Local News

မကွေးတိုင်းဒေသကြီးအတွင်း မတ်ပဲစျေးတစ်ရိပ်ရိပ်တက်

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း မတ်ပဲစျေးတစ်ရိပ်ရိပ်တက်

 

          မတ်ပဲကို ပြည်တွင်းစားသုံးမှုအနေဖြင့်မရှိသလောက်နည်းသော်လည်းအိန္ဒိယနိုင်ငံမှဝယ်လိုအားများသည့်အပြင် အိန္ဒိယအစိုးရမှမတ်ပဲ၊ပဲစဉ်းငုံနှင့်ပဲတီစိမ်းအပါအဝင်မိုးသီးနှံတွေရဲ့အနိမ့်ဆုံးနှုန်းထားများကိုထုတ်ပြန်လိုက်တဲ့အတွက် ဇွန်လပိုင်းလဆန်းမှစ၍မတ်ပဲစျေးတက်ခဲ့ရာရှေ့ဆက်၍လည်းစျေးတက်နိုင်ဖွယ်ရှိသေးကြောင်းကုန်သည်များမှခန့်မှန်း ထားတာကိုတွေ့ရပါတယ်။

          မတ်ပဲကိုပြည်တွင်းစားသုံးမှုမရှိသော်လည်းပြည်ပတင်ပို့ရန်အတွက်အဓိကထားစိုက်ပျိုးကြပြီးစျေးအနေဖြင့် ဇွန်လပထမပတ်(၁.၆.၂၀၂၂)ရက်နေ့တွင်မတ်ပဲ(၂၀)ပိဿာ(၁)တင်းလျှင်ကျပ်(၄၆၅ဝဝ)စျေး၊ဒုတိယပတ်(၁၅.၆.၂၀၂၂) ရက်နေ့တွင်ကျပ်(၅ဝဝဝဝ)စျေးရှိပြီးယခုတစ်ပတ်(၂၂.၆.၂၀၂၂)ရက်နေ့တွင်မတ်ပဲ(၂၀)ပိဿာ(၁)တင်းလျှင်ကျပ် (၅ဝ၅ဝဝ)စျေးအထိတက်ကာအမြင့်စျေးဖြင့်အရောင်းအဝယ်ဖြစ်နေတာကိုတွေ့ရပါတယ်။

Category: Local News