ဈေးကွက်ဈေးနှုန်း

မကွေးကုန်စည်ဒိုင်၏ ၂၈.၃.၂၀၂၂ရက်‌နေ့ သီးနှံများ၏ စျေးနှုန်းသုံးသပ်ချက်များ

Last Updated:

မကွေးကုန်စည်ဒိုင်၏ စျေးနှုန်းသုံးသပ်ချက်များ

နှမ်း။   နှမ်းမျိုးစုံအနေဖြင့် (၂၅.၃.၂၀၂၂)ရက်နေ့နှင့် စျေးနှုန်းနှိုင်းယှဉ်ပါက နှမ်းဖြူ(၄၅)ပိဿာ(၃)တင်းဝင်(၁)အိတ်လျှင် ယခင်နေ့(၁၇၂ဝဝဝ)ကျပ် စျေးဖြစ်ပြီး ယနေ့တွင်(၁၈၅ဝဝဝ)ကျပ်စျေးဖြစ်တဲ့အတွက် (၁၃ဝဝဝ)ကျပ်၊ နှမ်းနီ(၄၅)ပိဿာ(၃)တင်းဝင်(၁)အိတ်လျှင် ယခင်နေ့(၁၅၅ဝဝဝ)ကျပ် စျေးဖြစ်ပြီး ယနေ့တွင်(၁၆၅ဝဝဝ)ကျပ်စျေးဖြစ်တဲ့အတွက် (၁ဝဝဝဝ)ကျပ်၊ နှမ်းဖြူ(ဂျပန်)(၄၅)ပိဿာ(၃)တင်းဝင်(၁)အိတ်လျှင် ယခင်နေ့ (၁၈ဝဝဝဝ)ကျပ်စျေးဖြစ်ပြီး ယနေ့တွင်(၁၉ဝဝဝဝ)ကျပ်စျေးဖြစ်တဲ့အတွက် (၁ဝဝဝဝ)ကျပ်တို့ စျေးအသီးသီးတက်ခဲ့ကာ အရောင်းအဝယ်ဖြစ်လျှက် ရှိပါသည်။

မြေပဲဆံ။   မြေပဲဆံအနေဖြင့် (၂၅.၃.၂၀၂၂)ရက်နေ့နှင့် စျေးနှုန်းနှိုင်းယှဉ်ပါက မြေပဲဆံ(‌အောက်ကျ)(၁)ပိဿာလျှင် ယခင်နေ့(၃ဝဝဝ)ကျပ်စျေးဖြစ်ပြီး ယနေ့တွင်(၂၈၅ဝ)ကျပ်စျေးဖြစ်သည့်အတွက် (၁၅ဝ)ကျပ်စျေးကျကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

ဆီ။    စားသုံးဆီအနေဖြင့် မကွေးကုန်စည်ဒိုင်စျေးအရ (၂၅.၃.၂၀၂၂)ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ(၁)ပိဿာလျှင် ယခင်နေ့(၆၅ဝဝ) ကျပ်၊ ယနေ့တွင်(၆၄ဝဝ)ကျပ်စျေးဖြစ်သည့်အတွက် (၁ဝဝ)ကျပ်စျေးကျကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

ပဲမျိုးစုံ။     ပဲမျိုးစုံအနေဖြင့် (၂၅.၃.၂၀၂၂)ရက်နေ့စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပဲစဉ်းငုံ(နီ)(၂၀)ပိဿာ(၁)တင်းလျှင် ယခင်နေ့(၄၃၇ဝဝ)ကျပ်၊ ယနေ့တွင် (၄၄၅ဝဝ)ကျပ်စျေးဖြစ်သည့်အတွက် (၈ဝဝ)ကျပ်၊ မတ်ပဲ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်နေ့(၄၅၅ဝဝ)ကျပ်၊ ယနေ့တွင်(၄၇၅ဝဝ)ကျပ်စျေးဖြစ်သည့် အတွက် (၂ဝဝဝ)ကျပ်၊ စားတော်ပဲ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်နေ့(၉၁ဝဝဝ)ကျပ်၊ ယနေ့(၉၂ဝဝဝ)ကျပ်စျေးဖြစ်သည့်အတွက် (၁ဝဝဝ)ကျပ်တို့ စျေးအသီးသီးတက်ခဲ့ကာ ကျန်ပဲစျေးနှုန်းများ ပြောင်းလဲမှုမရှိဘဲ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။