ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီးအတွင်းရှိကုန်စည်ဒိုင်တို့၏ (၁၃ -၂ - ၂၀၂၀)ရက်နေ့ကုန်စျေးနှုန်းနှင့်အပတ်စဉ် ကာလတူနှိုင်းယှဉ်ချက်

Last Updated:

-၂ -၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊

 

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင် ( --၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(၁၀၀၀၀/-)၊ ဂွနက်ရိုးရိုး(၃၅၀၀၀/-) ၊ နှမ်းနီ (၂၀၀၀/-) ၊ နှမ်းညိုကြား  (၁၀၀၀၀/-) ကျပ်    စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၅၀၀ မှ ၇၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာယခင် (--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်ဝါသေး(၅၀၀/-) စျေး တက်ပြီးကုလားပဲ (929) ( ၁၅၀၀/- )  ၊  ကုလားပဲ    (HL) ( ၁၀၀၀/-)   ၊ကုလားပဲသေး(၅၀၀/-) ပဲထောပတ်(၂၅၀၀/-)၊ပဲစဉ်းငုံ (သစ်) (၁၂၀၀/-) မတ်ပဲ (၁၅၀၀/-) ၊     စားတော်ပဲ(၁၀၀၀/-)ကျပ် စျေးကျကာ   ကျန်ပဲမျိုးစုံစျေးများ   အပြောင်းအလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််    ယခင် ( --၂၀၂၀ ) ရက်စျေးနှုန်း ထက် မြေပဲလုံးဆံနီ(လိုင်း) (၅၀/-) ၊ မြေပဲလုံးဆံဖြူ(လိုင်း)(၅၀/-)ကျပ် စျေးတက်ကာ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ ( ..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၁၀၀/)ကျပ် စျေးကျကာ မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။

 

 

ဆန်

          မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၆.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(အဟောင်း) ၊ပေါ်ဆန်းမွှေးဖျာပုံ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။

 

ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

              ပခုက္ကူ   ကုန်စည်ဒိုင်တွင်    ယခင် (   --၂၀၂၀    ) ရက်  စျေးနှုန်း  နှင့်       နှိုင်းယှဉ်ပါက                ပဲဆီသန့်(၃၀၀/-) ၊ နှမ်းဆီသန့်(၅၀၀/-)၊ စမုံနက်ရှယ်(၁၀၀၀/-)၊ ကုလားပဲ(929)(၈၀၀/-) ကျပ် စျေး ကျပြီး ၊  ၊ ပဲစဉ်းငုံ 2020   (၁၃၀၀/-)ကျပ်    စျေးတက်ကာ   ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေးများ အပြောင်း အလဲမရှိဘဲ နှမ်း မျိုးစုံ (၂၅၀) အိတ်၊  ပဲမျိုးစုံ(၂၃၀)အိတ် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

 

ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

             ရေစကြိုကုန်စည်ဒိုင်တွင်    ယခင် (--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါကစားအုန်းဆီ (၁၁၀/-)၊ မြေပဲလုံးဆံ(နီ) (၁၀၀/-) ၊    မတ်ပဲ(၁၀၀၀/-)၊ ကုလားပဲ(929) (၅၀၀/-) ၊  ကုလားပဲ(V2) (၅၀၀/-) ၊ ပြောင်းဖူးစေ့( CP ) (၁၀၀/-)ကျပ် စျေးကျပြီး ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေး များအပြောင်း အလဲမရှိဘဲ  အရောင်း အဝယ် ဖြစ် လျက်ရှိပါသည်။