၁၄ -၂ -၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊
မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင် ( ၇-၂-၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(၁၀၀၀၀/-)၊ ဂွနက်ရိုးရိုး(၃၅၀၀၀/-) ၊ နှမ်းနီ (၂၀၀၀/-) ၊ နှမ်းညိုကြား (၁၀၀၀၀/-) ကျပ် စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၇၀၀ မှ ၁၀၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၇-၂-၂၀၂၀ ) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်ဝါသေး (၅၀၀/-) ၊ ပဲစဉ်းငုံ (သစ်) (၂၂၀၀/-) စျေး တက်ပြီးကုလားပဲ (929) ( ၁၀၀၀/- ) ၊ ကုလားပဲ (HL) ( ၁၀၀၀/-) ၊ကုလားပဲသေး(၅၀၀/-)၊ ပဲထောပတ်(၂၅၀၀/-) ၊ မတ်ပဲ (၁၅၀၀/-) ၊ စားတော်ပဲ(၁၀၀၀/-)ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့်် ယခင် ( ၇-၂-၂၀၂၀ ) ရက်စျေးနှုန်း ထက် မြေပဲလုံးဆံနီ(လိုင်း) (၅၀/-) ၊ မြေပဲလုံးဆံဖြူ(လိုင်း)(၅၀/-)ကျပ် စျေးတက်ကာ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ ( ၇.၂.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၂၀/)ကျပ် စျေးကျကာ မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။
ဆန်
မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၇.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(အဟောင်း)(၂၀၀၀/-)ကျပ်စျေးတက်ပြီး ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။
ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ပခုက္ကူ ကုန်စည်ဒိုင်တွင် ယခင် ( ၇-၂-၂၀၂၀ ) ရက် စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲဆီသန့်(၃၀၀/-) ၊ စမုံနက်ရှယ်(၁၀၀၀/-)၊ကျပ် စျေး ကျပြီး ၊ စမုံနက်ပုံမှန်(၁၀၀၀/-) ၊ ပဲစဉ်းငုံ 2020 (၁၀၀/-)ကျပ် စျေးတက်ကာ ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေးများ အပြောင်း အလဲမရှိဘဲ နှမ်း မျိုးစုံ (၂၃၀) အိတ်၊ ပဲမျိုးစုံ(၃၁၀)အိတ် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ရေစကြိုကုန်စည်ဒိုင်တွင် ယခင် (၇-၂-၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါကစားအုန်းဆီ (၄၀/-)၊ မြေပဲလုံးဆံ(နီ) (၁၀၀/-)၊ပဲလွန်းပြာသစ်(၁၅၀၀/-) ပြောင်းဖူးစေ့( CP ) (၂၀၀/-)ကျပ် စျေး ကျပြီး ၊ မတ်ပဲ(၂၀၀၀/-)၊ ကုလားပဲ(HL) (၂၀၀/-) ကျပ်စျေးတက်ကာ ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေး များအပြောင်း အလဲမရှိဘဲ ပဲမျိုးစုံ(၂၀၀)နှင့်ပြောင်းဖူးစေ့(CP)(၅၀၀)အိတ် အရောင်း အဝယ် ဖြစ် လျက်ရှိပါသည်။