International News

ပဲပိစပ်တင်သွင်းမှုနှင့် ပြုပြင်ထုတ်လုပ်မှုစီမံကိန်းအား ကူညီလျက်ရှိသည့် တလျန်အကောက်ခွန်ဌာန

Last Updated:

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၏ နှစ်စဉ်ပဲပိစပ်ဝယ်လိုအားနှင့် ရောင်းလိုအားမှာ မြင့်တက် လာလျက်ရှိပါသည်။ ယခုနှစ် ဇူလိုင်လအတွင်း တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Dandong Lingang Groupနှင့် Jiusan Oil & Grain Industries Group တို့က “Old Northeast Farm”အမည်ရ ပဲပိစပ်ပြုပြင်ထုတ်လုပ်သောစီမံကိန်းအား ပူးတွဲ၍ ပြန်လည်စတင်ခဲ့ပါသည်။  ၎င်းစီမံကိန်းတွင် နေ့စဉ်ပဲပိစပ်တန်ချိန်(၃)ထောင်အား ပြုပြင်ထုတ်လုပ်မှုလည်းပါဝင်ပြီး၊ ဒန်တုန်း (Dandong)၊ လျိုနင်း (Liaoning)နှင့် အရှေ့မြောက်ပိုင်းရှိဒေသများရှိ  ကုန်ချောထုတ်လုပ်သော လုပ်ငန်းများနှင့် ကုန်ကြမ်းထုတ်လုပ်သော (သို့မဟုတ်) ဘေးထွက်ကုန်ပစ္စည်းထုတ်လုပ်သော လုပ်ငန်းများနှင့် ချိတ်ဆက်လုပ်ကိုင်သွားရန် မျှော်လင့်ထားပါသည်။

၎င်းစီမံကိန်းစတင်ကတည်းက တလျန်အကောက်ခွန်ဌာနက ပဲပိစပ်များ တင်သွင်းမှုတွင် ပံ့ပိုးကူညီမှုများပြုလုပ်ပေးလာခဲ့ကာ၊ လုပ်ငန်းဝယ်လိုအားရှိသည့်အတိုင်း လုပ်ငန်းအခြေအနေအား နားလည်စေရန် ကွင်းဆင်းစစ်ဆေးမှုအား ပြုလုပ်လျက်၊ ရောဂါကာကွယ်ရေး စီမံဆောင်ရွက်မှုများဖြင့် အကောက်ခွန် ရှင်းလင်းသည့်လုပ်ငန်းစဉ်များကို လမ်းညွှန်ပြသလာခဲ့ပါသည်။

ပြုပြင်ထုတ်လုပ်ပြီးသော ပဲပိစပ်များမှရရှိလာသော ပဲပိစပ်ပျော့ဖတ်အမြောက်အများကိုတိရိစ္ဆာန် အစာအဖြစ် ပြည်တွင်း၌ ရောင်းချနိုင်ရန် အကောက်ခွန်ဌာနက ကူညီပေးပါသည်။ ပဲပိစပ်တင်သွင်းမှု လွယ်ကူချောမွေ့စေရန် ကုန်စည်ရောက်ရှိလာသည့်အခါ ချက်ချင်းစစ်ဆေးပေး၍ ထုတ်ယူခွင့်ပေးသည့် အမြန်လမ်းကြောင်းကို ဖွင့်ပေးထားပါသည်။

လက်ရှိ၌ Old Northeast Farm စီမံကိန်းက နှစ်စဉ် ယွမ်ငွေ (၄)ဘီလီယံ တန်ဖိုးရှိ ပဲပိစပ်တန်ချိန် (၁)သန်းအား ပြုပြင်ထုတ်လုပ်နိုင်စွမ်းရှိသည့် စွမ်းရည်အား စမ်းသပ်ဆောင်ရွက်ထားသည်ဟု သိရပါသည်။

 

ရင်းမြစ်၊ China Customs (၂-၉-၂၀၂၀)

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News