၁၉ -၂ -၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊
မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင် ( ၁၁-၂-၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဂွနက်ရိုးရိုး(၁၀၀၀၀/-) ကျပ်စျေးကျပြီး၊နှမ်းဖြူ(၂၀၀၀/-)(၅၀၀၀/-)၊နှမ်းဖြူ-ရေသွင်း(၁၀၀၀/-)၊ နှမ်းနီ (၁၀၀၀၀/-) ၊ နှမ်းညိုကြား (၃၀၀၀/-) ကျပ် စျေးတက်ကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၁၀၀၀ မှ ၁၄၅၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၁၁-၂-၂၀၂၀ ) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်ဝါသေး (၂၀၀၀/-) ၊ ကုလားပဲ (929) ( ၈၀၀/- ) ၊ ကုလားပဲ (HL) ( ၃၀၀/- ) ၊ ပဲစဉ်းငုံ (သစ်) (၂၅၀၀/-)၊ ပဲစဉ်းငုံ (အဟောင်း) (၅၀၀/-)၊ မတ်ပဲ (၅၀၀/-) ကျပ်စျေးတက်ပြီး ပဲတီစိမ်း(၁၅၀၀/-)၊ ပဲနောက်သေး (၁၅၀၀/-)၊ ကုလားပဲ သေး(၅၀၀/-)၊ ပဲကြီးဖြူ(၂၀၀၀/-)၊ ပဲကြီးမဲ(၁၅၀၀/-) ပဲထောပတ်(၃၂၀၀/-) ၊ စားတော်ပဲ (၁၀၀၀/-)ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံစျေး များ အပြောင်းအလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်( ၁၁-၂-၂၀၂၀ )ရက်စျေးနှုန်းထက်မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး) (၅၀/-)စျေးတက်ကာ မြေပဲလုံးဆံဖြူ(လိုင်း)၊ မြေပဲလုံးဆံနီ(လိုင်း) ၊မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ ( ၁၁.၂.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၁၀၀/-)ကျပ် စျေးကျကာ မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။
ဆန်
မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၁၁.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(အဟောင်း)(၂၀၀၀/-)ကျပ်စျေးတက်ပြီး ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။
ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ပခုက္ကူ ကုန်စည်ဒိုင်တွင် ယခင် ( ၁၁-၂-၂၀၂၀ ) ရက် စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက နှမ်းနက်စမုံပုံမှန်(၈၀၀၀/-)၊ပဲစဉ်းငုံ 2020 (၂၀၀၀/-)၊ကုလားပဲ(929)(၁၀၀၀/-)ကျပ် စျေးတက် ကာ ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေးများ အပြောင်း အလဲမရှိဘဲ နှမ်းမျိုးစုံ (၁၀၀)အိတ်၊ပဲမျိုးစုံ(၂၅၀)အိတ် နှင့်စီပီပြောင်း(၅၀)အိတ်အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ရေစကြိုကုန်စည်ဒိုင်တွင် ယခင် (၁၁-၂-၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက နှမ်းဆီ (၅၀၀/-) ၊စားအုန်းဆီ (၁၇၀/-)၊ ပဲလွန်ပြာ(၁၀၀၀/-) ၊ပြောင်းဖူးစေ့( CP ) (၃၀၀/-)ကျပ် စျေးကျပြီး မတ်ပဲ(၂၀၀၀/-) ၊ ကုလားပဲ(HL) (၁၀၀၀/-) ၊ ကုလားပဲ (929)(၁၀၀၀/-)ကျပ် စျေးတက်ကာ ကျန်ပဲမျိုးစုံ နှင့် နှမ်းစျေးများ အပြောင်းအလဲမရှိဘဲ အရောင်း အဝယ် ဖြစ် လျက်ရှိပါသည်။