ဈေးကွက်ဈေးနှုန်း

ပခုက္ကူကုန်စည်ဒိုင်၏ ၂၈.၃.၂၀၂၂ရက်‌နေ့ သီးနှံများ၏ စျေးနှုန်းသုံးသပ်ချက်များ

Last Updated:

 ပခုက္ကူကုန်စည်ဒိုင်၏ စျေးနှုန်းသုံးသပ်ချက်များ

ပဲမျိုးစုံ

        ပဲမျိုးစုံအနေဖြင့် (၂၅.၃.၂၀၂၂)ရက်နေ့နှင့် နှိုင်းယှဉ်ပါက ပဲစဉ်းငုံ(နီ)(၁)တင်းလျှင် ယခင်နေ့(၄၄၁ဝဝ)ကျပ်စျေး၊ ယနေ့တွင်(၄၄၅ဝဝ)ကျပ်စျေး ဖြစ်သည့်အတွက် (၄ဝဝ)ကျပ်၊  ကုလားပဲ(929)(၁)တင်းလျှင် ယခင်နေ့(၄၁ဝဝဝ)ကျပ်စျေး၊ ယနေ့တွင်(၄၁၅ဝဝ)ကျပ်စျေး ဖြစ်သည့်အတွက် (၅ဝဝ)ကျပ်၊ ကုလားပဲ(HL)(၁)တင်းလျှင် ယခင်နေ့(၄၁ဝဝဝ)ကျပ်စျေး၊ ယနေ့တွင်(၄၁၅ဝဝ)ကျပ်စျေး ဖြစ်သည့်အတွက် (၅ဝဝ)ကျပ်၊ စွန်တာကျွန်း (၁)တင်းလျှင် ယခင်နေ့(၃၉၈ဝဝ)ကျပ်စျေး၊ ယနေ့တွင်(၄၁ဝဝဝ)ကျပ်စျေး ဖြစ်သည့်အတွက် (၁၂ဝဝ)ကျပ်၊ ပဲဇီးကွက်(၁)တင်းလျှင် ယခင်နေ့ (၄၀၇ဝဝ)ကျပ်စျေး၊ ယနေ့တွင်(၄၂ဝဝဝ)ကျပ်စျေး ဖြစ်သည့်အတွက် (၁၃ဝဝ)ကျပ်၊ ထောဖြူ(ကျွန်း)(၁)တင်းလျှင် ယခင်နေ့(၄၀၅ဝဝ)ကျပ်စျေး၊ ယနေ့တွင်(၄၂ဝဝဝ)ကျပ်စျေး ဖြစ်သည့်အတွက် (၁၅ဝဝ)ကျပ်၊ ထောဖြူ(ယော)(၁)တင်းလျှင် ယခင်နေ့(၄၄ဝဝဝ)ကျပ်စျေး၊ ယနေ့တွင် (၄၆ဝဝဝ)ကျပ်စျေး ဖြစ်သည့်အတွက် (၂ဝဝဝ)ကျပ်တို့ စျေးအသီးသီးတက်ခဲ့ကာ ပဲလွန်းပြာ(၁)တင်းလျှင် ယခင်နေ့(၃၂ဝဝဝ)ကျပ်စျေး၊ ယနေ့တွင် (၃၁ဝဝဝ)ကျပ်စျေး ဖြစ်သည့်အတွက် (၁ဝဝဝ)ကျပ်စျေးကျပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

ကြက်သွန်နီ

            ကြက်သွန်နီအနေဖြင့် (၂၅.၃.၂၀၂၂)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီ(၁)ပိဿာလျှင် ယခင်နေ့(၆၅ဝ)ကျပ်၊ ယနေ့တွင်(၆၇၅) ကျပ်စျေးဖြစ်တဲ့အတွက် (၂၅)ကျပ်စျေးတက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။