ဈေးကွက်ဈေးနှုန်း

ပခုက္ကူကုန်စည်ဒိုင်၏ ၃၀.၃.၂၀၂၂ရက်‌နေ့ သီးနှံများ၏ စျေးနှုန်းသုံးသပ်ချက်များ

Last Updated:

ပခုက္ကူကုန်စည်ဒိုင် စျေးနှုန်းသုံးသပ်ချက်

                                                                                                                                                                         ရက်စွဲ၃၀.၃.၂၀၂၂

                                                                                   

                 ပဲမျိုးစုံ                        

            ပဲမျိုးစုံအနေဖြင့် (၂၉.၃.၂၀၂၂)ရက်နေ့နှင့်နှိုင်းယှဉ်ပါက ပဲစဉ်းငုံ(နီ)(၁)တင်းလျှင် ယခင်နေ့ (၄၄၆ဝဝ)ကျပ်စျေး၊ ယနေ့တွင်(၄၄၇ဝဝ)ကျပ်စျေး ဖြစ်သည့်အတွက်(၁ဝဝ)ကျပ်၊ ကုလားပဲ(HL) (၁)တင်းလျှင် ယခင်နေ့တွင်(၄၁၀ဝဝ)ကျပ်စျေး၊ ယနေ့တွင်(၄၁၂ဝဝ)ကျပ်စျေး ဖြစ်သည့်အတွက် (၂ဝဝ)ကျပ်၊ စွန်တာ(ကျွန်း)(၁)တင်းလျှင် ယခင်နေ့တွင်(၄၁၃ဝဝ) ကျပ်စျေး၊ ယနေ့(၄၁၄ဝဝ)ကျပ်စျေး ဖြစ်သည့်အတွက်(၁ဝဝ)ကျပ်၊ ထောဖြူ(ကျွန်း)(၁)တင်းလျှင် ယခင်နေ့တွင်(၄၁၅ဝဝ) ကျပ်စျေး၊ ယနေ့(၄၂၀ဝဝ)ကျပ်စျေး ဖြစ်သည့်အတွက်(၅ဝဝ)ကျပ်၊ အသီးသီးစျေးတက်ပြီး ကုလားပဲ(929) (၁)တင်းလျှင် ယခင်နေ့တွင်(၄၁၅ဝဝ)ကျပ်စျေး၊ ယနေ့တွင်(၄၁၂ဝဝ)ကျပ်စျေး ဖြစ်သည့်အတွက် (၃ဝဝ)ကျပ်၊ ကုလားပဲ() (၁)တင်းလျှင် ယခင်နေ့တွင်(၄၃၀ဝဝ)ကျပ်စျေး၊ ယနေ့တွင်(၄၂၅ဝဝ)ကျပ်စျေး ဖြစ်သည့်အတွက် (၅ဝဝ)ကျပ်၊ စီပီပြောင်း(၁)တင်းလျှင် ယခင်နေ့တွင်(၁၇၄ဝဝ)ကျပ်စျေး၊ ယနေ့(၁၆၇ဝဝ)ကျပ်စျေး ဖြစ်သည့်အတွက် (၇ဝဝ)ကျပ်တို့ စျေးအသီး သီးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

 

ကြက်သွန်နီ

              ကြက်သွန်နီစျေးနှုန်းအနေဖြင့် (၂၉.၃.၂၀၂၂)ရက်နေ့နှင့်နှိုင်းယှဉ်ပါက (၁)ပိဿာလျှင် ယခင် နေ့တွင်(၆၇၅)ကျပ်စျေး၊ ယနေ့(၆၂၅)ကျပ်စျေး ဖြစ်သည့်အတွက် (၅ဝ)ကျပ်စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။