငြာခဲ့ကြောင်း၊ အိမ်‌ထောင်စုတိုင်းအတွက် အခမဲ့ဖြန့်ဝေရာတွင် ပြန်လည်အသုံးပြု၍ရသည့် နှာခေါင်းစည်းများကို (၁) ဦးလျှင် (၁) ခုစီရရှိမည် ဖြစ်ပြီး တစ်ခါသုံးနှာခေါင်းစည်းများကို တစ်ခါသုံးနှာခေါင်းစည်း (၁၀) ခုပါမည်ဖြစ်ကြောင်း၊ ပြန်လည်အသုံးပြုနိုင်သည့် နှာခေါင်းစည်းများအား အကြိမ် (၆၀) အထိ ရေလျှော်၍ ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ COVID-19 ဖြစ်ပွား ချိန်မှစတင်၍ နှာခေါင်းစည်းကိုသာ ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်များအတွက် ဖိအား ဖြစ်နိုင်ကြောင်း၊ ဟောင်ကောင်ဒေသတွင် နှာခေါင်းစည်းဝယ်လိုအား လျော့နည်းလာမည်ဖြစ်ရာ ဟောင်ကောင်လုပ်ငန်းရှင်များသည် နှာခေါင်းစည်းများအား ပြည်ပသို့ တင်ပို့ရောင်းချရန်စဉ်းစားလာကြောင်း၊ နှာခေါင်းစည်းအခု (၅၀) ပါရှိသည့် ဘူးတစ်ဘူး၏ ဈေးနှုန်းမှာ ပုံမှန်အချိန်တွင် တစ်ဘူးလျှင် ဟောင်ကောင်ဒေါ်လာ (၅၀) ဒေါ်လာသာရှိရာမှ COVID-19 စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် တစ်ဘူးလျှင် ဟောင်ကောင်ဒေါ်လာ (၄၀၀) အထိမြင့်တက်ခဲ့ ကြောင်း၊ သို့ဖြစ်ရာ နှာခေါင်းစည်းထုတ်လုပ်သူ (၂၀) ကျော်အထိရှိခဲ့ ကြောင်း၊ ပြန်လည်အသုံးပြု၍ရသည့် နှာခေါင်းစည်းများမှာ ရေလျှော်ရန်နှင့် ရေခြောက်မည့် အချိန်ကို စောင့်ရမည် ဖြစ်ကြောင်း၊ အပြင်ထွက်ခါနီးအချိန်တွင် လျှော်ထားသည့်နှာခေါင်းစည်း မခြောက်လျှင် တစ်ခါသုံး နှာခေါင်းစည်းကို အသုံးပြုရမည်ဖြစ်ကြောင်း၊ တစ်ခါသုံး နှာခေါင်းစည်းများမှာ သက်ကြီးရွယ်အိုဂေဟာများနှင့် စားသောက်ဆိုင်များအတွက် အဆင်ပြေကြောင်း၊ ပြန်လည်အသုံးပြု၍ရသည့် နှာခေါင်းစည်းများမှာ ဆေးရုံများသို့ သွားရောက်သည့်သူများ၊ ဖျားနာနေသူများနှင့် အသက်ရှူ လမ်းကြောင်းဝေဒနာ ခံစားနေရသူများအနေဖြင့် အသုံးပြုရန် မသင့်တော်ကြောင်း၊ အစိုးရမှနှာခေါင်းစည်းများ အခမဲ့ပံ့ပိုးပေးမည်ဖြစ်သောကြောင့် နှာခေါင်းစည်း ထုတ်လုပ်သည့် လုပ်ငန်းရှင်များသည် ပြည်ပသို့ တင်ပို့ရောင်းချခြင်း၊ ကျောင်းများနှင့် လုပ်ငန်းရှင်များသို့ ရောင်းချ ခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နှာခေါင်းစည်းရ ောင်းချခြင်းဖြင့် အမြတ်ရရှိမှုနည်းသော်လည်း အလုပ်အကိုင်အခွင့်အလမ်း များဖန်တီးပေးနိုင်သောကြောင့် ကျေနပ်မိကြောင်း၊ လုပ်ငန်းရှင်များအဆင်ပြေစေရန် COVID-19 ဖြစ်ပွားမှု ပြီးဆုံးလျှင်ပင် ဒေသအစိုးရမှနှာခေါင်းစည်းများ ဝယ်ယူပေး ခြင်းဖြင့် ပံ့ပိုးပေးလိမ့်မည်ဟုမျှော်လင့်ကြောင်း၊ ဟောင်ကောင်ဒေသတွင် နှစ်စဉ်တုပ်ကွေးရာသီရှိကြောင်း၊ ဒေသအစိုးရနှင့် ဆေးရုံများအနေဖြင့် ပြည်ပမှ နှာခေါင်းစည်း များ ဝယ်ယူခြင်းထက် ဒေသထုတ်နှာခေါင်းစည်းများကို ဝယ်ယူပေးရန် မျှော်လင့်ကြောင်း၊ တီထွင်ဆန်းသစ်မှုနှင့် နည်းပညာဝန်ကြီး Mr. Alfred Sit Wing-Hang က ပြောကြားရာတွင် ပြန်လည်အသုံးပြု၍ရသည့် နှာခေါင်းစည်း CuMask+ အား ၆-၅-၂၀၂၀ ရက်နေ့မှ စတင်လျှောက်ထားခဲ့ရာ ယခုအခါ ဒေသလူဦးရေ၏ (၃) ပုံ (၁) ပုံ ဖြစ်သည့် လူဦးရေ (၂.၆) မီလီယံအထိ လျှောက်ထားခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Phila Siu က “Start-ups Rethinking Plans after Face mask Giveaway” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News