မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်( ၁၁-၃-၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းဖြူ(၃၀၀၀/-)၊ နှမ်းဖြူ ရေသွင်း(၂၀၀၀/-)(၅၀၀၀/-)ကျပ် စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၈၅၀ မှ ၁၂၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၁၁-၃-၂၀၂၀ ) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်းဝါသေး (၅၀၀/-) ၊ ပဲစဉ်းငုံ (သစ်) (၇၀၀/-) ၊ မတ်ပဲ (၂၃၀၀/-) ၊ စားတော်ပဲ (၁၀၀၀/-)ကျပ် စျေးတက်ပြီးကုလားပဲ (929)(၈၀၀/-)၊ ကုလားပဲ(HL)(၇၀၀/-) ၊ကုလားပဲသေး(၇၀၀/-)၊ပဲထောပတ် (၈၀၀/-) ကျပ်စျေးကျ ကာကျန်ပဲမျိုးစုံစျေးများအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက် ရှိပါ သည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်( ၁၁-၃-၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံဖြူ(လိုင်း) (၅၀/-) ကျပ်စျေးတက်ပြီး မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး) ၊မြေပဲလုံးဆံနီ(လိုင်း) ၊မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၁၁.၃.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၃၀/-) ကျပ်စျေးကျပြီး၊ နှမ်းဆီ၊ မြေပဲဆီ၊အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။
ဆန်
မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၁၁.၃.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်၊ ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။